fbpx

သီးနှံအာဟာရ ဖြေရှင်းနည်းများ

စပျစ်

အပင်အာဟာရ အကျဉ်းချုပ်

နိုက်ထရိုဂျင်ကို အလျှင်အမြန် ကြီးထွားစဉ်ကာလတွင် အများအပြားလိုအပ်ပါတယ်။ သို့သော် နိုက်ထရိုဂျင် အလွန်များပြားသွားပါက ကြီးထွားမှုနှင့် ကြံ့ခိုင်မှု လွန်ကဲခြင်းကို ဖြစ်စေပါတယ်။

အများလိုအာဟာရဓာတ်များ

အဓိက အာဟာရ စားသုံးမှု၊ စုစည်းထားသော အာဟာရ စားသုံးမှု

 


နိုက်ထရိုဂျင် (N)


နိုက်ထရိုဂျင်ကို အလျှင်အမြန် ကြီးထွားစဉ်ကာလတွင် အများအပြား လိုအပ်ပါတယ်။ သို့သော် နိုက်ထရိုဂျင် အလွန်များပြားသွားပါက ကြီးထွားမှုနှင့် ကြံ့ခိုင်မှု လွန်ကဲခြင်းကို ဖြစ်စေပါတယ်။ ၎င်းသည် အရိပ်ကျခြင်းကို ဖြစ်စေပြီး နှောင်းပိုင်း ကြီးထွားမှု အဆင့်များတွင် အသီးအရည်အသွေးကို လျှော့ကျစေပါတယ်။ နိုင်ထရိုဂျင်ကို အသီးစတင်မှည့်ချိန်၌ စပျစ်သီးများတွင် စုစည်းမှု အမြင့်မားဆုံး ဖြစ်စေရန် အပင်အတွင်း လိုအပ်ပါတယ်။ ရေနှင့်မြေသြဇာ ရောသွင်းနည်းကို မသုံးသော နေရာများတွင်ကြီးထွားချိန်ရာသီ၌ နိုက်ထရိုဂျင်ကို သာမန်အားဖြင့် စောနိုင်သမျှစောကာ ကျွေးရမည်ဖြစ်၍ မကျွေးမိပါက မိုးရေချိန်ပမာဏများ စိမ့်ထွက်နိုင်ခြေ အလားအလာများပါတယ်။
အသီးကြီးထွားချိန်အတွင်း နိုင်ထရိုဂျင်ကို အသုံးပြု၍ လာမည့်ရာသီတွင် စောလျှင်စွာ ကြီးထွားစေရန်အတွက် စပျစ်ပင်များအတွင်း သီးသန့်သိုလှောင်ထားရန် အရွက်များ မရင့်ရော်ခင် ကျွေး ပေးပါမယ်။ နိုက်ထရိုဂျင်ပမာဏ အနည်းငယ်ဖြင့် ရာသီတစ်လျောက် ထောက်ပံ့ရန်အတွက် ရေနှင့်မြေသြဇာရော၍ အသုံးပြုခြင်းကြိ အသုံးပြုသင့်ပါတယ်။

ဖော့စဖိတ်ဓာတ် (P)


အမြစ်အားကောင်းစေရန်နှင့် စပျစ်ပင် ဖွံ့ဖြိုးမှုတို့ ရရှိစေရန် ဖော့စဖိတ်ဓာတ် အနည်းဆုံး ထိန်းသိမ်းခြင်း အစီအစဉ်များကို လိုအပ်ပါတယ်။

 

ပိုတက်ဆီယမ် (K)


ပိုတက်ဆီယမ်ကို သာမန်အားဖြင့် နိုက်ထရိုဂျင်ထက် ပမာဏ ပိုများစွာ လိုအပ်ပါတယ်။ အထွက်နှုန်း မြင့်မားသော စပျစ်ခင်းတွင် ပိုတက်ဆီယမ် ဖယ်ရှားရာ၌ နိုက်ထရိုဂျင်ဖြင့် နှိုင်းယှဉ်လျှင် နှစ်ဆနီးပါးထိ ပိုများနိုင်ပါတယ်။ တောင်အာဖရိကရဲ့ စမ်းသပ်ချက်အရ ပိုတက်ဆီယမ် စားသုံးမှုသည် တစ်ဟတ်တာတွင် ၂၀၀ ကီလိုဂရမ် (200kg/ha) အထိ ရှိ၍ နိုက်ထရိုဂျင်ပမာဏထက် သိသာထင်ရှားစွာ ပိုလျှက်ရှိပါတယ်။ သို့သော် ပိုတက်ဆီယမ်ကို ပိုလျှံစွာ အသုံးပြုပါက မဂ္ဂနီဆီယမ်နှင့် ကလ်လ်ဆီယမ် သို့မဟုတ် ကယ်လ်ဆီယမ် ရရှိနိုင်မှုကို လျှော့ကျစေသည့်အတွက် ဂရုပြုရန် လိုအပ်ပါတယ်။


