fbpx

သီးနှံအာဟာရ ဖြေရှင်းနည်းများ

ငှက်ပျော

ငှက်ပျောသီးများအတွက် အာဟာရဆိုင်ရာအနှစ်ချုပ်

ငှက်ပျောပင်၏ အာဟာရလိုအပ်ချက်မှာအခြားသောသီးနှံအများစုထက် ပိုမြင့်မားပါသည်။

တစ်ဟက်တာမှ အထွက်နှုန်းတန် ၁၀၀ ထွက်ရှိစေမည့် စိုက်ခင်းအတွက် အာဟာရစုပ်ယူမှုသည် (ရိတ်သိမ်းလိုက်သော ငှက်ပျောသီးနှင့်အတူဆုံးရှုံးသွားသော အာဟာရဓာတ်) အလွန်မြင့်မားသည်။ သို့သော်လည်းသီးနှံအမြစ်များ၏ ၆၀ရာခိုင်နှုန်းသည် မြေ၏ ၁၅စင်တီမီတာအထက်ပိုင်းတွင်တည်ရှိခြင်းကြောင့် အာဟာရများစိမ့်ယိုခြင်းနှင့်အငွေ့ပျံခြင်းတို့သည် အဓိကပြဿနာများဖြစ်သည့်အတွက် မြေသြဇာများကိုဂရုတစိုက်ထည့်သွင်းပေးခြင်း၊ သစ်ရွက်ဆွေးများနှင့် ဇီဝမြေသြဇာများအား ပြန်လည်အသုံးပြုခြင်းတို့ကိုဆောင်ရွက်ရန်လိုအပ်ပါသည်။ သားတတ်များမှ စောစောအာဟာရများကို ဦးစွာစုပ်ယူဖယ်ရှားသူများကြောင့်မိခင်အပင်မှာ အာဟာရလည်ပတ်မှုကိုလျော့နည်းစေမည်ဖြစ်ပါသည်။

တစ်ဟက်တာလျှင် ၅၅တန်အထွက်နှုန်းရရှိစေရေးအတွက် ဓာတ်မြေသြဇာလိုအပ်ချက်

အထူးသဖြင့် နိုက်ထရိုဂျင်နှင့် ပိုတက်စီယမ် ဓာတ်မြေသြဇာများအား ရာသီတစ်ခုလုံးတွင် ကြိမ်ဖန်များစွာထည့်သွင်းခြင်းနည်းလမ်းသည်အပင်များ၏ ကြီးထွားနှုန်းအကောင်းဆုံးဖြစ်စေရေးအတွက် အများဆုံးအသုံးပြုသည့်နည်းလမ်းပင် ဖြစ်ပါသည်။ အပင်ပိုင်းကြီးထွားသည့် အစောပိုင်းအဆင့်သည် အခိုင်ကြီးထွားဖွံ့ဖြိုးစေရေးအတွက် အထူးအရေးကြီးပါသည်။ ထိုအချိန်တွင် မိခင်ပင်မှအသီးများနှင့် အာဟာရများကိုစုပ်ယူစားသုံးနိုင်သည့် သားတတ်များ ဖြစ်ပေါ်စေရေးတို့အတွက် အာဟာရဓာတ်ကိုပိုမိုလိုအပ်သည်။ သားတတ်သည် မိခင်အပင်နှင့် ကြွေကျထားသောအရွက်ဆွေးများမှ ပြန်ဖြစ်ထွန်းလာသော အာဟာရဓာတ်များကိုရရှိနိုင်ပြီး ထည့်သွင်းရမည့် ဓာတ်မြေသြဇာပမာဏကိုလျော့နည်းစေသည်။

အများလိုအာဟာရများ


အပင်တစ်ခုလုံးအတွက် လိုအပ်သည့်ကြီးမားသောအာဟာရဓာတ်များ

 

