ပြောင်းဖူးအထွက်နှုန်းတိုးစေခြင်း
စိုက်ပျိုးသူတိုင်း၏ ရည်ရွယ်ချက်မှာ ပြောင်းဖူးအထွက်နှုန်းတိုးရန်ဖြစ်ကာ ဤအရာကို လွှမ်းမိုးနိုင်သော စိုက်ပျိုးရေးဆိုင်ရာ အချက်အများကြီးရှိပြီး ၎င်းတို့ထဲမှ အများစုသည် ရာသီဥတုနှင့် မြေကြီးအခြေအနေပေးပါက စိုက်ပျိုးသူ၏ ထိန်းချုပ်မှုအတွင်းတွင် ရှိပါသည်။
ဒေသတွင်း စိုက်ပျိုးရေးအခြေအနေနှင့် ကိုက်ညီသော မျိုးစိတ်တစ်ခုကို ရွေးချယ်ပြီးသည်နှင့် အပင်တပင်လျှင် ပြောင်းဖူးတဖူး ဖူးစေသော သိပ်သည်းဆဖြင့် ပြောင်းဖူးကို စိုက်သည်။ မြင့်မားသော ပြောင်းဖူးအထွက်ကို ရရှိစေရန် ပြောင်းဖူးတစ်ဖူးလျှင် ပြောင်းဖူးစေ့ အရေအတွက် အများဆုံးဖြစ်ရန်နှင့် ပြောင်းဖူးအစေ့ဆံ အလေးချိန် တိုးစေရန် အရေးကြီးသည်။ စိုက်ပျိုးသူများသည် ညီမျှသော သီးနှံအာဟာရပေးသည့်စနစ်ဖြင့် ဤအရာကို ပြီးပြည့်စုံအောင်လုပ် စိုက်ပျိုးနိုင်လိမ့်မည်ဖြစ်သည်။
သီးနှံအာဟာရနှင့် ပြောင်းဖူးအထွက်နှုန်း
နိုက်ထရိုဂျင်သည် မြင့်မားသော ပြောင်းဖူးအထွက်နှုန်းကို သေချာစေရာတွင် အရေးကြီးသည်။ ၎င်းသည် သီးနှံကြီးထွားမှုနှင့် ဖွံ့ဖြိုးမှုကို တိုးတက်စေကာ အလွယ်တကူ အသုံးပြုနိုင်ရန် လိုအပ်သည်။
ဖော့စ်စဖေရပ်စ်သည် အထူးသဖြင့် အမြစ်ဖွံ့ဖြိုးမှုနှင့် ကောင်းမွန်သော သီးနှံ အခြေကျမှုအတွက် အရေးကြီးပါသည်။
ပိုတက်စီယမ်သည်လည်း နိုက်ထရိုဂျင်ကဲ့သို့ပင် သီးနှံဖွံ့ဖြိုးမှုကို တိုးစေကာ မြောက်မြားစွာသော ပမာဏကို ကြီးထွားနေသော အပင်က စုပ်ယူသည်။ ထိုနိုက်ထရိုဂျင်နှင့်အတူ ပိုတက်စီယမ်ထောက်ပံ့မှုကို ညီညီမျှမျှဖြစ်ရန် လိုအပ်ပါသည်။ ကောင်းမွန်သော ပိုတက်စီယမ်အာဟာရပေးခြင်းသည်လည်း နှင်းခဲဖျက်ဆီးမှု အကျိုးဆက်များကို လျော့နည်းစေပြီး အပင်ယိုင်လဲမှုကိုလည်း လျော့နည်းစေပါသည်။ ပိုတက်စီယမ်သည် စတိုမာတာ ပိတ်ရန်အတွက် အရေးအကြီးဆုံးဖြစ်ကာ ထောက်ပံ့ပေးမှု နည်းပါက အပင်မှ ရေဆုံးရှုံးမှုကို ဖြစ်စေသည်။
မဂ္ဂနီစီယမ်၊ ဆာလ်ဖာနှင့် အိုင်ရွန်းတို့သည် အလင်းမှီစု အစာချက်လုပ်ခြင်း လှုပ်ရှားမှုကို တိုးစေပြီး မြင့်မားသောအထွက်ရရှိစေရန် ကောင်းမွန်သော ကြီးထွားမှုကို ထိန်းသိမ်းပေးသည်။