ပိုတက်ဆီယမ် အများဆုံး လိုအပ်ချိန်တဲ့ အသီးဖွံ့ဖြိုးချိန်နှင့် အရွယ်ရောက်ချိန်ဖြစ်၍ ပိုတက်ဆီယမ်နှင့်အတူ ကာဗွန်ဟိုက်ဒရိတ်ဒြပ် ပေါင်းစည်းခြင်းသည် အရေးပါသည်။ ခြောက်သွေ့သော စိုက်ပျိုးရာသီများတွင်မြေဆီလွှာ စိုစွတ်မှုပမာဏ နည်းသော နေရာများ၌ စပျစ်ပင်အတွက် ပိုတက်ဆီယမ်ကို အခက်အခဲမရှိ မရရှိနိုင်တတဲ့ကြောင့် အရွက်ဖျန်းမြေသြဇာကို အထူးသဖြင့် အသီးမှည့်ချိန်၌ ပက်ဖျန်းပေးခြင်းသည် ယေဘုယျ လုပ်ဆောင်ချက်တစ်ခုပဲ ဖြစ်ပါတယ်။

 

ကယ်လ်ဆီယမ် (Ca)


ကယ်လ်စီယမ်ကို များပြားသော ပမာဏအနေဖြင့် တစ်ဟတ်တာတွင် ၁၅၀ ကီလိုဂရမ် (150kg/ha) လိုအပ်ပါတယ်။ မြောက်များစွာသော အခြေအနေတွင် ၎င်းသည် နိုက်ထရိုဂျင်နှင့် တန်းတူ အရေးပါတယ်။ ကယ်လ်ဆီယမ်စားသုံးမှု ၄၀% နီးပါးသည် အရွက်နှင့်စပျစ်ခိုင်ကြီးထွားရန်အတွက် ဖြစ်ပြီး အရွက်ထွက်စချိန်နှင့် အသီးတင်သည့် အဆင့်ကြားတွင်ဖြစ်ပါတယ်။


ကယ်လ်ဆီယမ်နိုက်ထရိတ်ကို ရာသီအစ၌ အသုံးပြုခြင်းသည် ထိုလိုအပ်သည့် အာဟာရနှစ်မျိုးလုံးကို အမြစ်ဖွံ့ဖြိုးမှုသန်မာစေရန်နှင့် အရွက်သစ်များ ထွက်စေရန်အတွက် ထောက်ပံ့ပေးနိုင်ပါတယ်။ သို့သော် ကယ်လ်ဆီယမ်ကို အထူးသဖြင့် ရာသီနှောင်းပိုင်းတွင် အသီးပေါ်သို့ တိုက်ရိုက် ပက်ဖျန်းခြင်းသည် အခွံကြံ့ခိုင်မှု၊ အထားခံမှု နှင့် ပင်ကိုလက္ခဏာ ထိန်းချုပ်နိုင်စွမ်းကို ပိုမိုတိုးစေရန်အတွက် အရေးပါပါတယ်။

မဂ္ဂနီဆီယမ် (Mg)


အသီးနှင့်အတူ အာဟာရဖယ်ရှားခြင်း

 


မဂ္ဂနီဆီယမ် ချို့တဲ့လျှင် ဆွတ်ခူးချိန်၌ အသီးအရွယ်မရောက်ခင် အသီးကြွေစေပြီး အခြားတစ်ဖက်တွင် ရွက်ဖျန်းဆေးများကိုလည်း လက်ရှိရာသီအတွင်းလိုအပ်သော ချို့တဲ့မှုများကို မှန်ကန်စေရန် ပြုပြင်ပေးနိုင်ပါတယ်။ အထူးသဖြင့် ပိုတက်ဆီယမ်၊ မဂ္ဂနီဆီယမ် အချိုးညီမျှမှု အားနည်းခြင်းကြောင့် မြေဆီလွှာတွင်ထည့်ထားသော မဂ္ဂနီဆီယမ်သည် ထိုဒြပ်စင်များကို မချုပ်တည်းစေရန်အတွက် အကောင်းဆုံး ရေရှည်စီမံကိန်းဖြစ်ပါတယ်။ မဂ္ဂနီဆီယမ် စားသုံးမှုအများဆုံးသည် အညွှန့်ကြီးထွားချိန်အတွင်းနဲ့  အသီးစတင် ကြီးထွားချိန်ပဲ ဖြစ်ပါတယ်။

 

