fbpx

သီးနှံအာဟာရ ဖြေရှင်းနည်းများ

စပျစ်

စားစပျစ် စိုက်ပျိုးနည်းများ

သီးညှပ်စိုက်ပျိုးခြင်း


အထူးသဖြင့် သဲဆန်သောမြေဆီလွှာတွင် လေသို့မဟုတ် မြေဆီလွှာ တိုက်စားခြင်းကို ကာကွယ်ရန် သီးညှပ်စိုက်ပျိုးကြပါတယ်။

သီးညှပ်စိုက်ပျိုးခြင်းဖြင့် စပျစ်ခိုင်ပေါ်တွင် ဖုန်တက်ခြင်း ကိုလည်း လျှော့နည်းစေမည် ဖြစ်ပါတယ်။ အချို့သော ဒေသများတွင် သီးညှပ်စိုက်ခင်းများကို စပျစ်ပင် အမြစ်များ ကောင်းစွာ မကြီးထွားခင် (၄ နှစ်မှ ၅နှစ်) အထိ စိုက်လေ့မရှိသောကြောင့် သီးညှပ်စိုက်ခင်းအတွက် လိုအပ်သော အာဟာရနှင့် အစိုဓာတ်များကို လျှော့ချပေးခြင်းအားဖြင့် စပျစ်အထွက်နှုန်းကို ထိခိုက်မှု မရှိနိုင်ပေ။

 

ကိုင်းချိုင်ခြင်း

 

စားစပျစ်ပင် ကိုင်းချိုင်ခြင်း

ကိုင်းချိုင်ခြင်းသည် အမြစ်ပင်စည်နှင့် ပင်စည်မကြီးကို ပြုပြင်ပေးခြင်းဖြစ်ပြီး၊ ကြီးထွားမှုနှုန်း အများဆုံးနှင့် အထွက်နှုန်း ကောင်းစေရန်အတွက် စပျစ်ပင်၏ အသီးအရွက်မျှတစေရန် ရည်ရွယ် လုပ်ဆောင်ခြင်းပဲ ဖြစ်ပါတယ်။ နောင်လာမည့်နှစ် ခူးဆွတ်ချိန်တွင် အပင်အသစ်စက်စက်မှ ခူးဆွတ်ရန်အတွက် ပြင်ဆင်ရန် ဆောင်းရာသီတွင်း ကိုင်းချိုင်ရန်လိုအပ်ပါတယ်။ ထိုသို့ ပြုလုပ်ခြင်းဖြင့် ပထမ (၃) နှစ်မှ (၄) နှစ်အတွင်း စိတ်တိုင်းကျသော စပျစ်စိုက်ခင်း အနေအထားကို ရရှိစေနိုင်ပါတယ်။

ဒေသတွင်း အသုံးပြုလေ့ရှိသော နည်းလမ်းများ၊ ပျိုးခင်းအမျိုးမျိုးနှင့် စပျစ်ပင်၏ အညွှန့်အသားအပေါ်မူတည်၍ ကိုင်းတက်များကို လိုအပ်သလောက် ချန်ထားပြီး၊လွန်ခဲ့သည့်ရာသီမှ ကိုင်းများကို ချိုင်ရပါတယ်။ အကယ်၍ ကိုင်းတိုဖြစ်ပါက လာမည့်နှစ်များအတွင်း ကိုင်းတက်နှစ်ချောင်းမှ ခြောက်ချောင်းအထိသာ ချန်ထားခဲ့ရပါမယ်။


အောက်ခြေမှအရွက်များ နှင့် ဘေးကိုင်း သားတက်အသစ်များကို ရာသီအလိုက် ရှင်းလင်းခြင်းကို အသီးမတင်ခင် ပြုလုပ်ပေးခြင်း၊ စပျစ်ပင်အပေါ်ပိုင်းကိုပြုပြင်ခြင်း၊ အလင်းရောင် ပိုမိုကောင်းမွန်အောင် ရရှိစေခြင်းနှင့်ပိုးသတ်ဆေးပက်ဖျန်းခြင်းများသည်လည်း အရွယ်မြန်မြန် ရောက်စေပါတယ်။  အသီးစမမှည့်ခင် ရာသီလယ်၌ အရွက်များနှင့် ဘေးသားတက်များကို ညှပ်ထုတ်ခြင်း၊ အကိုင်းများ ချိုင်ခြင်း သို့မဟုတ် ဖြတ်ထုတ်ခြင်းသည် အသီးများစောလျှင်စွာ မှည့်စေရန် ကူညီပေး၍ အသီးအရွယ်အစားကိုပါ ကြီးမားစေပါတယ်။


