fbpx

သီးနှံအာဟာရ ဖြေရှင်းနည်းများ

ငှက်ပျော

ကမ္ဘာ့ထုတ်လုပ်မှု

ငှက်ပျောတန်ပေါင်း ၁၀၃ သန်းခန့်ကို နိုင်ငံပေါင်း ၁၃၀ နိုင်ငံခန့်ရှိဟက်တက်ပေါင်း ၉.၇ သန်းမှ နှစ်စဉ် ထုတ်လုပ်လျက်ရှိပါသည်။

စုစုပေါင်းထုတ်လုပ်မှု၏တန်ချိန်ပေါင်း ၇၀ သန်း(စုစုပေါင်း၏ ၆၈ရာခိုင်နှုန်း) သည် သာမန်ငှက်ပျောများဖြစ်ကြပြီးကျန်ရှိနေသောငှက်ပျောသည် ချက်ပြုတ်စားသောက်နိုင်သောငှက်ပျောများဖြစ်ကြသည်။


အိန္ဒိယနိုင်ငံသည် ငှက်ပျောထုတ်လုပ်မှုအများဆုံးနိုင်ငံဖြစ်ပြီးတန်ချိန်ပေါင်း ၁၆.၈ သန်းခန့်ထုတ်လုပ်သည်။ တန် ၅ သန်းနှင့်အထက် ထုတ်လုပ်သောနိုင်ငံများမှာ ဘရာဇီး၊ တရုတ်၊ အီကွေဒေါ နှင့် ဖိလစ်ပိုင်နိုင်ငံတို့ဖြစ်ကြပါသည်။ ကမ္ဘာတစ်ဝှမ်းလုံးရှိ ငှက်ပျော၏ပျမ်းမျှအထွက်နှုန်းသည် တစ်ဟက်တာ လျှင် ၁၆ တန် ခန့်ဖြစ်သော်လည်းသေချာစွာကရုစိုက်ပျိုးပြီး စိုက်ပျိုးသည့်နေရာများရှိအကောင်းဆုံးစိုက်ပျိုးသူများသည် တစ်ဟက်တာလျှင် တန်၁၀၀ ခန့်ရရှိကြသည်။ ချက်ပြုတ်စားသောက်နိုင်သော ငှက်ပျောမျိုးများကို အာဖရိကနိုင်ငံများနှင့် လက်တင်အမေရိကနိုင်ငံများတွင် မိသားစုစားသုံးရန်အတွက် စိုက်ပျိုးကြသည်။


ယူဂန်ဒါ၊ ကိုလံဘီယာ၊ ဂါနာ၊ အာဝန်ဒါနှင့်နိုက်ဂျီးရီးယားနိုင်ငံတို့သည် ထုတ်လုပ်မှုအများဆုံးနိုင်ငံများဖြစ်ကြပြီးပျမ်းမျှအထွက်နှုန်းတစ်ဟက်တာလျှင် ၁.၅ တန် ရရှိသည်။ လူတစ်ဦးပျမ်းမျှ စားသုံးမှုသည် ဒေသအလိုက် ကွဲပြားခြားနားကြသည်။ အရှေ့အာဖရိကနိုင်ငံများတွင် ချက်ပြုတ်စားသောက်နိုင်သောငှက်ပျောအားတစ်နှစ်လျှင်လူတစ်ဦး၂၅၀ကီလိုဂရမ် ခန့်စားသုံးကြသည်။ အင်္ဂလန်နှင့်အမေရိကန်နိုင်ငံတို့တွင် လူတစ်ဦးလျှင် ၁၃ကီလိုဂရမ်စားသုံးကြပြီးတရုတ်နိုင်ငံတွင် လူတစ်ဦးလျှင် ၂ ကီလိုဂရမ် အောက်စားသုံးကြသည်။

ပြည်တွင်းစားသုံးမှုသည် စုစုပေါင်းငှက်ပျောစိုက်ပျိုးထုတ်လုပ်မှု၏ ၉၀ရာခိုင်နှုန်း ခန့်ရှိသည်။ ပြည်ပတင်ပို့သည့် ငှက်ပျောစုစုပေါင်း၏ ၈၀ရာခိုင်နှုန်းသည် လက်တင်အမေရိကမှထွက်ရှိပြီး ပြည်ပသို့တင်ပို့မှုအများဆုံးနိုင်ငံများမှာအီကွေဒေါ၊ ကော်စတာရီကာနှင့် ကိုလံဘီယာတို့ဖြစ်ကြသည်။ တောင်အမေရိက၊ ဥရောပ၊ ဂျပန်နှင့် အရှေ့ဥရောပနိုင်ငံများသို့ အဓိကတင်ပို့သည်။

မှန်ကန်သောအာဟာရစီမံခန့်ခွဲမှုက ငှက်ပျော သီးနှံများကို မည်သို့ အကျိုးသက်ရောက်နိုင်သလဲ


ယာရာမြန်မာကို ဆက်သွယ်ရန်

ယာရာမြန်မာ လီမိတက်

အမှတ် ၁၃-၁၉၊ ဆူးလေစကွဲ အဆောက်အအုံ၊ ဆူးလေဘုရားလမ်း၊
ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့၊ မြန်မာ။

ဖုန်းနံပါတ် - ၀၁ ၉၂၅ ၅၁၉၅