ပိုတက်စီယမ်လိုအပ်ချက်ပမာဏသည် အခြားသောအာဟာရများစုစုပေါင်းပမာဏထက် များပြီးနိုက်ထရိုဂျင်လိုအပ်ချက်ပမာဏ၏ ၃ဆမှ ၄ဆမက များပါသည်။ အမြင့်ဆုံးလိုအပ်သည့်အချိန်မှာ ပန်းပွင့်သည့်အချိန်မတိုင်မီဖြစ်ပါသည်။ သီးနှံအများစု၏ စုစုပေါင်းပိုတက်စီယမ်လိုအပ်ချက်အား ပန်းပွင့်မှုအများဆုံးအချိန်မတိုင်မီ ထည့်သွင်းပေးရန်လိုအပ်ပါကြောင်းသုတေသနတွေ့ရှိချက်အရ သိရှိရသည်။စိုက်ပျိုးရာသီတွင် မိခင်ပင်နှင့်သားတတ်များ၏ပိုတက်စီယမ် အသုံးပြုသည့်ပမာဏသည် သီးနှံတစ်တန်တွင် ၅ကီလိုဂရမ်မှ ၇ ကီလိုဂရမ်အထိအားဖယ်ရှားခြင်းဖြင့် တူညီမှုရှိကြသည်။

အများလို အာဟာရအားဖယ်ရှားခြင်း (သီးနှံတစ်တန်မှ ဖယ်ရှားနိုင်သည့် ပမာဏ) Cameroon

အမျိုးအစားနိုက်ထရိုဂျင်ဖော့စ်ဖရပ်ပိုတက်စီယမ်  ကယ်လ်စီယမ် မဂ္ဂနီစီယမ်ဆိုဒီယမ်
 သာမန်ငှက်ပျောမျိုး(သီးနှံ၂ခု၏ ပျမ်းမျှ)  ၁.၉၇  ဝ.၂၅  ၆.၆၀  ဝ.၂၁  ဝ.၃၂  ဝ.၂၇
 ချက်ပြုတ်စားသောက်နိုင်သည့် ငှက်ပျောမျိုး (သီးနှံ၄ခု၏ ပျမ်းမျှ)  ၁.၆  ဝ.၂၃  ၅.၀၄  ဝ.၁၅  ဝ.၂၁  ဝ.၁၄

ကိုးကားချက်-Marchal and Mallessard(၁၉၇၉)

 

နိုက်ထရိုဂျင်သည် စိုက်ပျိုးရာသီတစ်လျှောက်လုံးတွင် အပင်များ၏ကြီးထွားမှုအတွက်ဖြည့်ဆည်းပေးရန်လိုအပ်ပါသော်လည်း သစ်ရွက်နှင့် ပင်စည်ကြီးထွားသည့်အချိန်တို့သည် အဓိကစုပ်ယူစားသုံးသည့် အချိန်ပင်ဖြစ်ပါသည်။ ရာသီအစောပိုင်းကာလတွင် မိခင်ပင်များ၏ နိုက်ထရိုဂျင်လိုအပ်ချက်သည် သားတတ်များထက်ပိုမိုများပြားပါသည်။ အပင်တစ်ခုလုံးမှ တစ်တန်ထွက်ရှိစေရေးအတွက် နိုက်ထရိုဂျင် ၆ကီလိုဂရမ်ခန့် အသုံးပြုရသည်။ ငှက်ပျောပင်သည် နိုက်ထရိုဂျင်ကို သိုလှောင်ထားနိုင်စွမ်းမရှိသည့်အတွက် အထူးသဖြင့် လေလွင့်ဆုံးရှုံးမှုများသည့်အခြေအနေတွင် ဓာတ်မြေသြဇာပုံမှန်ထည့်သွင်းခြင်းဖြင့် အာဟာရဓာတ်ချို့တဲ့မှုကိုရှောင်ရှားနိုင်သည်။


ကယ်လ်စီယမ်သည် သီးနှံအတွက် တတိယအရေးကြီးသောအာဟာရဖြစ်ပြီးတစ်ရာသီလျှင် အပင်နှင့်အသီးတစ်တန်အတွက် ၃ကီလိုဂရမ်ခန့်အသုံးပြုသည်။ အဓိကစုပ်ယူစားသုံးသည့်အချိန်သည် အညွန့်မထွက်မီသို့မဟုတ် အညွန့်ကြီးထွားသည့်အချိန်ပင်ဖြစ်ပါသည်။