ကယ်လ်စီယမ်သည် ကောင်းမွန်သော အပင်ကြံ့ခိုင်မှု၊ အမြစ်ကာကွယ်ရေးနှင့် ဖူးတံ ထုတ်လုပ်ရေးကို သေချာစေသည်။
ဘိုရွန်သည် ဝတ်မှုံပြွန်ကြီးထွားမှုနှင့် ကောင်းမွန်သော သီးနှံ အစေ့အစံ တင်မှုအတွက် လိုအပ်သည်။
ဇင့်သည် အလင်းမှီစုအစာချက်လုပ်ခြင်း လုပ်ဆောင်မှုအတွက် အရေးကြီးသည်။
အခြားအနည်းလိုအာဟာရဓာတ်များ မရရှိနိုင်မှုသည်လည်း ကြီးထွားမှု လုပ်ငန်းစဉ်များနှင့် နောက်ဆုံးတွင် ပြောင်းဖူးအထွက်ကို အဟန့်အတားဖြစ်စေသည်။
ပြောင်းဖူးအထွက်တိုးစေသော အခြားစီမံခန့်ခွဲမှုအလေ့အထများ
- သင့်တော်သော မြေချဉ်ငန်ဓာတ် (pH) ကို ထိန်းသိမ်းထားခြင်းသည် အာဟာရ ဓာတ်များကို အလွယ်တကူရရှိစေကာ ကြီးထွားမှုကို အများဆုံးဖြစ်စေသည်။ ကြိုက်နှစ်သက်သော မြေချဉ်ငန်ဓာတ် (pH) မှာ ၆ နဲ့ ၇.၂ ကြားရှိသည်။ အလူမီနီယမ် အဆိပ်သင့်မှုက အမြစ်ဖွံ့ဖြိုးမှုကို လျော့နည်းစေကာ မဂ္ဂနီစီယမ် အဆိပ်သင့်မှုက အပင်ဖွံ့ဖြိုးမှုကို လျော့နည်းစေ သောအခါ ပြောင်းဖူးသည် နိမ့်သောမြေချဉ်ငန်ဓာတ် (< ၅.၀) ကို ခံနိုင်ရည် နည်းသည်။
- မြေချဉ်ငန်ဓာတ် (pH) မြင့်ရန် ထုံးကိုအသုံးပြုခြင်းနှင့် မြေကြီးတည်ဆောက်ပုံနှင့် ကယ်လ်စီယမ်ကို တိုးတက်စေရန် ဂျစ်ပဆန်ကိုအသုံးပြုခြင်းသည် ပြောင်းဖူးအထွက်ကို တိုးစေလိမ့်မည်ဖြစ်သည်။ အလူမီနီယမ်မပါသော ဂျစ်ပ်ဆန်မှ ဆာလ်ဖာသည် အပင်များအား အဆိပ်သင့်မှု ကို လျော့နည်းစေသည်။
- ကောင်းမွန်သော မြေကြီးတည်ဆောက်ပုံသည် ကြံ့ခိုင်သော အမြစ်ဖွံ့ဖြိုးမှုနှင့် ကောင်းမွန်သော ကြီးထွားမှုတို့အတွက် မရှိမဖြစ်အရေးကြီးကာ ပြောင်းဖူးသည် အထူးသဖြင့် မြေကြပ်ခြင်းကို ခံနိုင်ရည်မရှိပါ။
- အပင်အစိပ်အကျဲ၊ အပင်သိပ်သည်းဆနှင့် အခြားသီးနှံများနှင့် သီးလှည့် စိုက်ခြင်းတို့သည် ရောဂါ၊ ဖျက်ပိုးနှင့် ပေါင်းကျရောက်မှုတို့ကို လျော့နည်း စေကာ ပြောင်းဖူးအထွက်ကို တိုးစေသည်။
- ပေါင်းနှိမ်နင်းခြင်းသည် အာဟာရစုပ်ယူယှဥ်ပြိုင်မှု နည်းစေပြီး ဖျက်ပိုးနှင့်ရောဂါကာကွယ်နှိမ်နင်းရေးသည် အမြစ်နှင့် ထွက်လာသော အရွက်ဧရိယာထိခိုက်မှုကို လျော့နည်းစေမည် ဖြစ်သည်။ ပြောင်းဖူးမြိတ်စထွက်ချိန်တွင် ရေပေးခြင်းသည် အထူးသဖြင့် ပြောင်းဖူးစေ့ အစေ့အဆန်တင်ရန်အတွက် အရေးကြီးသည်။