အနည်းလိုအာဟာရဓာတ်များ

အထွက်နှုန်းနှင့် အရည်အသွေးပြည့်ဝသော စပျစ်ထုတ်လုပ်မှုကို ရရှိစေရန် အနည်းလို အာဟာရဓာတ်များသည် ပမာဏအနည်းငယ်သာ လိုအပ်သော်လည်း ထိုအနည်းလို အာဟာရဓာတ်များ ညီမျှမှုရှိစေခြင်းက အရေးကြီးပါတယ်။ အနည်းလိုအာဟာရဓာတ်များ လိုအပ်ချက်ကို ခန့်မှန်းရန်အတွက် အရွက်တစ်သျှူး စီစစ်ခြင်းသည် ချို့တဲ့မှုများကို မှန်ကန်စေရန်သော်လည်းကောင်း ဆေးအလွန်အကျွံ အသုံးပြုခြင်း၏ သက်ရောက်မှုများကို အနည်းဆုံးဖြစ်ရန်သော်လည်းကောင်းလုပ်ဆောင်ပေးနိုင်ပါတယ်။

ဘိုရွန်/လက်ချားဓာတ် (B)


လက်ချားဓာတ် ချို့တဲ့ခြင်းသည် အသီးတင်မှု ညံ့စေခြင်းနှင့် အခိုင်တွင်း အသီးကြီးငယ်များ ရောနှော ပါဝင်စေခြင်းကြောင့် စပျစ်သီးထုတ်လုပ်မှုကို သိသာစွာ ထိခိုက်စေပါတယ်။ လက်ချားဓာတ် အဆိပ်အတောက် ဖြစ်ခြင်းကို လက်ချားဓာတ်ပါဝင်မှုမြင့်များသော မြေဆီလွှာတွင် ရာသီကြိုတင်၍ စစ်ဆေးသွားခြင်းအားဖြင့် ထိန်းချုပ်စီမံရပေးရပါမယ်။ ကော့ပါးဓာတ်ကို အရွက်မှိုသတ်ဆေးအနေဖြင့်သာ အသုံးပြုသောကြောင့် လိုအပ်မှု ရှားပါးသည်။

သံဓာတ် (Fe)


သံဓာတ် ချို့ယွင်းခြင်းသည် အရွက်ကြီးထွားမှုလျှော့နည်းစေသောကြောင့် အသီးအထွက်နှုန်းကို ထိခိုက်စေပါတယ်။

 

ဇင့်ဓာတ် (Zn)


ဇင့်ဓာတ်ချို့ယွင်းခြင်းသည် အသီးတင်မှု ညံ့စေခြင်း၊ အညွှန့်များမတက်ခြင်းနှင့်အတူ အရွက်များ သေး၍ ပုံပျက်ခြင်းများကို ဖြစ်စေနိုင်ပါတယ်။ ရွက်ဖျန်းမြေသြဇာအနေဖြင့် သော်လည်းကောင်း ရေဖြင့်ရော၍ပေးသွင်းခြင်းဖြင့် သော်လည်းကောင်း ထည့်ပေးခြင်းသည် ထိုပြဿနာများကို အလျှင်မြန်ဆုံး ပြင်ဆင်ပေးနိုင်ပါတယ်။ ရာသီအတွင်း အနည်းလိုအာဟာဓာတ်များ ချို့တဲ့ခြင်းကို အနည်းဆုံးထိ လျှော့ချပေးနိုင်ရန် ကူညီပေးပါတယ်။ မဂ္ဂနီးစ်နှင့် ဇင့်ဓာတ် အခြောက်ပက်ကြဲခြင်းသည် ဥပမာအားဖြင့် မြေဆီလွှာထဲတွင် ရှုပ်ထွေးသွားစေနိုင်ခြင်းနှင့် စားသုံးချိန် ပိုမို ကြာစေနိုင်ခြင်းများ ဖြစ်စေနိုင်ပါတယ်။

သင့်ရဲ့ စပျစ်သီးနှံမှာ အဟာရချို့တဲ့ခြင်း ရှိနေပါသလား

သင့်ရဲ့ သီးနှံမှာ အဟာရချို့တဲ့ခြင်း ရှိနေပါသလား။ အောက်ပါ ဇယားတွင် သီးနှံအဟာရချို့တဲ့ခြင်းများကို အလွယ်တကူ ရှာဖွေပါ။

B ဘိုရွန်
Ca ကယ်လစီယမ်
Fe အိုင်ရွန်း (သံဓာတ်)
Mg မဂ္ဂနီစီယမ်
Mn မဂ္ဂနီး
N နိုက်ထရိုဂျင်
P ဖော့စဖောရပ်
K ပိုတက်ဆီယမ်
Zn ဇင့်

အားလုံးကို ကြည့်ရန်

မှန်ကန်သောအာဟာရစီမံခန့်ခွဲမှုက စပျစ် သီးနှံများကို မည်သို့ အကျိုးသက်ရောက်နိုင်သလဲ


ယာရာမြန်မာကို ဆက်သွယ်ရန်

ယာရာမြန်မာ လီမိတက်

အမှတ် ၁၃-၁၉၊ ဆူးလေစကွဲ အဆောက်အအုံ၊ ဆူးလေဘုရားလမ်း၊
ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့၊ မြန်မာ။

ဖုန်းနံပါတ် - ၀၁ ၉၂၅ ၅၁၉၅