စပျစ်စိုက်သူများသည် ညံ့သောကိုင်းများကို ဖယ်ရှားပေးခြင်းအားဖြင့် စပျစ်အရည်အသွေးကို တိုးတက်စေနိုင်ပါတယ်။ စတင်အသီးမှည့်ချိန်၌ အသီးဖယ်ရှားပေးခြင်းဖြင့် အသီးရင့်မှည့်မှု စောစေနိုင်ပါတယ်။ ၎င်းကဲ့သို့လုပ်ဆောင်ခြင်းသည် စပျစ်ပင်ရဲ့ အခါက်နှင့် အကိုင်းများ ထိခိုက်မိလျှင် စပျစ်ပင်ကြံ့ခိုင်မှုကို လျှော့နည်းစေပြီး ထိခိုက်မှု ပြင်းထန်လာလျှင် စပျစ်ပင်ကို သေစေနိုင်ပါတယ်။

အပင်ကြီးထွားဆေး


အပင်ကြီးထွားမှုဆေး ဟိုက်ဒရိုဂျင် ဆိုင်ရာနမိုက်ကို ဆောင်းရာသီ ကိုင်းမချိုင်ခင်တွင် ထည့်သွင်းခြင်းဖြင့် အပင်စောစီးစွာ ကြီးစေ၍ သီးငုတ်ထွက်ညီညာစေပါတယ်။ အပင်ကြီးထွားဟော်မုန်းဖြစ်သော ဂျီဘာရက်လစ်အက်စစ် (ဂျီအေ) ကို အပွင့်ပွင့်ချိန် ဖျန်းပါက အသီးတင်မှုကို ၃၀% ခန့် လျှော့ကျစေနိုင်ပြီး အသီးအရွယ်အစားကြီးခြင်း သို့မဟုတ် အသီးချွန်များ ဖြစ်စေနိုင်ပါတယ်။

အမြစ်ပင်စည်

 
အပူကြောင့် ပျက်စီးခြင်း                                                        မိုးသီးကြောင့် ပျက်စီးခြင်း

 

 

အမြစ်ပင်စည်ရွေးချယ်ခြင်းသည် အပင်ကြံ့ခိုင်မှု၊ စွမ်းဆောင်ရည်နှင့် စပျစ်အထွက်နှုန်းအပေါ် တိုက်ရိုက်သက်ရောက်မှုရှိပါတယ်။ အမြစ်ပင်စည်များသည် ၎င်းတို့၏ ခံနိုင်ရည်နှင့် တုံ့ပြန်နိုင်စွမ်းသည် သီးခြားသော အခြေအနေများ (ဥပမာ - မြေချဉ်ငံဓာတ်၊ ထုံးဓာတ်၊ ဆား/ရေ ချို့တဲ့မှု၊ ရောဂါများ) အပေါ်မှုတည်၍ ပြောင်းလဲမှုရှိပါတယ်။ မြေဆီလွှာတွင် သဘာဝအလျောက် မြေသြဇာကောင်းမွန်ခြင်း၊ စီမံခန့်ခွဲမှုနှင့် ရရှိနိုင်သော မြေဆီလွှာအစိုဓာတ်များသည် အမြစ်ပင်စည်ရွေးချယ်ခြင်း၊ စပျစ်ပင် နေရာအကျယ်အဝန်းနှင့် အခြားသော လုပ်ငန်းများအတွက် အရေးကြီးသော အခန်းကဏ္ဍများအနေဖြင့် ပါဝင်နိုင်ပါတယ်။
အာဟာရစားသုံးမှုများသော အမြစ်ပင်စည်ကို ရွေးချယ်ခြင်း၊ မြေဆီလွှာ လိုက်လျောညီထွေရှိခြင်းနှင့် ရာသီဥတုတို့သည် အာဟာရလုံလောက်စွာ အသုံးပြုနိုင် စေခြင်းကြောင့် စားစပျစ်ထုတ်လုပ်နိုင်မှုကို ကြာရှည်စွာ ထိန်းထားပေးနိုင်ပြီး ထုတ်လုပ်မှုစရိတ်ကို လျော့ကျစေနိုင်ပါတယ်။ အမြစ်ပင်စည်အမျိုးမျိုးမှ အာဟာရထုတ်ယူနိုင်စွမ်းသည် အမြစ်ဖြန့်ကြက်မှုအကွာအဝေးနှင့် အမြစ်လုံးပတ်တို့အပေါ် ဆက်စပ်လျက်ရှိပါတယ်။ သင့်တော်သော အမြစ်ပင်စည်ကို ရွေးချယ်ခြင်းဖြင့် မြေကြီးမှ သယ်ဆောင်လာသော ရောဂါများနှင့် မြေဆီလွှာထဲရှိ ဆားပါဝင်မှုကို ခံနိုင်ရည်တိုးစေပါတယ်။

