fbpx

သီးနှံအာဟာရ ဖြေရှင်းနည်းများ

စပျစ်

စားစပျစ်အရည်အသွေးအပေါ် လွှမ်းမိုးမှု

စပျစ်အရည်အသွေး စံသတ်မှတ်ချက်များသည် နိုင်ငံများအကြား ကွာခြားမှုရှိပါတယ်။

ဒေသတွင်း ကြိုက်နှစ်သက်ပုံ၊ အရသာနှင့် ရိုးရာဓလေ့အလိုက် ဖြစ်တည်လာခြင်းပဲဖြစ်ပါတယ်။ မြင့်မားသော အချိုတ်နှင့် အချိုရည်ပါဝင်မှုကို ထိန်းသိမ်းရင်း အရွယ်ရောက်ချိန်တွင် ကိုင်တွယ်ပြုပြင်ခြင်းသည် ဈေးကွက်တင်ပို့နိုင်မှုအတွက် အရေးပါပါတယ်။

အပြင်ပန်း အရည်အသွေး


စပျစ်သီးတွေ ဟာ ပြင်ပန်းအရည်အသွေး ကောင်းမွန်ရမည်ဖြစ်ပြီး ဈေးကွက်လိုအပ်ချက်အလိုက် ဆွဲဆောင်မှုရှိသော လက္ခဏာများနှင့် ပြည့်စုံရပေမည်။

စပျစ်သီးများ၏ အဓိက အပြင်ပန်းအရည်အသွေး တိုင်းတာချက်များတွင် အသီးရောင်၊ အရွယ်အစားညီညာမှု၊ အခွံမာကြောခြင်း၊ အသီးတင်းခြင်းနှင့် အခိုင်အပေါ်တွယ်ချိတ်မှု အားကောင်းခြင်း တို့ ပါဝင်ပါတယ်။

 

အတွင်းပိုင်းအရည်အသွေး

 

စပျစ်၏ အတွင်းပိုင်းအရည်အသွေးသည်လည်း အလွန်အရေးပါပါတယ်။ လိုအပ်သော အချိုဏာတ်ပါဝင်မှု ပမာဏသည် တစ်ဦးချင်းအကြိုက်နှင့် နှစ်သက်ပုံပေါ် တွင်မူတည်ပါတယ်။ အသီး၏ အချိုပါဝင်မှုကို အချို/အချဉ် အချိုးဖြင့် ဖော်ပြလေ့ရှိပါတယ်။ စပျစ်အတွင်း အချိုဓာတ်ပါဝင်မှု (သို့မဟုတ်) လုံးဝပျော်ဝင်နိုင်သောအစိုင်ခဲများ (TSS) ပါဝင်မှုကိုတိုင်းတာရာတွင် အသီး၏ အချိုဓာတ်ပါဝင်မှုရာခိုင်နှုန်း (Brix) ကို ချင့်ချိန် တွက်ခြင်းမှ အများအားဖြင့် ရရှိနိုင်ပါတယ်။

မှန်ကန်သော အာဟာရဓာတ်များ ပက်ဖျန်းခြင်းသည် အရည်အသွေးမြင့်မားသော စပျစ်ကို ရရှိစေရန် လိုအပ်သော သီးနှံစီမံမှုပင် တစ်ခုပင်ဖြစ်ပါတယ်။

 

သီးနှံအာဟာရနှင့် စပျစ်အရည်အသွေး


အများလိုအာဟာရများ


အများလိုအာဟာရဓာတ်များ (နိုက်ထရိုဂျင်၊ ဖော့စဖောရပ်နှင့် ပိုတက်ဆီယမ်) လုံလောက်စွာ ထောက်ပံ့ပေးခြင်းသည် စပျစ်အရည်အသွေးကို ပိုမိုတိုးစေနိုင်ပါတယ်။ နိုက်ထရိုဂျင်သည် သီးနှံကြီးထွားမှုနဲ့  ဖွံ့ဖြိုးမှုကို တိုးမြင့်ပေးနိုင်တဲ့ အတွက်ကြောင့် အရည်အသွေး ပိုမိုကောင်းမွန်သော အသီးများ ထုတ်လုပ်ရာတွင် လိုအပ်ပါတယ်။နိုက်ထရိုဂျင် မြေသြဇာကို ထည့်ပေးခြင်းသည် အသီးတွင်း အချိုဓာတ် ပါဝင်မှုကို မြင့်မားစေသော်လည်း နိုက်ထရိုဂျင် များပြားခြင်းသည်လည်း သီးနှံဆွတ်ခူးချိန်၌ အသီးများ လျှော့ရွဲစေနိုင်ပါတယ်။


