စပျစ်သီးအရွယ်စားနှင့် ပုံသဏ္ဍာန်အပေါ် လွှမ်းမိုးမှု
စပျစ်သီးနှံ၏ ရုပ်လက္ခဏာဆိုင်ရာနှင့် ဓာတုဆိုင်ရာကိုင်တွယ်လုပ်ဆောင်ခြင်းသည်
ဈေးကွက်လိုအပ်ချက်တွေနဲ့ ကိုက်ညီမှုရှိစေရန်အတွက် အသီးညီညာ၍ အရွယ်ရောက်ချိန်တူညီမှုရှိစေရန် လုပ်ဆောင်ပေးသောကြောင့် အရေးကြီးပါတယ်။ အပွင့်ပွင့်ချိန်၌ ကြီးထွားဟော်မုန်း ဖြစ်သော ဂျစ်ဘရယ်လစ်အက်စစ် (ဂျီအေ (GA)) ကိုအသုံးပြုခြင်းအားဖြင့် အသီးတင်မှုကို (၃၀ %) အထိလျှော့ကျစေ၍ အသီးအရွယ်အစား ကြီးစေကာဘဲဥပုံ သီးချွန်များ ဖြစ်စေပါတယ်။
စားစပျစ်များ
သီးနှံအာဟာရ၊ စပျစ်သီးအရွယ်အစားနှင့် ပုံသဏ္ဍာန်
ပိုတက်ဆီယမ် (K)
ပိုတက်ဆီယမ်သည် အသီးအရည်အသွေးနှင့် အရွယ်အစားကိုဆုံးဖြတ်ရာတွင် အရေးပါသောနေရာမှ ပါဝင်နေတယ်။ ၎င်းသည် အသီးအရွယ်အစားနှင့် စပျစ်ခိုင်တွင်း အသီးညီညာမှုကိုတိုးစေပါတယ်။
ကယ်လ်ဆီယမ် (Ca)
ရင့်မှည့်ချိန်တွင် အသီးတွင်းကယ်လ်စီယမ် ပါဝင်မှု လျှော့နည်းစေပါတယ်။ ကယ်လ်ဆီယမ် အဓိကပါဝင်မှုသည် စပျစ်၏ အခွံ၌တည်ရှိသောကြောင့်ပဲ ဖြစ်ပါတယ်။ ရာသီတစ်လျှောက် စပျစ်ပင်ပေါ်သို့ ပက်ဖျန်းပေးခြင်းနှင့်/သို့မဟုတ် အသီးပေါ်သို့ ပက်ဖျန်းပေးခြင်းအားဖြင့် ကယ်လ်ဆီယမ်ပမာဏကိုထိန်းသိမ်းထားရန် အလွန် အရေးပါတယ်။
သံဓာတ် (Iron) (Fe)
သံဓာတ်သည် စပျစ်စုစုပေါင်းအထွက်နှုန်း၊ အရွယ်အစားနဲ့ ပုံသဏ္ဍာန်တို့ကိုတိုးစေနိုင်ပါတယ်။ သံဓာတ်ချို့တဲ့မှုသည် အရွက်ဖွံ့ဖြိုးမှုလျှော့ကျစေသောကြောင့် အသီးအရွယ်အစားသေးစေပါတယ်။
စားစပျစ်အတွက် အကြံပြုထားသော ယာရာမြေသြဇာများ