fbpx

သီးနှံအာဟာရ ဖြေရှင်းနည်းများ

ငှက်ပျော

မြေဆီလွှာနှင့်အရွက်တစ်သျှူးတို့အား စမ်းသပ်စစ်ဆေးခြင်း

မြေဆီလွှာစမ်းသပ်စစ်ဆေးခြင်းဖြင့် မြေချဉ်/ငံဓာတ်၊ သြော်ဂဲနစ်ပစ္စည်းပါဝင်မှုနှင့် ဓာတ်ဖိုဖလှယ်နိုင်မှုစွမ်းရည် တို့ကိုအကဲဖြတ်လေ့လာနိုင်ပြီးထိုမှတဆင့် မြေဆီလွှာရှိအာဟာရဓာတ်ရရှိနိုင်မှုနှင့် ရေရှည်တည်တံ့နိုင်မည့်သွင်ပြင်လက္ခဏာများ ကိုဖော်ပြပါသည်။

မြေဆီလွှာစမ်းသပ်စစ်ဆေးခြင်း

၎င်းအားမြေဆီလွှာတွင် ပိုတက်စီယမ်နှင့်ဖော့စဖရပ်တို့ ပါဝင်မှုအဆင့်များကို လေ့လာအကဲဖြတ်ရာတွင်အသုံးပြုနိုင်ပြီး ဓာတ်များညီမျှမှုမရှိခြင်း ဥပမာ- ပိုတက်စီယမ်၊ မဂ္ဂနီစီယမ်နှင့် ကယ်လ်စီယမ်ပါဝင်မှုအချိုးအစားများကိုလည်းဖော်ပြပါသည်။ သို့သော်လည်း ၎င်းသည် နိုက်ထရိုဂျင်လိုအပ်ချက်ကို ဖော်ပြနိုင်ခြင်းမရှိပေ။ သို့ဖြစ်ပါ၍ မြေစမ်းသပ်စစ်ဆေးခြင်းတစ်ခုတည်းဖြင့် တိကျသောအာဟာရဆိုင်ရာ ပြည်စုံလုံလောက်သည့် သတင်းအချက်အလက်များအတွက် အထောက်အပံ့ပြုနိုင်ခြင်းမရှိပါ။

 

အရွက်တစ်သျှူးအားစမ်းသပ်စစ်ဆေးခြင်း


တစ်သျှူးအားစမ်းသပ်စစ်ဆေးခြင်း-အရွက်ရွေးချယ်ခြင်း

 

အရွက်တစ်သျှူးအားစမ်းသပ်စစ်ဆေးခြင်းဖြင့် အပင်ကြီးထွားသည့်အဓိကအချိန်ကာလများတစ်လျှောက်လုံးတွင် လိုအပ်ချက်များကိုစောင့်ကြည့်လေ့လာနိုင်သည်။ တူညီသော ကြီးထွားမှုအဆင့်၏ ရာသီအလိုက်စမ်းသပ်စစ်ဆေးခြင်းဖြင့် စိုက်ပျိုးထုတ်လုပ်သူသည် စိုက်ခင်း၏အာဟာရအခြေအနေများနှင့် လိုအပ်ချက်များကိုထင်ရှားစွာသိရှိနိုင်မည်ဖြစ်ပြီး လက်ရှိဓာတ်မြေသြဇာထည့်သွင်းမှု အစီအစဉ်များအတွက် လိုအပ်သလိုဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။

အရွက်တစ်ခုလုံးအတွက် အာဟာရလိုအပ်ချက်များ

 