ပိုတက်ဆီယမ် သည် နျူကလစ်အက်ဆစ်များနှင့် အဆီဒြပ်ပေါင်းများ၏ အဓိကပါဝင်ပစ္စည်းဖြစ်ပါတယ်။ စပျစ်အရည်အသွေးကို တိုးစေနိုင်ပြီး ကြီးထွားမှုနှင့် ဖွံ့ဖြိုးမှုကိုလည်း တိုးမြှင့်ပေးပါတယ်။ ပိုတက်ဆီယမ်သည် ကြီးထွားမှုနှင့် ဖွံ့ဖြိုးမှု ဖြစ်စဉ်များ၌ အလင်းမှီစု အစာချက်လုပ်သည့် ပစ္စည်းများကို ပို့ဆောင်ရာတွင် အဓိကနေရာမှ ပါဝင်ပါတယ်။ ဒါ့အပြင် စပျစ်အရွယ်အစားနှင့် ညီညာမှုကို တိုးစေ၍ အခွံအရောင်ကိုလည်း တက်စေပါတယ်။ ထို့ကြောင့် ပိုတက်ဆီယမ် မြေသြဇာ ပက်ဖျန်းပေးခြင်းအားဖြင့် စပျစ်၏ အချို/အချဉ် အချိုးကို တိုးစေနိုင်ပါတယ်။


ဒုတိယ အများလိုအာဟာရဓာတ်များဖြစ်တဲ့ (ကယ်လ်ဆီယမ်၊ မဂ္ဂနီဆီယမ်နဲ့ ဆာလ်ဖာ) ချို့တဲ့ခြင်းသည် စပျစ်အရည်အသွေးကို ထိခိုက်စေနိုင်ပါတယ်။ ကယ်လ်ဆီယမ်သည် အမြှေးပါးများ ထိန်းသိမ်းသည့် ဆဲလ်နံရံများတွင် အဓိက ပါဝင်ပစ္စည်း တစ်ခုဖြစ်ပြီး အင်ဇိုင်းစနစ်များ၊ အပင်ဟော်မုန်း လှုပ်ရှားမှုများနဲ့ဲ့အာဟာရ စားသုံးမှုများ လည်ပတ်မှုအပေါ် တိုက်ရိုက်လွှမ်းမိုးမှု ရှိပါတယ်။ ကယ်လ်ဆီယမ် အာဟာရသည် အထူးသဖြင့် အချိန်လွန် ဆွတ်ခူးခြင်းအပေါ်  လွှမ်းမိုးလေ့ရှိပါတယ်။ ရာသီတစ်လျှောက် စပျစ်ပင်အပေါ်သို့ ကယ်လ်ဆီယမ် ပက်ဖျန်းခြင်းနှင့်/ သို့မဟုတ် အသီးဖွံ့ဖြိုးချိန်အတွင်း အသီးအပေါ် ပက်ဖျန်းခြင်းအားဖြင့် ကယ်လ်ဆီယမ် ပမာဏလုံလောက်စွာ ထိန်းသိမ်းထားရန် အလွန် အရေးကြီးသည်။ အထူးသဖြင့် ရာသီကုန်ခါနီး အသီးအရွယ်ရောက်ချိန်တွင် အသီးအပေါ်သို့ ကယ်လ်ဆီယမ် တိုက်ရိုက် ပက်ဖျန်းခြင်းသည် အခွံကြံ့ခိုင်မှု တိုးစေခြင်း၊ အထားခံနိုင်ခြင်းနှင့် ပင်ကိုလက္ခဏာများ ကိုင်တွယ်ဖြေရှင်းခြင်းများအတွက် အလွန်အရေးပါပါတယ်။