နှစ်သီးထပ် စိုက်ပျိုးနည်း


အပူပိုင်းခြောက်သွေ့ဇုန်များ (ဥပမာ- ဘရာဇီးနိုင်ငံရှိ ဆန်ဖရန်စစ်စကိုဘေလီ)တွင် တစ်နှစ်ပတ်လုံး ရာသီဥတု ညီမျှပါက စပျစ်ထုတ်လုပ်မှုသည် တစ်နှစ်လျှင် နှစ်သီးကျလေ့ရှိပါတယ်။ နှစ်သီးထပ်စိုက်ပျိုးရာတွင် အဓိကသော့ချက်မှာ ဒုတိယစိုက်ခင်းတွင် ပန်းပွင့်မှု တိုးစေရန် ပထမအကြိမ်ခူးဆွတ်ပြီးနောက် ရေသွင်းခြင်းကို လျှော့ချပေးခြင်းပဲဖြစ်ပါတယ်။ သြစတေးရီးယားနိုင်ငံတွင် ဒုတိယရာသီ၌ စပျစ်ဈေးကောင်းချိန်နောက်ကျ၍ ခူးဆွတ်နိုင်ရန် ပထမအကြိမ် ခူးဆွတ်ပြီး ၄ ပတ်အကြာအထိ စပျစ်များကို သာမန်အတိုင်း ကိုင်းချိုင်လေ့ရှိပါတယ်။


ပထမအကြိမ်နှင့် ဒုတိယအကြိမ်အသီးတင်မှုများသည် သာမန်အားဖြင့် ပထမအကြိမ်၌ တစ်ဟတ်တာတွင် တန် ၄၀ (40 t/ha) နှင့် ဒုတိယအကြိမ်၌ တစ်ဟတ်တာတွင် ၁၀ တန်မှ ၁၅ တန် (10 – 15 t/ha) အသီးသီး ထွက်လေ့ရှိပါတယ်။ နှစ်သီးထပ်စိုက်ပျိုးရာတွင် အထွက်နှုန်းတိုးစေရန်အတွက် ပိုမိုကောင်းမွန်သော အာဟာရ အစီအမံများ လိုအပ်ပါတယ်။ အထူးသဖြင့် အစောပိုင်း ပိုတက်ဆီယမ်၊ ကယ်လ်ဆီယမ်နှင့် မဂ္ဂနီဆီယမ် ထည့်သွင်းခြင်းနှင့် ဆွတ်ခူးပြီးနောက် နိုက်ထရိုဂျင်၊ ဖော့စဖောရပ်နှင့် ပိုတက်ဆီယမ် တို့ထည့်ပေးရန် အထူး ဂရုပြုရပါမယ်။ ဒုတိယအကြိမ် ခူးဆွတ်ရာတွင် ပထမအကြိမ် အထွက်မှ အာဟာရများ ပါသွားခြင်းမှ ကာကွယ်နိုင်ရန် ရာသီနှစ်ခုလုံးတွင် လုံလောက်သော အာဟာရ ပမာဏကို ထည့်ပေးရန် လိုအပ်ပါတယ်။

သင့်ရဲ့ စပျစ်သီးနှံမှာ အဟာရချို့တဲ့ခြင်း ရှိနေပါသလား

သင့်ရဲ့ သီးနှံမှာ အဟာရချို့တဲ့ခြင်း ရှိနေပါသလား။ အောက်ပါ ဇယားတွင် သီးနှံအဟာရချို့တဲ့ခြင်းများကို အလွယ်တကူ ရှာဖွေပါ။

B ဘိုရွန်
Ca ကယ်လစီယမ်
Fe အိုင်ရွန်း (သံဓာတ်)
Mg မဂ္ဂနီစီယမ်
Mn မဂ္ဂနီး
N နိုက်ထရိုဂျင်
P ဖော့စဖောရပ်
K ပိုတက်ဆီယမ်
Zn ဇင့်

အားလုံးကို ကြည့်ရန်

မှန်ကန်သောအာဟာရစီမံခန့်ခွဲမှုက စပျစ် သီးနှံများကို မည်သို့ အကျိုးသက်ရောက်နိုင်သလဲ


ယာရာမြန်မာကို ဆက်သွယ်ရန်

ယာရာမြန်မာ လီမိတက်

အမှတ် ၁၃-၁၉၊ ဆူးလေစကွဲ အဆောက်အအုံ၊ ဆူးလေဘုရားလမ်း၊
ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့၊ မြန်မာ။

ဖုန်းနံပါတ် - ၀၁ ၉၂၅ ၅၁၉၅