အရွက်တစ်သျှူးအားစမ်းသပ်စစ်ဆေးခြင်းကို ရောဂါလက္ခဏာများသည် မျက်စိဖြင့်ကြည့်ရုံဖြင့် ဆုံးဖြတ်ရန်ခက်ခဲခြင်း၊ မျက်စိဖြင့်မမြင်နိုင်ခြင်း၊ သို့မဟုတ် အာဟာရဓာတ်များစွာလိုအပ်မှုရှိနေခြင်းစသည့် အာဟာရလိုအပ်ချက်များကိုခွဲခြားသိမြင်နိုင်ရန် အသုံးပြုသင့်ပါသည်။ တစ်သျှူးစမ်းသပ်စစ်ဆေးခြင်းအားသတ်မှတ်ထားသောနည်းလမ်းများအတိုင်းလိုက်နာဆောင်ရွက်ရန် အရေးကြီးပါသည်။ မတူညီသောထုတ်လုပ်သည့်နိုင်ငံများတွင် အများဆုံးလက်ခံအသုံးပြုသည့် စမ်းသပ်စစ်ဆေးမှုနည်းလမ်း (၂) ခုရှိပါသည်။ အဆိုပါ စမ်းသပ်စစ်ဆေးမှုနည်းလမ်း (၂)ခုလုံးသည်အပင်ရှိပန်းပွင့်လာမည့် သို့မဟုတ် အညွှန့်ထွက်လာမည့် တတိယအရွက် အနားသတ်၏အတွင်းဘက်အားစမ်းသပ်စစ်ဆေးသည်(အောက်တွင်ဖေါ်ပြထားသောဓါတ်ပုံတွင်ကြည့်ပါ)။


အများဆုံးအသုံးပြုသည့်နည်းလမ်းဖြစ်သောအပြည်ပြည်ဆိုင်ရာမှ ကိုးကားသည့်စနစ်(IRS) သည်အရွက်၏အပြင်ဧရိယာအားစမ်းသပ်စစ်ဆေးသော်လည်းကန့်လန့်ဖြတ်ထားသောအရွက်တစ်ခုလုံးရှိအာဟာရဓာတ်အခြေအနေပေါ် လေ့လာအကဲဖြတ်နိုင်သည်။
အရွက်၏ လက်ခံနိုင်သော အာဟာရသတ်မှတ်ချက်များသည် စမ်းသပ်စစ်ဆေးချက် နည်းလမ်းများအရကွဲပြားနိုင်ပြီး စမ်းသပ်စစ်ဆေးရာတွင် အသုံးပြုမည့်အရွက်အားအတိအကျဖြတ်တောက်ရမည် ဖြစ်သည့်အတွက် မည်သည့်နည်းလမ်းများကိုအသုံးပြုခဲ့သည့်ကိုသိရှိနားလည်ထားရန်အရေးကြီးပါသည်။

အများလိုအာဟာရများ


အရွက်စမ်းသပ်စစ်ဆေးရာတွင် သတ်မှတ်ထားသောစံချိန်စံညွှန်းများ (DM ရာခိုင်နှုန်း)


ကြီးထွားသည့်အဆင့်- ပန်းပွင့်များထွက်လာခြင်း


တတိယအရွက်၏ အတွင်းပိုင်းဧရိယာ


မူလအရင်းအမြစ်

ရင်းမြစ်နိုင်ငံနိုက်ထရိုဂျင်ဖော့စဖရပ်ပိုတက်စီယမ်ကယ်လ်စီယမ်မဂ္ဂနီစီယမ်
Martin-Prevel - 1978 အာဖရိက ၂.၇-၃.၆ ဝ.၁၈-ဝ.၂၇ ၃.၅-၅.၄ ဝ.၂၅-၁.၂ ဝ.၂၇-ဝ.၆
Rosero Ruano - 2000 ကော့စတာရီကာ ၂.၆-၃.ဝ ၀.၂၀-ဝ.၂၅ ၃.၇-၄.ဝ ၀.၇-ဝ.၉ ဝ.၂၇-ဝ.၃၅
Espinosa and Mite - 2002 လက်တင်အမေရိကား ၂.၆ ဝ.၂ ၃.ဝ ဝ.၅ ဝ.၃

 

ကန့်လန့်ဖြတ်တောက်ထားသောအမြှောင်းလေးတစ်ခုလုံး

ရင်းမြစ်နိုင်ငံနိုက်ထရိုဂျင်ဖော့စဖရပ်ပိုတက်စီယမ်ကယ်လ်စီယမ်မဂ္ဂနီစီယမ်
Reuter and Robinson (1997) သြစတြေးလျ ၂.၈-၄.ဝ ၀.၂-ဝ.၂၅ ၃.၁-၄.ဝ ၀.၈-၁.၂ဝ ၃၀-ဝ.၄၆