အနည်းလိုအာဟာရဓာတ်များ


အနည်းလိုအာဟာရဓာတ်များ ချို့တဲ့ခြင်းကလည်း ကြီးထွားမှုနှင့် ဖွံ့ဖြိုးမှုကို ကန့်သတ်စေသောကြောင့် အနည်းလိုအာဟာရဓာတ်များ လုံလောက်စွာ ကျွေးပေးခြင်းဖြင့် စပျစ် ပိုမိုကောင်းမွန်စွာ ကြီးထွားခြင်းနှင့် ဖွံ့ဖြိုးမှုကို ရရှိစေနိုင်ပါတယ်။ ဘိုရွန် (Boron) သည် ဝတ်မှုံကူးခြင်းနှင့် အသီးတင်ခြင်းကို တိုးမြှင့်ပေးစေပါတယ်။ ဘိုရွန်ဓာတ်ပါဝင်သော မြေသြဇာ ကျွေးပေးခြင်း အားဖြင့် အချိုဓာတ်ပါဝင်မှု မြင့်မားစေပါတယ်။


သံဓာတ် (Iron) ကို ပိုမိုကောင်းမွန်သော အသီးဖွံ့ဖြိုးမှုနှင့် အရည်အသွေးကို ရရှိစေရန် အရွက်အထွက်စော၍ အလင်းမီစု အစာချက်လုပ်နိုင်စေရန်အတွက် အထူးသဖြင့်လိုအပ်ပါတယ်။ သံဓာတ်ပမာဏ လုံလောက်စွာ ထောက်ပံ့ပေးခြင်းအားဖြင့် အချိုဓာတ်ပါဝင်မှုကို တိုးစေပါတယ်။


ဇင့်ဓာတ် သည် ရောင်ခြယ်ပစ္စည်း ဖွံ့ဖြိုးစေသော ဖြစ်စဉ်တွင် ပါဝင်သောကြောင့် စပျစ်အရည်အသွေး တိုးတက်စေရန်အတွက် အရေးပါပါတယ်။ ဇင့်ဓာတ်ပါဝင်သော မြေသြဇာ ကျွေးပေးခြင်းအားဖြင့် အချိုဓာတ်ပါဝင်မှု တိုးစေခြင်းနှင့် အချိန်လွန် ဆွတ်ခူးရာ၌ အလေးချိန်လျော့ကျခြင်းကို လျှော့ချပေးနိုင်ပါတယ်။

စားစပျစ် အရည်အသွေးအပေါ် ထုတ်ပြန်ချက်တစ်ခုစီတိုင်းတွင် ယာရာ၏ အကြံပြုချက်များကို ရှာဖွေပါ။

သင့်ရဲ့ စပျစ်သီးနှံမှာ အဟာရချို့တဲ့ခြင်း ရှိနေပါသလား

သင့်ရဲ့ သီးနှံမှာ အဟာရချို့တဲ့ခြင်း ရှိနေပါသလား။ အောက်ပါ ဇယားတွင် သီးနှံအဟာရချို့တဲ့ခြင်းများကို အလွယ်တကူ ရှာဖွေပါ။

B ဘိုရွန်
Ca ကယ်လစီယမ်
Fe အိုင်ရွန်း (သံဓာတ်)
Mg မဂ္ဂနီစီယမ်
Mn မဂ္ဂနီး
N နိုက်ထရိုဂျင်
P ဖော့စဖောရပ်
K ပိုတက်ဆီယမ်
Zn ဇင့်

အားလုံးကို ကြည့်ရန်

မှန်ကန်သောအာဟာရစီမံခန့်ခွဲမှုက စပျစ် သီးနှံများကို မည်သို့ အကျိုးသက်ရောက်နိုင်သလဲ


ယာရာမြန်မာကို ဆက်သွယ်ရန်

ယာရာမြန်မာ လီမိတက်

အမှတ် ၁၃-၁၉၊ ဆူးလေစကွဲ အဆောက်အအုံ၊ ဆူးလေဘုရားလမ်း၊
ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့၊ မြန်မာ။

ဖုန်းနံပါတ် - ၀၁ ၉၂၅ ၅၁၉၅