fbpx

သီးနှံအာဟာရ ဖြေရှင်းနည်းများ

စပျစ်

စားစပျစ်၏ TSS/ အချိုပါဝင်မှုနှင့် အချဉ်ဓာတ် အပေါ်လွှမ်းမိုးမှု

အသီးတွင်း အချိုဓာတ်ပါဝင်မှုကို အချို/အချဉ် အချိုးဖြင့် ဖော်ပြပါတယ်။ စပျစ်၏ TSS တွင် အချိုဓာတ် ပါဝင်မှု ပမာဏကို အများအားဖြင့် ဘရစ် (Brix) ဖြင့်တိုင်းတာကြပါတယ်။

စပျစ်တွင် ခူးဆွတ်ပြီးချိန်၌ အချိုဓာတ်ပါဝင်မှု မြင့်စေနိုင်သည့် ရေဖြင့်ဓာတ်ပြု၍ ပြိုကွဲနိုင်သော ကဘ်လ်စီဓာတ်ပါဝင်မှု သီးသန့်မရှိသောကြောင့်၊ ဆွတ်ခူးချိန်တွင် အရသာနှင့် အထားခံနိုင်မှု အရည်အသွေးအတွက် အချိုဓာတ်ပါဝင်မှုကို အကောင်းဆုံးအဆင့်၌ ထိန်းထားရန် လိုအပ်ပါတယ်။ ဒေသအမျိုးမျိုး သို့မဟုတ် တင်ပို့သည့်နိုင်ငံအလိုက် အချိုဓာတ်အတွက် စံချိန်စံနှုန်းများကို သတ်မှတ်ထားကြပါတယ်။

 

ရင့်မှည့်ချိန်အတွင်း အချိုအချဉ်ဓာတ်ညီမျှမှု

 

အချိုဓာတ်ကို အသီးမှည့်ချိန်တွင် စတင်စုဆောင်းပါတယ်။ အချိုဓာတ်ပါဝင်မှုသည် ရင့်မှည့်ချိန် အတိုင်းအတာနှင့် သီးနှံစီမံမှုအပေါ်တွင် မူတည်ပါတယ်။ အသီးရွယ်ရောက်လာသည်နှင့်အမျှ စပျစ်အတွင်း အချဉ်ဓာတ် လျှော့လာ၍ အချိုဓာတ်ပါဝင်နှုန်း တိုးလာပါတယ်။

ကောင်းမွန်သည့် ဘရစ်/အချဉ်ဓာတ်အချိုး (Brix/acid) သည် ၂၅ :၁ အချိုး (25:1) သို့မဟုတ် ထို့ထက်ပိုပြီး၊ အချို့သော မျိုးကွဲများကို ဘရစ်/အချဉ်ဓာတ်အချိုး ၂၀:၁ ချိုး (20:1) ဖြင့် ဈေးကွက်တင်ပို့နိုင်ပါတယ်။ တော်တော်များများ စပျစ်မျိုးများအတွက် ဥရောပတွင် ဘရစ်/အချဉ်ဓာတ်အချိုး ၂၀:၁ ချိုး (20:1) ကို စံအဖြစ် လက်ခံထားပါတယ်။

 

သီးနှံအာဟာရ၊ စပျစ်၏ TSS/ အချိုပါဝင်မှုနှင့် အချဉ်ဓာတ်

 

နိုက်ထရိုဂျင် (N)

 

နိုင်ထရိုဂျင် သည် TSS နှင့် အချဉ်ဓာတ်အပေါ် သက်ရောက်မှုရှိပါတယ်။


နိုက်ထရိုဂျင် ကို အသီးအရည်အသွေး ပိုမိုကောင်းမွန်စေရန် လိုအပ်ပြီး ၎င်းသည် သီးနှံကြီးထွားမှုနှင့် ဖွံ့ဖြိုးမှုကို တိုးမြှင့်ပေးပါတယ်။ နိုက်ထရိုဂျင်မြေသြဇာ ထည့်ကျွေးခြင်းအားဖြင့် စပျစ်တွင်း အချိုဓာတ် ပါဝင်မှု ပိုမိုမြင့်မားစေပါတယ်။

 

ပိုတက်ဆီယမ် (K)

 

 

