fbpx

သီးနှံအာဟာရ ဖြေရှင်းနည်းများ

စပျစ်

ရေနှင့် အငန်ဓာတ်ကို စီမံခြင်း

ရေစီမံခြင်း

စပျစ်ထုတ်လုပ်မှုသည် ယေဘုယျအားဖြင့် ၄၀၀ မှ ၁,၃၅၀ မီလီမီတာ (တစ်ဟတ်တာတွင် ၄,၀၀၀ မှ ၁၃,၅၀၀ မီတာထုထည်) ရှိ ရေပမာဏကို

တစ်ရာသီအတွင်း ရာသီဥတု၊ မြေဆီလွှာ၊ အမျိုးကွဲများစသည်တို့ပေါ် မှုတည်၍ အမြင့်မားဆုံး အထွက်နှုန်းရရှိရန် လိုအပ်ပါတယ်။ ထို့ကြောင့် ရေပေးသွင်းခြင်းနှင့် ရေနှင့်မြေသြဇာရော၍ပေးသွင်းခြင်းများကို အထူးသဖြင့် စပျစ်ပင်ကြီးထွားမှုကို အဟန့်အတားဖြစ်စေသော မိုးရေချိန်သာ ရရှိသည့် နိုင်ငံအတော်များများတွင် ကျင့်သုံးလာကြပါတယ်။ ရေသွင်းစနစ်ကို အထူးသဖြင့် စပျစ်အများအပြား ထုတ်လုပ်သည့် ပူပြင်းခြောက်သွေ့သော ဒေသများတွင် ကောင်းမွန်သော စပျစ်အရည်သွေး ထုတ်လုပ်နိုင်ရန် အတွက် ရေပေးသွင်းခြင်းကို အရေးကြီးသော စနစ်အဖြစ် ပိုမို၍သိမြင်လာကြပါတယ်။

   
 စပျစ် - အစက်ချ ရေပေးသွင်းခြင်း  အစက်ချ ရေပေးသွင်းခြင်း

 

 

ရေစီမံမှုအတွက် ရေဖျန်းကိရိယာများ

ရေဖျန်းကိရိယာ

 

တောင်အာဖရိက ကဲ့သို့သော ကန္တာရဒေသများတွင် နှစ်စဉ်နှစ်တိုင်း ရေပေးသွင်းမှုကို ၂၀၀၀ မီလီမီတာအထိ ပေးသွင်းနိုင်ပါတယ်။ စပိန်နိုင်ငံတွင် ၆၀၀ မီလီမီတာ ရေပေးသွင်းမှုသည် ပုံမှန်ပဲဖြစ်ပါတယ်။ ပန်းပွင့်ချိန်နှင့် အသီးရင့်မှည့်ချိန်ကြားတွင် ရေရရှိနိုင်သည့်ပမာဏသည် ထုတ်လုပ်မှုကို ကြီးမားစွာ လွှမ်းမိုးမှုရှိသော်လည်း မည်သည့် ကြီးထွားမှု အဆင့်တွင်မဆို ရေပေးသွင်းမှု မလုံလောက်ပါက အထွက်နှုန်းနှင့် အရည်အသွေး လျှော့ကျစေပါမယ်။ မြေဆီလွှာအတွင်းရှိရေကို စီမံခြင်းသည် အသီးအရည်အသွေးကောင်း ဖြစ်ထွန်းစေရန်အတွက် အရေးပါသည်။ မြေဆီလွှာသည် အလွန်ခြောက်သွေ့နေပါက စပျစ်အထွက်နှုန်းနှင့် အရည်အသွေးကို ကျစေပါတယ်။

 