ဖော့စ်ဖရပ်လိုအပ်ချက်သည် နည်းပါးပြီးယေဘုယျအားဖြင့် Cavendish အမျိုးအစားငှက်ပျောပင်နှင့်အသီးတစ်တန်အတွက် ၁ ကီလိုဂရမ်အောက်ဖြစ်ပါသည်။ သီးနှံကြီးထွားသည့်ကာလတစ်လျှောက်လုံးတွင် အဆက်မပြတ်ထည့်သွင်းပေးရန်လိုအပ်ပါသည်။
မဂ္ဂနီစီယမ်စုပ်ယူမှုသည် ကြီးထွားသည့်ကာလတစ်လျှောက်လုံးတွင် ညီမျှမှုရှိသည်။ နိုက်ထရိုဂျင်၊ ဖောစ်စဖရပ်နှင့် ပိုတက်စီယမ်စုစုပေါင်း၏ ၃၀ မှ ၄၀ရာခိုင်နှုန်းတို့သည် သီးနှံအခိုင်အထိရောက်ရှိပြီး ကယ်လ်စီယမ်နှင့် မဂ္ဂနီစီယမ်စုစုပေါင်း၏ ၁၀ မှ ၁၅ရာခိုင်နှုန်းအကြားသည် အသီးဖြစ်ထွန်းသည်အထိရောက်ရှိပါသည်။ သို့သော်လည်းကယ်လ်စီယမ်နှင့်မဂ္ဂနီစီယမ်တို့သည်အသီးများခိုင်မာတောင့်တင်းမူကောင်းမွန်စေရန်နှင့် ရေရှည်သိုလှောင်ထားနိုင်ရန်သာမက ငှက်ပျောအထွက်နှုန်းကောင်းမွန်စေရန်အတွက်လည်း အထူးအရေးကြီးပါသည်။


ဆာလ်ဖာစုပ်ယူမှု အမြန်ဆုံးအချိန်သည် သားတတ်ထွက်ချိမှ အဖူးစတင်ထွက်သည်အထိဖြစ်ပြီး အသီးတစ်တန်လျှင် ၁ကီလိုဂရမ်ခန့်အသုံးပြုသည်။

အနည်းလိုအာဟာရများ


ကြီးထွားမှုကောင်းမွန်စေရန် ပမာဏအလွန်နည်းပါးသည့် အနည်းလိုအာဟာရများအနက် သံဓာတ်၊သွပ်၊ မဂ္ဂနီစ်၊ ဘိုရွန်၊ ကြေးနှင့် မော်လီဒီနမ်တို့သည် အဓိကကျသောအရာများဖြစ်ကြသည်။
မဂ္ဂနီစ်နှင့်အတူ သံဓာတ်လိုအပ်မှုပမာဏသည် များပြားပြီးကြီးထွားမှုအတွက်အရေးကြီးပါသည်။
ဘိုရွန်နှင့်သွပ်ဓာတ်တို့သည် သီးနှံအရည်အသွေးတိုးတက်စေသည်။ ကြီးထွားမှု၏ အစပိုင်းအချိန်တွင် အနည်းလိုအာဟာရများလိုအပ်ချက်ပမာဏသည် အများဆုံးဖြစ်ပါသည်။

မှန်ကန်သောအာဟာရစီမံခန့်ခွဲမှုက ငှက်ပျော သီးနှံများကို မည်သို့ အကျိုးသက်ရောက်နိုင်သလဲ


ယာရာမြန်မာကို ဆက်သွယ်ရန်

ယာရာမြန်မာ လီမိတက်

အမှတ် ၁၃-၁၉၊ ဆူးလေစကွဲ အဆောက်အအုံ၊ ဆူးလေဘုရားလမ်း၊
ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့၊ မြန်မာ။

ဖုန်းနံပါတ် - ၀၁ ၉၂၅ ၅၁၉၅