ပိုတက်ဆီယမ် သည်TSS နှင့် အချဉ်ဓာတ်အပေါ် အကျိုးသက်ရောက်မှုရှိပါတယ်။

ပိုတက်ဆီယမ် သည် TSS နှင့် အချဉ်ဓာတ်အချိုး (TSS:Acid) ဖြင့် တိုင်းတာချက်အရ စပျစ်၏ အချိုဓာတ်ပါဝင်မှုနှင့် အချိုနှုန်းကို တိုးစေသောအားဖြင့် စပျစ်သီးအနံ့အရသာအပေါ် လွှမ်းမိုးမှုရှိပါတယ်။ ပိုတက်ဆီယမ် မြေသြဇာ ထည့်သွင်းခြင်းအားဖြင့် စပျစ်၏ အချို/အချဉ် အချိုးကို တိုးစေပါတယ်။

 

ဘိုရွန် (လက်ချားဓာတ်) (B)

ဘိုရွန်/လက်ချားဓာတ် - TSS နှင့် အချဉ်ဓာတ်

လက်ချားဓာတ် ရွက်ဖျန်းဆေးသည် TSS ပါဝင်မှု ပမာဏကို တိုးစေ၍ အချဉ်ဓာတ်ပါဝင်မှုကို လျှော့ကျစေခြင်းအားဖြင့် စပျစ်အရည်အသွေးတိုးစေရန် ကူညီလုပ်ဆောင်ပေးပါတယ်။

 

သံဓာတ် (Fe)

 

သံဓာတ် TSS အရွက်ဖျန်းဆေး

အိန္ဒိယနိုင်ငံ၏ သုတေသနအရ သံဓာတ်ပမာဏ အကောင်းဆုံးအခြေအနေတွင် စပျစ်သီးတွင်း TSS ပါဝင်မှု တိုးစေပါတယ်။ သံဓာတ်သည် အရွက်အထွက်စောစေရန်အတွက်နှင့် အလင်းမှီစု အစာချက်ခြင်းတို့အတွက် လိုအပ်ပြီး အသီးဖွံ့ဖြိုးမှုနဲ့ဲ့အရည်အသွေးကို ပိုမိုကောင်းမွန်စေပါတယ်။ သံဓာတ်မြေသြဇာ လုံလုံလောက်လောက် ထည့်သွင်းပေးခြင်းအားဖြင့် အချိုဓာတ်ပါဝင်မှု တိုးစေပါတယ်။

 

ဇင့်ဓာတ် (Zn)

 

ဇင့်ဓာတ် - TSS

 

ဇင့်ဓာတ်သည် ရောင်ခြယ်ပစ္စည်း ဖွံ့ဖြိုးမှု ဖြစ်စဉ်တွင် ပါဝင်သောကြောင့် စပျစ်အရည်အသွေး တိုးတက်စေရန်အတွက် အရေးပါတယ်။ အရွက်ကို ဇင့်ဓာတ်ဖျန်းခြင်းသည် အချိုဓာတ်ပါဝင်မှုကို တိုးစေပါတယ်။

စပျစ်အတွက် အကြုံပြုထားသော ယာရာမြေသြဇာများ

သင့်ရဲ့ စပျစ်သီးနှံမှာ အဟာရချို့တဲ့ခြင်း ရှိနေပါသလား

သင့်ရဲ့ သီးနှံမှာ အဟာရချို့တဲ့ခြင်း ရှိနေပါသလား။ အောက်ပါ ဇယားတွင် သီးနှံအဟာရချို့တဲ့ခြင်းများကို အလွယ်တကူ ရှာဖွေပါ။

B ဘိုရွန်
Ca ကယ်လစီယမ်
Fe အိုင်ရွန်း (သံဓာတ်)
Mg မဂ္ဂနီစီယမ်
Mn မဂ္ဂနီး
N နိုက်ထရိုဂျင်
P ဖော့စဖောရပ်
K ပိုတက်ဆီယမ်
Zn ဇင့်

အားလုံးကို ကြည့်ရန်

မှန်ကန်သောအာဟာရစီမံခန့်ခွဲမှုက စပျစ် သီးနှံများကို မည်သို့ အကျိုးသက်ရောက်နိုင်သလဲ


ယာရာမြန်မာကို ဆက်သွယ်ရန်

ယာရာမြန်မာ လီမိတက်

အမှတ် ၁၃-၁၉၊ ဆူးလေစကွဲ အဆောက်အအုံ၊ ဆူးလေဘုရားလမ်း၊
ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့၊ မြန်မာ။

ဖုန်းနံပါတ် - ၀၁ ၉၂၅ ၅၁၉၅