ကြီးထွားကာစ အချိန်တွင် ရေရရှိနိုင်သောပမာဏ ချို့တဲ့ပါက အရွက်များနှင့်အညွှန့်အတက်များကို နွမ်းစေပါတယ်။ ခြောက်သွေ့မှု၏ ပထမလက္ခဏာသည် အလျှင်အမြန် ကြီးထွားနေသော ထိတ်ဖူးများ အစိမ်းဖျော့ဖျော့ဘက်သို့ ပြောင်းလဲသွားနိုင်ပါတယ်။ နွယ်နှာမောင်း ထိပ်ဘက်မှ အပင်ပြန်လည်သေဆုံးခြင်းနှင့် ကြွေကျမှုများသည် ခြောက်သွေ့မှုဒဏ်ကို ပြသသည့် အကောင်းဆုံး လက္ခဏာပြချက်များပဲ ဖြစ်ပါတယ်။ အသီးကြီးထွားမှု မြန်ဆန်နေသည့်အချိန်၌ ရေမလုံလောက်ခြင်းသည် အသီး၏ အရွယ်အစားကို ကန့်သတ်စေ၍ အထွက်နှုန်းနှင့် အရည်အသွေးကို တိုက်ရိုက်ထိခိုက်စေပါတယ်။

 

စားစပျစ်


အရွယ်ရောက်ချိန်၌ ရေအနည်းငယ် မလုံလောက်မှုသည် အညွှန့်ကြီးထွားမှုကို ကန့်သတ်စေခြင်းအားဖြင့် အသီးကို အလွန်လျှင်မြန်သောနှုန်းဖြင့် မှည့်စေပြီး၊ အသီးအရွယ်အစားကို သေးစေပြီး အချိုဓာတ်ပါဝင်မှု တိုးစေကာ၊ တစ်ဖက်တွင် အသီးမှည့်ချိန်၌ ရေအလွန်အကျွံ သွင်းခြင်းနှင့် မိုးသည်းထန်စွာ ရွှာခြင်းသည် အရွယ်ရောက်ခြင်းကို နှောင့်နှေးစေပြီး အသီးကွဲခြင်းနှင့် အသီးပျော့ခြင်းများကို ဖြစ်စေကာ ရောဂါဝင်ရောက်နိုင်မှုအထိ ဖြစ်စေနိုင်ပါတယ်။ ရေများသော မြေဆီလွှာထဲတွင် အချိန်ကြာမြင့်စွာ ထားထားပါက အမြစ်သေစေနိုင်ခြင်း၊ ကြီးထွားမှုကန့်သတ်ခြင်း၊ အထွက်ကျခြင်းနှင့်အသီးအရည်အသွေး နိမ့်ပါးခြင်းတို့ ဖြစ်စေနိုင်ပါတယ်။ လုံလောက်သော ရေပမာဏကို ထောက်ပံ့ပေးခြင်းအားဖြင့် စပျစ်အထွက်ကို တိုးစေပါတယ်။

 

ဆားဓာတ်ပါဝင်မှု

၅၀ % အထက်ရှိသော ကမ္ဘာ့ရေသွင်း စိုက်ပျိုးမြေများသည် ဆားပါဝင်မှု ပြဿနာများကို ကြုံတွေ့ရပါတယ်။ စပျစ်၌ အထူးသဖြင့် ခံနိုင်ရည်မရှိသော အမြစ်ပင်စည်များကို စိုက်ပျိုးထားသည့် နေရာများတွင် ဆားဓာတ်သည် စပျစ်ပင်ကို ရေချို့တဲ့စေပြီး အာဟာရ စားသုံးမှု မညီမျှခြင်းကို ဖြစ်စေသောကြောင့် အချို့သော အာဟာရဓာတ်များ (ဥပမာ - ကယ်လ်စီယမ်) ချို့တဲ့စေနိုင်ခြင်း သို့မဟုတ် အခြားသော လျှပ်စစ်အဖိုဓာတ်များ (ဥပမာ - ကလိုရင်းနှင့် ဆိုဒီယမ်) စားသုံးမှု ပိုလျှံစေခြင်းကြောင့် အဆိတ်အတောက်ကို ဖြစ်စေနိုင်ပါတယ်။ အဆုံးစွန်သော ရလဒ်များအဖြစ် ကြီးထွားမှု ရ်တန့်သွားခြင်း၊ ခြောက်သွေ့ခြင်း၊ နွမ်းခြင်းနှင့် အရွက်သေဆုံးခြင်းတို့ကို ဖြစ်စေနိုင်၍ အထွက်နှုန်းနှင့် အရည်အသွေးကို လျှော့ကျစေပါတယ်။


