fbpx

သီးနှံအာဟာရ ဖြေရှင်းနည်းများ

ငှက်ပျော

ဆားပေါက်ခြင်းနှင့်မြေဆီလွှာဖုံးအုပ်ခြင်း

မြေထဲတွင်ဆားဓာတ်ပါဝင်မှုမြင့်မားခြင်းသို့မဟုတ် သွင်းရေတို့ဆားဓာတ်ပါဝင်မူမြင့်မားခြင်းသည်အရွက်များ၏ အစိမ်းရောင်ဖြစ်ထွန်းမှုနည်းပါးခြင်း၊

အပင်ကြီးထွားမှုရပ်တန့်ခြင်းနှင့် ပိန်လှီခြင်း၊ ပုံသဏ္ဍာန်မမှန်သော အသီးဖြစ်ပေါ်ခြင်း စသည့်ထိခိုက်မှုများဖြစ်ပေါ်နိုင်ပါသည်။ မြေထဲတွင် ပျော်ဝင်နိုင်သော ဆားပမာဏသည် အီးစီ (EC) ပါဝင်မှုအဆင့် ၄ ထက်ကျော်လွန်ပါကအပင်များနှင့် အသီးများအပေါ်သိသာစွာထိခိုက်နိုင်ပါသည်။

ဆားပေါက်ခြင်း


ဆားပေါက်ခြင်းနှင့်သီးနှံဇီဝဒြပ်ထု


မြေထဲတွင်ဆားဓာတ်ပါဝင်မှုမြင့်မားခြင်း သို့မဟုတ် သွင်းရေတို့ဆားဓာတ်ပါဝင်မူမြင့်မားခြင်းသည်အရွက်များ၏ အစိမ်းရောင်ဖြစ်ထွန်းမှုနည်းပါးခြင်း၊ အပင်ကြီးထွားမှုရပ်တန့်ခြင်းနှင့် ပိန်လှီခြင်း၊ ပုံသဏ္ဍာန်မမှန်သော အသီးဖြစ်ပေါ်ခြင်း စသည့်ထိခိုက်မှုများဖြစ်ပေါ်နိုင်ပါသည်။ မြေထဲတွင် ပျော်ဝင်နိုင်သောဆားပမာဏသည် အီးစီ ပါဝင်မှုအဆင့် ၄ ထက်ကျော်လွန်ပါကအပင်များနှင့် အသီးများအပေါ် သိသာစွာထိခိုက်နိုင်ပါသည်။ ဆားပေါက်မြေများသည် သတ်မှတ်ထားသောအဆင့်များထက်ကျော်လွန်ပါက အပင်ကြီးထွားမှုရပ်တန့်ခြင်းနှင့် အိုမင်းရင့်ရော်ခြင်းကို ဖြစ်စေနိုင်သည်။ ဆားပေါက်မြေများတွင်ဖြစ်တတ်သောအာဟာရချို့တဲ့မူလက္ခာများကိုမျက်စိဖြင့်မမြင်နိုင်သောအခါပင်လျင် ဆားပေါက်မြေများကြောင့် အမြစ်နှင့်မြေအပေါ်ပိုင်းရှိအပင်ကြီးထွားမှုကို အဟန့်အတားဖြစ်စေသည်(ပုံ ၄ နှင့်၅)။ ဆားပေါက်မူမြင့်မားခြင်းသည်အပင်အမြင့်၊ လုံးပတ်နှင့်အရွက်ဧရိယာအားလုံးကိုထိခိုက်နိုင်ပါသည်။


ပိုတက်စီယမ်၊ ဆိုဒီယမ်နှင့်မဂ္ဂနီစီယမ် ပါဝင်မှုအဆင့်များသည် လိုအပ်သည်ထက်ကျော်လွန်ပါက အာဟာရဓာတ်မမျှတခြင်း၊ အခြားသောအာဟာရဓာတ်များစုပ်ယူမှုကိုလျော့နည်းစေခြင်း စသည်တို့ကိုဖြစ်ပေါ်စေသည်။ ပိုတက်စီယမ်လိုအပ်သည့်ပမာဏနည်းသည့်(နည်းပါး)အချိန်တွင် ဆိုဒီယမ်ပါဝင်မှုသည် လိုအပ်သည်ထက်များပါကအမြစ်များရှိ ဆိုဒီယမ်ပါဝင်မှုသည် သာမန်၏၁ဆခွဲ မှ ၃ဆအထိ မြင့်တက်နိုင်သည်။


ငှက်ပျောသည် ကလိုရင်းထက် ဆိုဒီယမ်အားပိုမိုထိရှလွယ်သည်။ဥပမာ သားတတ်များ၏ ကြီးထွားမှုသည် လိုအပ်သည်ထက်များပြီး အသီးဖြည့်တင်းမှုတွင်သတ်မှတ်ချက်များရှိသော်လည်း သီးနှံများသည် ဆက်လက်ကြီးထွားလျက်ရှိသည်။ AAA အမျိုးအစားငှက်ပျောများသည် (ဥပမာ- Cavendish) သည်ချက်ပြုတ်စားသောက်နိုင်သောငှက်ပျောမျိုး (AAB/ABB အမျိုးအစားများ)ထက် အလူမီနီယမ်အဆိပ်ဓာတ်များနှင့် ဆားပေါက်မြေများဒဏ်တို့ကြောင့် ပိုမိုထိခိုက်ပျက်စီးနိုင်သည်။ အဆိုပါနေရာများတွင် ဖြစ်နိုင်ပါကစိုက်ပျိုးသူများသည် ရေသွင်း၍ဆားများကိုဆေးထုတ်ပေးခြင်းဖြင့် ဆားပေါက်သည့်မြေကြောင့်ပျက်စီးဆုံးရှုံးမှုများကိုလျော့နည်းသက်သာစေမည်ဖြစ်ပါသည်။

