fbpx

သီးနှံအာဟာရ ဖြေရှင်းနည်းများ

စပျစ်

စပျစ်ခိုင် အရေအတွက်နှင့်အသီးအလေးချိန်ကို တိုးစေခြင်း

စပျစ်အထွက်နှုန်း တိုးစေရန်အတွက် တောင်သူများသည် စပျစ်ခိုင်များနှင့် အသီးအလေးချိန်ကို ထိန်းချုပ်ရန် လိုအပ်ပါတယ်။

မှန်ကန်သော အာဟာရများသည် ထိုအချက်များအပေါ် အကျိုးရှိစွာ သက်ရောက်မှုရှိပါတယ်။

 

အပင်အာဟာရ၊ စပျစ်ခိုင်နှင့် အသီးအလေးချိန်


ဖော့စဖောရပ်ဓာတ်


ဖော့စဖောရပ် သည် စပျစ်အထွက်နှုန်းအပေါ် တိုက်ရိုက် အကျိုးသက်ရောက်မှုရှိပါတယ်။ သဘာဝအလျောက် ဖော့စဖိတ်ဓါတ်သည် မြေဆီလွှာတွင် ပါဝင်မှုနည်းပါးပြီး ဖော့စဖိတ်မြေသြဇာသည် အသီးတင်ခြင်းနှင့် အသီးအထွက်ကို တိုးစေပါတယ်။

ဖော့စဖောရပ်ဓာတ် အသီးအလေးချိန် နဲ့ စပျစ်သီးအရေအတွက်

 

 


ပိုတက်ဆီယမ်


ပိုတက်ဆီယမ်နှင့် အထွက်နှုန်း


ပိုတက်ဆီယမ်သည် အလင်းမှီစု အစာချက်လုပ်ရာမှ ရရှိလာ‌သော ပါဝင်ပစ္စည်းများကို အရွက်မှ အခြားသော သီးပင်၏ အစိတ်အပိုင်းစီသို့ ပို့ဆောင်ရာတွင် ပါဝင်ပါတယ်။ ထို့ကြောင့် အသီးကြီးထွားနှုန်းနှင့် အထွက်နှုန်းကို အဆုံးအဖြတ်ပေးနိုင်ပါတယ်။ ယေဘုယျအားဖြင့် အသီးအထွက်တိုးခြင်းနှင့် အခိုင်အလေးချိန်တိုးခြင်းသည် ၂၄ မှ ၄၄ % အထိ တိုးခဲ့ကြောင်း ပြသခဲ့ပါတယ်။

 

ဘိုရွန် (လက်ချားဓါတ်) (Boron)


ဘိုရွန်ကျွေးခြင်း

 

လက်ချားဓာတ်သည် စပျစ်အသီးတင်ရန်အတွက် အရေးပါသောနေရာမှ ပါဝင်ပါတယ်။ ၎င်းကို မြေဆီလွှာမှ လျှင်မြန်စွာ ထုတ်ယူနိုင်သော်လည်း အပင်ထဲတွင် မရွေ့ရှားနိုင်ခြင်းကြောင့် လျှင်မြန်စေရန်နှင့် ပန်းပွင့်ပြီးနောက် ဝတ်မှုံကူးခြင်း မှန်ကန်မှုရှိစေရန်နဲ့အခိုင်အရေအတွက် ပြည့်ဝစေရန် ရွက်ဖျန်းဆေးအနေဖြင့် ပက်ဖျန်းသင့်ပါတယ်။ လက်ချားဓာတ်ချို့တဲ့ခြင်းသည် အခိုင်အရေအတွက် နည်းပါးခြင်း၊ အခိုင်တွင်း အသီးကြီးနှင့် အသီးငယ်ရောနေခြင်းများကြောင့် စပျစ်အထွက်နှုန်းကို အလွန်အမင်း ထိခိုက်စေနိုင်ပါတယ်။ ထို့ကြောင့် လက်ချားဓာတ် ပက်ဖျန်းပေးခြင်းသည် ကြီးထွားမှုနှင့် အထွက်နှုန်းတိုးစေရန် အရေးပါခြင်းပဲဖြစ်ပါတယ်။

 

သံဓာတ် (Iron)


သံဓာတ်နှင့် အသီးအလေးချိန်

 

သံဓာတ်ထည့်သွင်းမှုများ (ဥပမာ chelate ကို မြေဆီလွှာအတွင်း ရေနှင့်အတူတူ ထည့်သွင်းနည်းဖြင့်) ကို အရွက်စောထွက်ခြင်းနှင့် စပျစ်ခင်း အထွက်နှုန်းတိုးစေရန် အသုံးပြုနိုင်ပါတယ်။ လုံလောက်သော သံဓာတ်ပမာဏကို ထည့်သွင်းခြင်းအားဖြင့် ကြီးထွားမှုနှုန်း မြင့်မားခြင်းနဲ့စပျစ်အလေးချိန် တိုးစေနိုင်ပါတယ်။ အလွန်အကျွံထည့်သွင်းခြင်းဖြင့် ဆိုးကျိုးများရှိနိုင်တာကို သတိပြုသင့် ပါတယ်။ မြေဆီလွှာအတွင်း သံဓာတ်မြင့်မားမှုသည် ပိုကောင်းသော အသီးဖွင့်ဖြိုးမှုကို ပြုလုပ်ပေးနိုင်သော မန်ဂနီးစ် စုပ်ယူစားသုံးမှုကိုလည်း လျှော့ကျနိုင်ပါတယ်။

 

ဇင့်ဓာတ်


ဇင့်ဓာတ်နှင့် သိုလှောင်ထားချိန်အတွင်း အလေးချိန်လျှော့ကျမှု

 

ဇင့်သည် သိုလှောင်ရာတွင် အသီးအလေးချိန်အပေါ်အကျိုးရှိသော ရှိပါတယ်။

စားစပျစ်အတွက် အကြုံပြုထောက်ခံထားသော ယာရာမြေသြဇာ

သင့်ရဲ့ စပျစ်သီးနှံမှာ အဟာရချို့တဲ့ခြင်း ရှိနေပါသလား

သင့်ရဲ့ သီးနှံမှာ အဟာရချို့တဲ့ခြင်း ရှိနေပါသလား။ အောက်ပါ ဇယားတွင် သီးနှံအဟာရချို့တဲ့ခြင်းများကို အလွယ်တကူ ရှာဖွေပါ။

B ဘိုရွန်
Ca ကယ်လစီယမ်
Fe အိုင်ရွန်း (သံဓာတ်)
Mg မဂ္ဂနီစီယမ်
Mn မဂ္ဂနီး
N နိုက်ထရိုဂျင်
P ဖော့စဖောရပ်
K ပိုတက်ဆီယမ်
Zn ဇင့်

အားလုံးကို ကြည့်ရန်

မှန်ကန်သောအာဟာရစီမံခန့်ခွဲမှုက စပျစ် သီးနှံများကို မည်သို့ အကျိုးသက်ရောက်နိုင်သလဲ


ယာရာမြန်မာကို ဆက်သွယ်ရန်

ယာရာမြန်မာ လီမိတက်

အမှတ် ၁၃-၁၉၊ ဆူးလေစကွဲ အဆောက်အအုံ၊ ဆူးလေဘုရားလမ်း၊
ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့၊ မြန်မာ။

ဖုန်းနံပါတ် - ၀၁ ၉၂၅ ၅၁၉၅