သင့်တော်သော အာဟာရဓာတ်များနှင့် မျှတသော အာဟာရဓာတ်များ ဖြစ်သည့် အထူးသဖြင့် ကယ်လ်ဆီယမ်၊ ပိုတက်ဆီယမ်နှင့် နိုက်ထရိတ်နိုင်ထရိုဂျင် တို့ကို ‌ကျွေးပေးခြင်းအားဖြင့် ဆားဓာတ်ပါဝင်မှု ပြဿနာများကို အနည်းဆုံး လျှော့ချပေးနိုင်သည်။ ဥပမာ နိုက်ထရိတ်နိုင်ထရိုဂျင်သည် ကလိုရိုက်စားသုံးမှုကို လျှော့ချစေ၍ ပိုတက်ဆီယမ်၊ ကယ်လ်ဆီယမ်နှင့် မဂ္ဂနီဆီယမ် စားသုံးမှုကို တိုးစေပါတယ်။

 

နိုက်ထရိတ်နိုက်ထရိုဂျင်သည် ကယ်လ်ဆီယမ်၊ ပိုတက်ဆီယမ် သို့မဟုတ် မဂ္ဂနီဆီယမ် နိုက်ထရိတ်ကို ထောက်ပံ့ပေးနိုင်ပြီး အမိုးနီးယမ်ဖွဲ့စည်းပုံရှိသည့် နိုက်ထရိုဂျင်နှင့် နှိုင်းယှဉ်ပါက ရေသောက်သုံးမှု ပမာဏကို တိုးစေပါတယ်။
အမြစ်ဇုန်အတွင်း ကယ်လ်ဆီယမ်ပမာဏ ပါဝင်မှု မြင့်မားခြင်းသည် ဆိုဒီယမ်နှင့် ကလိုရိုက်စားသုံးမှု၏ ဆိုးကျိုးသက်ရောက်မှုများကို လျှော့ကျစေနိုင်ပြီး တစ်ဖက်တွင် ပိုတက်ဆီယမ်နှင့် နိုက်ထရိတ် အသုံးပြုမှုကို တိုးစေပါတယ်။

သင့်ရဲ့ စပျစ်သီးနှံမှာ အဟာရချို့တဲ့ခြင်း ရှိနေပါသလား

သင့်ရဲ့ သီးနှံမှာ အဟာရချို့တဲ့ခြင်း ရှိနေပါသလား။ အောက်ပါ ဇယားတွင် သီးနှံအဟာရချို့တဲ့ခြင်းများကို အလွယ်တကူ ရှာဖွေပါ။

B ဘိုရွန်
Ca ကယ်လစီယမ်
Fe အိုင်ရွန်း (သံဓာတ်)
Mg မဂ္ဂနီစီယမ်
Mn မဂ္ဂနီး
N နိုက်ထရိုဂျင်
P ဖော့စဖောရပ်
K ပိုတက်ဆီယမ်
Zn ဇင့်

အားလုံးကို ကြည့်ရန်

မှန်ကန်သောအာဟာရစီမံခန့်ခွဲမှုက စပျစ် သီးနှံများကို မည်သို့ အကျိုးသက်ရောက်နိုင်သလဲ


ယာရာမြန်မာကို ဆက်သွယ်ရန်

ယာရာမြန်မာ လီမိတက်

အမှတ် ၁၃-၁၉၊ ဆူးလေစကွဲ အဆောက်အအုံ၊ ဆူးလေဘုရားလမ်း၊
ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့၊ မြန်မာ။

ဖုန်းနံပါတ် - ၀၁ ၉၂၅ ၅၁၉၅