ကြီးထွားမှုလျင်မြန်နေသည့်ကာလအတွင်း မိခင်ပင်စည်နှင့်ကပ်လျက်ရှိ ကြီးမားသောသားတတ်အပင်တွင် စမ်းသပ်စစ်ဆေးခြင်းများကို အများဆုံးဆောင်ရွက်သည်။ မိခင်အပင် ပန်းပွင့်ပွင့်ပြီးချိန် သို့မဟုတ် အညွှန့်ထွက်သည့်အချိန်တွင် နမူနာယူ၍သာမန်နည်းလမ်းကိုအသုံးပြုသည်။ ဤစာမျက်နှာရှိဇယားများသည် အထက်တွင်ဖော်ပြထားသည့်အတိုင်းအပင်ကြီးထွားမှုအဆင့်တွင် အပင်တစ်သျှူးများရယူပြီး စမ်းသပ်စစ်ဆေးချက်များအပေါ်မူတည်၍ အများလိုအာဟာရများနှင့် အနည်းလိုအာဟာရများအတွက်စံသတ်မှတ်ချက်များကိုဖော်ပြထားသည်။

အနည်းလိုအာဟာရများ


အရွက်စမ်းသပ်စစ်ဆေးခြင်းစံသတ်မှတ်ချက်များ(ppm)


ကြီးထွားသည့်အဆင့်- ပန်းပွင့်စထွက်လာသည့်အချိန်

ဘိုရွန် ကော့ပါးဓာတ် အိုင်းရွန် မဂ္ဂနိစ် မော်လီဒီနမ် ာတ်
၂၀-၄၀ ၇-၂၀ ၈၁-၅၁ ၂၀၀-၃၀၀ ၁.၅-၃.၂ ၂၀-၃၀

 ကိုးကားချက်- R&D dept from Chiquita for Grand Nain (Central America) Mo Standards from Lopez & Espinosa – 2000

အာဟာရများပါဝင်မှုအချိုးများ


ပိုတက်စီယမ်-ကယ်လ်စီယမ်ညီညွှတ်မျှတမှု


မြေဆီလွှာနှင့်အရွက်တစ်သျှူးတို့အားစမ်းသပ်စစ်ဆေးရာတွင် အာဟာရညီညွှတ်မျှတမှုရှိ/မရှိကိုလည်းအကဲဖြတ်လေ့လာသင့်သည်။ ပိုတက်စီယမ်၊ မဂ္ဂနီစီယမ်နှင့်ကယ်လ်စီယမ် တန်ဖိုးများသည် လိုအပ်သည်ထက်ကျော်လွန်ပါက အခြားသောဓာတ်များစုပ်ယူခြင်းကို ထိခိုက်နိုင်သည်။


ဗင်နီဇွဲလားနိုင်ငံမှ စမ်းသပ်ချက်များအရ ပိုတက်စီယမ် လိုအပ်သည်ထက်များပါက ကယ်လ်စီယမ်စုပ်ယူမှုကိုအားနည်းစေမည်ဖြစ်ပြီးအထွက်နှုန်းကိုလျော့နည်းစေနိုင်ကြောင်းကိုပုံဖြင့်ဖော်ပြထားသည်။ ကယ်လ်စီယမ်အား ပိုတက်စီယမ်နှင့်အတူအချိုးအစားမှန်ကန်စွာထည့်သွင်းပါကအထွက်နှုန်းတိုးတက်စေနိုင်ပါသည်။

မှန်ကန်သောအာဟာရစီမံခန့်ခွဲမှုက ငှက်ပျော သီးနှံများကို မည်သို့ အကျိုးသက်ရောက်နိုင်သလဲ


ယာရာမြန်မာကို ဆက်သွယ်ရန်

ယာရာမြန်မာ လီမိတက်

အမှတ် ၁၃-၁၉၊ ဆူးလေစကွဲ အဆောက်အအုံ၊ ဆူးလေဘုရားလမ်း၊
ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့၊ မြန်မာ။

ဖုန်းနံပါတ် - ၀၁ ၉၂၅ ၅၁၉၅