 

ဆားပေါက်ခြင်းနှင့်အပင်ဇီဝဒြပ်ထု

မြေဆီလွှာဖုံးအုပ်ခြင်း


ငှက်ပျောဆားပေါက်ခြင်းနှင့် မြေဆီလွှာဖုံးအုပ်ခြင်း

 

သြဂဲနစ်ပစ္စည်းများဖြစ်သည့် မြေဆွေးများဖြင့်ဖုံးအုပ်ခြင်းဖြင့် မြေဆီလွှာအာဟာရဓာတ်ပိုမိုကောင်းမွန်စေသည့်အပြင် ရေနှင့်အာဟာရဓာတ်ရေရှည်တည်တံ့စေရေးကိုလည်း ဖြစ်ပေါ်စေနိုင်သည်။ သစ်ရွက်ခြောက်များ၊ ကျန်ရှိနေသောပင်စည်ပိုင်းများ၊ မြက်နှင့် ပဲမျိုးရင်းပင်များစသည်တို့သည် မြေဆွေးပုံ၊ ရိုးတံခြောက်နှင့် သစ်သားအစကဲ့သို့သော သြဂဲနစ်ပစ္စည်းများအဖြစ်သို့ပြောင်းလဲအောင် ဆောင်ရွက်နိုင်သည်။ အပူပိုင်းဒေသများတွင် ဖုံးအုပ်သည့်အပင်များစိုက်ပျိုးခြင်းမရှိသော်လည်း မြေဆီလွှာဖုံးအုပ်သည့် နည်းလမ်း၄ခု အထိ(အများအားဖြင့် ၁ခု သို့မဟုတ် ၂ခု) အသုံးပြုနိုင်သည်။

 

အပင်အပိုင်းအစများမှ အာဟာရများသည် မြင့်မားသောအပူချိန်နှင့်စိုထိုင်းဆများရရှိပါက သတ္တုဓာတ်ကိုလွယ်ကူစွာဖြစ်ပေါ်နိုင်သည်။


မြေဆွေးဖုံးအုပ်ခြင်းသည်သွင်းအားစုနည်းနည်းဖြင့် ချက်ပြုစားသုံးနိုင်သည့် ငှက်ပျောမျိုးစိုက်ပျိုးရာတွင် အာဟာရဓာတ် ပြန်လည်ဖြစ်ပေါ်ခြင်းနှင့် အထွက်နှုန်းအား ၄၀ ရာခိုင်နုန်းအထိ တိုးမြင့်စေခြင်းတို့အတွက် အရေးကြီးသည်။ မြေဆွေးဖုံးအုပ်ခြင်းမှ လက်တွေ့ရရှိသောအကျိုးကျေးဇူးများမှာ-

 


- မြေပေါ်ရေငွေ့ပျံခြင်းကိုလျော့နည်းစေခြင်း


- ဆောင်းရာသီတွင်မြေဆီလွှာအပူချိန်များကိုတိုးမြင့်နိုင်ခြင်း


- နွေရာသီတွင် မြေဆီလွှာအပူချိန်များကိုလျှော့ချနိုင်ခြင်း


- ပေါင်းပင်ကြီးထွားမှုကိုလျော့နည်းစေခြင်း


- မြေတိုက်စားမှုကိုလျော့နည်းစေခြင်း

- ဓာတ်မြေသြဇာထည့်သွင်းမှုနည်းခြင်း(သို့မဟုတ်)လုံးဝမထည့်သွင်းသည့်နေရာများတွင် မြေဆီလွှာအာဟာရဓာတ်တိုးတက်ကောင်းမွန်လာခြင်း

အာဖရိကနိုင်ငံများတွင် ချက်ပြုတ်စားသုံးနိုင်သောငှက်ပျောမျိုးများနှင့်အတူပြောင်း၊ ပလောပီနံ၊ စပါး၊ ဝဥ၊ ပဲမျိုးစုံ၊ ကြံသို့မဟုတ် ကော်ဖီတို့အားသီးညှပ်အဖြစ်စိုက်ပျိုးလေ့ရှိကြသည်။

 

မှန်ကန်သောအာဟာရစီမံခန့်ခွဲမှုက ငှက်ပျော သီးနှံများကို မည်သို့ အကျိုးသက်ရောက်နိုင်သလဲ


ယာရာမြန်မာကို ဆက်သွယ်ရန်

ယာရာမြန်မာ လီမိတက်

အမှတ် ၁၃-၁၉၊ ဆူးလေစကွဲ အဆောက်အအုံ၊ ဆူးလေဘုရားလမ်း၊
ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့၊ မြန်မာ။

ဖုန်းနံပါတ် - ၀၁ ၉၂၅ ၅၁၉၅