fbpx

သီးနှံအာဟာရ ဖြေရှင်းနည်းများ

စပျစ်

သီးနှံကာကွယ်ခြင်း

ပိုးဆေးနှဲ (Mealy Bug)

ပေါင်းပင်ပေါက်ရောက်ခြင်း၊ ရောဂါစွဲခြင်းနှင့် ပိုးမွှားများနှင့် နီမတုတ် (Nematode) ကပ်ပါးကောင်များ ဝင်ရောက်ခြင်းများသည်စားစပျစ်အထွက်နှုန်းကို ကန့်သတ်စေပါတယ်။

 

 

 

 

 

 

ပေါင်းသတ်ဆေးများ ပက်ဖျန်းခြင်း သို့မဟုတ် စပျစ်ပင်များအကြား အပေါ်ယံသာ ထွန်ယက်ခြင်းဖြင့် ပေါင်းပင်များသည် စပျစ်ပင်နှင့်အပြိုင် အာဟာရလုခြင်းနှင့် စိုစွတ်ခြင်းကိုရှောင်ရှားနိုင်ပါတယ်။ ရာသီဥတု စိုစွတ်ခြင်းကြောင့် မဲပုတ်ခြင်း၊ မီးခိုးမှိုစွဲခြင်းနှင့် ရွက်ခြောက်ရောဂါ၊ ဖားဥမှိုရောဂါများ ဖြစ်စေနိုင်ပြီး စပျစ်အထွက်နှုန်းနှင့် အရည်အသွေး လျှော့ကျမှုများ သိသိသာသာ ဖြစ်စေနိုင်သည်။

ပိုးထောင်ချောက်


 

 

 

 

 

 

ပိုးမွှားပေါက်ပွားမှုကို ထိန်းချုပ်ရန် ပိုးထောင်ချောက်များကို အသုံးပြုနိုင်ပါတယ်။

အထိရောက်ဆုံး ထိန်းချုပ်မှုသည် မှိုသတ်ဆေးရည်များ ပက်ဖျန်းခြင်း၊ ညီမျှသော သီးနှံအာဟာရကျွေးသည့် အစီအစဉ်များနှင့် အပင်အပေါ်ပိုင်းရှင်းလင်းထားခြင်းအားဖြင့် ရောဂါကျရောက်မှုကို လျှော့ကျစေနိုင်ပါတယ်။ စပျစ်ပင်အသစ်များကို သန့်ရှင်း၍၊ နမတုတ် (Nematode) ကဲ့သို့သော ပြန့်ပွားတတ်သည့် ပိုးကောင်များကို အမြစ်ပင်စည်မှ ပါမလာစေရန် လုပ်ဆောင်ခြင်းအားဖြင့် အရွက်လိပ်ခြင်းနှင့် မှိုအဝိုင်းပြောက်ဆွဲခြင်းကဲ့သို့သော ဗိုင်းရက်စ်များကို လျှော့ချနိုင်သည်။

ပိုးအမျိုးစား အမြောက်အများသည် ဝိုင်စပျစ်ကို ကိုက်ဖျက်လေ့ရှိပါတယ်။ ဥပမာအားဖြင့် စပျစ်သီးလုံးဖောက်ပိုးများသည် နာတာရှည်ဖျက်ပိုးများဖြစ်ပြီး ပိုးသတ်ဆေးဖြင့် နှိမ်နင်းနိုင်ပါတယ်။

သင့်ရဲ့ စပျစ်သီးနှံမှာ အဟာရချို့တဲ့ခြင်း ရှိနေပါသလား

သင့်ရဲ့ သီးနှံမှာ အဟာရချို့တဲ့ခြင်း ရှိနေပါသလား။ အောက်ပါ ဇယားတွင် သီးနှံအဟာရချို့တဲ့ခြင်းများကို အလွယ်တကူ ရှာဖွေပါ။

B ဘိုရွန်
Ca ကယ်လစီယမ်
Fe အိုင်ရွန်း (သံဓာတ်)
Mg မဂ္ဂနီစီယမ်
Mn မဂ္ဂနီး
N နိုက်ထရိုဂျင်
P ဖော့စဖောရပ်
K ပိုတက်ဆီယမ်
Zn ဇင့်

အားလုံးကို ကြည့်ရန်

မှန်ကန်သောအာဟာရစီမံခန့်ခွဲမှုက စပျစ် သီးနှံများကို မည်သို့ အကျိုးသက်ရောက်နိုင်သလဲ


ယာရာမြန်မာကို ဆက်သွယ်ရန်

ယာရာမြန်မာ လီမိတက်

အမှတ် ၁၃-၁၉၊ ဆူးလေစကွဲ အဆောက်အအုံ၊ ဆူးလေဘုရားလမ်း၊
ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့၊ မြန်မာ။

ဖုန်းနံပါတ် - ၀၁ ၉၂၅ ၅၁၉၅