fbpx

သီးနှံအာဟာရ ဖြေရှင်းနည်းများ

စပျစ်

ဈေးကွက် လိုအပ်ချက်များ

အရည်အသွေး စံများသည် နိုင်ငံများအကြားတွင် ကွာခြားမှုရှိပါတယ်။

ဒေသတွင်း ကြိုက်နှစ်သက်ပုံ၊ အရသာနှင့် ရိုးရာဓလေ့အလိုက် အများအားဖြင့် ဖြစ်တည်လာခြင်းဖြစ်ပါတယ်။

စားသုံးသူများ၏ ကြိုက်နှစ်သက်မှုသည် အများအားဖြင့် အနံ့၊ အရသာ၊ အခွံနှင့်အသီးတင်းခြင်း နှင့် အစေ့ပါဝင်ခြင်း မပါဝင်ခြင်းအပေါ်မူတည်လေ့ရှိပါတယ်။ ကောင်းမွန်သော ‘လုံလုံလောက်လောက်တင်းတင်းရင်းရင်းရှိသည့်’ အသီးကြွပ်ဆပ်ခြင်းကိုလိုလားကြပါတယ်။ စားသုံးသူ အများအပြားသည် အလုံးကြီး၍ ညီညာသည့် စပျစ်ခိုင်ကို ရှာဖွေလေ့ရှိပါတယ်။ အစိမ်း၊ အနီ သို့မဟုတ် အမဲရောင်ရှိသော စပျစ်များကို အခြားသော ကြားအရောင်ရှိသည့် စပျစ်များထက် ပို၍ ဦးစားပေးရွေးချယ်ကြပါတယ်။

 

အတွေ့အကြုံများအရ စပျစ်တွင် အစောဆုံးထွက်သောစပျစ်ခိုင်များ (ထိပ်ဖျား၌ရှိသောစပျစ်ခိုင်များ) သည် ပို၍စားကောင်းပါတယ်။


စပျစ်များကို အရည်အသွေးအပေါ်မှု၍ အဆင့်သတ်မှတ်ချက်များ ပြုလုပ်နိုင်ပါတယ်။ လိုအပ်သော အဆင့်သတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိစေရန် ဗူးသွပ်ခြင်းနှင့် တံဆိပ်ကပ်ခြင်းအတွက် အနည်းဆုံး သတ်မှတ်ထားသည့် လိုအပ်ချက်များလည်းရှိပါတယ်။

 

စပျစ် အမျိုးအစားများ

 

စပျစ်တင်ပို့သော ဒေသများ သို့မဟုတ် တင်ပို့သည့် နိုင်ငံများအလိုက် အချိုပါဝင်နှုန်း စံများကို သတ်မှတ်ဖွင့်ဆိုကြပါတယ်။ ဥရောပအဖွဲ့အစည်းတွင် ဥပမာအားဖြင့် ယူနိုက်တက်နေးရှင်းနိုင်ငံများတွင် အစေ့မဲ့ အသီးမျိုးများကို အချိုသတ်မှတ်နှုန်း ၁၄ ရာခိုင်နှုန်း (14 °Brix) နှင့် အစေ့ပါအသီး မျိုးများကို ၁၃ ရာခိုင်နုန်း (13 °Brix) ဟူ၍ ကိုယ်ပိုင်သတ်မှတ်ထားပါတယ်။

 

အသီးအရွယ်အစား

အသီးအရွယ်အစားသည် ဈေးကွက်လက်ခံမှုအပေါ် လွှမ်းမိုးမှုရှိပါတယ်။

 

အချိုဓာတ်သည် အသီးမှည့်ချိန်၌ စုစည်းပါတယ်။ အချိုဓာတ်ပါဝင်မှု ပမာဏသည် အသီးမှည့်ချိန် ကာလ၊ စပျစ်ပင်ရှိ အသီးအရေအတွက်နှင့် သီးနှံစီမံမှု ဆောင်ရွက်ချက်များအပေါ်တွင် မှုတည်ပါတယ်။ အသီးအရွယ်ရောက်ချိန်အလိုက် အချိုဓာတ်ပါဝင်မှု တိုးလာပြီး တစ်ချိန်ထဲတွင် စပျစ်သီးအတွင်း ပါဝင်သော အချဉ်ဓာတ် လျော့နည်းသွားသည် (ပုံ - ၁)။ ထို့ကြောင့် အကောင်းဆုံး အချိုဓာတ်/အချဉ်ဓာတ် အချိုး၌ တစ်ပြိုင်နက် ခူးဆွတ်ရန် အလွန် အရေးကြီးပါတယ်။

စပျစ်၏ ဘရစ်/အချဉ်ဓာတ် (°Brix/Acid) အချိုးအတွက် စက်ရုံများတွင်လည်း သတ်မှတ်ထားသော အရည်အသွေး စံများရှိပါတယ်။ ကောင်းမွန်သော ဘရစ်/အချဉ်ဓာတ် အချိုးသည် ၂၅ အချိုး ၁ ချိုး (25:1) သို့မဟုတ် အထက်၌ရှိပြီး၊ အချို့သော စပျစ်မျိုးများအတွက် ဘရစ်/အချဉ်ဓာတ်အချိုး ၂၀ အချိုး ၁ ချိုး (20:1) အထိ နိမ့်သောနှုန်းဖြင့် ဈေးကွက်သို့ တင်ပို့နိုင်ပါတယ်။ ဥရောပတွင် စပျစ်မျိုး အများစုအတွက် ဘရစ်/အချဉ်ဓာတ်အချိုး ၂၀ အချိုး ၁ ချိုး (20:1) ကို သာမန်စံနှုန်းအဖြစ် လက်ခံထားပါတယ်။

 

သင့်ရဲ့ စပျစ်သီးနှံမှာ အဟာရချို့တဲ့ခြင်း ရှိနေပါသလား

သင့်ရဲ့ သီးနှံမှာ အဟာရချို့တဲ့ခြင်း ရှိနေပါသလား။ အောက်ပါ ဇယားတွင် သီးနှံအဟာရချို့တဲ့ခြင်းများကို အလွယ်တကူ ရှာဖွေပါ။

B ဘိုရွန်
Ca ကယ်လစီယမ်
Fe အိုင်ရွန်း (သံဓာတ်)
Mg မဂ္ဂနီစီယမ်
Mn မဂ္ဂနီး
N နိုက်ထရိုဂျင်
P ဖော့စဖောရပ်
K ပိုတက်ဆီယမ်
Zn ဇင့်

အားလုံးကို ကြည့်ရန်

မှန်ကန်သောအာဟာရစီမံခန့်ခွဲမှုက စပျစ် သီးနှံများကို မည်သို့ အကျိုးသက်ရောက်နိုင်သလဲ


ယာရာမြန်မာကို ဆက်သွယ်ရန်

ယာရာမြန်မာ လီမိတက်

အမှတ် ၁၃-၁၉၊ ဆူးလေစကွဲ အဆောက်အအုံ၊ ဆူးလေဘုရားလမ်း၊
ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့၊ မြန်မာ။

ဖုန်းနံပါတ် - ၀၁ ၉၂၅ ၅၁၉၅