fbpx

သီးနှံအာဟာရ ဖြေရှင်းနည်းများ

စပျစ်

စပျစ်တွင် မီးခိုးမှိုရောဂါ (Botrytis)ကျရောက်မှုကို လျှော့ချခြင်း

မီးခိုးမှိုရောဂါသည် မှိုရောဂါတစ်မျိုးဖြစ်ပြီး ၎င်းသည် ပန်းပွင့်များ၊ အရွက်များ၊ အညွှန့်များနှင့် အသီးများအပေါ်  ကျရောက်မှုရှိတယ်။

၎င်းသည် များသောအားဖြင့် ပူနွေးစိုစွတ်သော ရာသီဥတုကြောင့်  ဖြစ်စေနိုင်ပါတယ်။ တောင်သူများသည် မှန်ကန်သော သီးနှံအာဟာရ ထောက်ပံ့ပေးရင်း သစ်သီးပင်များကို ရောဂါများ အလွယ်တကူ ဝင်ရောက်မှုကို လျှော့ချစေနိုင်ပါတယ်။

စားစပျစ်တွင် သီးနှံအာဟာရနှင့် မီးခိုးမှိုရောဂါ (Botrytis)

 

နိုက်ထရိုဂျင်


စားစပျစ်တွင် နိုက်ထရိုဂျင်နှင့် မီးခိုး မှိုရောဂါ (Botrytis)


နိုက်ထရိုဂျင် အလွန်များပြားခြင်းကြောင့် ကြီးထွားမှုလွန်ကဲခြင်းသည် မီးခိုးမှိုရောဂါ ကဲ့သို့သော ရောဂါများ ဝင်ရောက်လွယ်ခြင်းကိုတိုးစေပါတယ်။

 

ပိုတက်ဆီယမ်

အရွက်နိုက်ထရိုဂျင်၊ ပိုတက်ဆီယမ်အချိုး နှင့် မီးခိုးမှိုရောဂါ (Botrytis)

ပိုတက်ဆီယမ်/နိုက်ထရိုဂျင်အချိုးမှန်ကန်စေခြင်းအားဖြင့် မီးခိုးမှိုရောဂါ၏ သက်ရောက်မှုကို အနည်းဆုံးထိ လျှော့ချပေးရန် ကူညီပေးပြီး ရောဂါပိုးဝင်ရောက်ခြင်းများကိုလည်း လျှော့ချပေးရန် ကူညီဆောင်ရွက်ပေးနိုင်ပါတယ်။ နိုင်ထရိုဂျင် အကျိုးသက်ရောက်မှု ညီမျှသောအခါ အပင်ကြီးထွားမှု တိုးစေပြီး အသီးတင်စဉ်အတွင်း အပင်မှဓာတ်သတ္တုများ (ဥပမာ - အချိုဓာတ်နှင့် အမီနိုအက်စစ်) တဖြည်းဖြည်း ထုတ်လွှတ်မှုတို့ကို ဖြစ်စေပါတယ်။


၎င်းဖြစ်စဉ်သည် အဖူးတက်ထွက်စေရန် ပါဝင်သော မည်သည့်ဆဲလ်တစ်လုံးရှိမျိုးကိုမဆို ကူညီ၍ အရွက်များနှင့် အသီးပေါ်တွင် ရောဂါပျံ့နှံ့စေပါတယ်။ ပိုတက်ဆီယမ် ပမာဏ မြင့်မားခြင်းသည် ရောဂါပျံ့နှံ့မှုကို မဖြစ်စေရန်ကာကွယ်ပေးနိုင်ပါတယ်။ ထို့ကြောင့် မြင့်မားသော ပိုတက်ဆီယမ်/နိုက်ထရိုဂျင် အချိုးသည် ရောဂါ၏ ဆိုးကျိုးသက်ရောက်မှုကို လျှော့ချပေးပါတယ်။ အကောင်းဆုံးသော ပိုတက်ဆီယမ်/နိုက်ထရိုဂျင် အချိုးသည် မျိုးကွဲပြားမှုပေါ် မူတည်၍ အမျိုးမျိုးရှိနိုင်ပါတယ်။

 

ကယ်လ်ဆီယမ်

ကယ်လ်ဆီယမ် ပက်ဖျန်းခြင်းနှင့် မီးခိုးမှိုရောဂါ (Botrytis)


ကယ်လ်ဆီယမ်သည် စပျစ်ပင်တွင် မီးခိုးမှိုရောဂါကဲ့သို့သော ရောဂါများကို ကာကွယ်ရာ၌ အကျိုးသက်ရောက်မှုရှိပါတယ်။ ဆဲလ်နံရံကို အားကောင်းလာစေရန် ပြုလုပ်ပေးခြင်းအားဖြင့် ရောဂါဝင်ရောက်မှုကို လျှော့ချစေနိုင်ပါတယ်။
၎င်းသည်စပျစ်ပင်၌ ရေခဲခြင်းနှင့် ရောဂါများကို ခံနိုင်ရည်ရှိစေနိုင်သော သစ်သားဖွဲ့စည်းမှုနှင့် သစ်အရွယ်ရောက်မှုဖြစ်စဉ်တွင် အရေးပါသော ကဏ္ဍမှ ပါဝင်ပါတယ်။ ကယ်လ်ဆီယမ် အရွက်ဖျန်းစေးကို မရင့်မှည့်မီအလျှင်နှင့် ရင့်မှည့်ပြီးနှောင်းပိုင်း ပက်ဖျန်းပေးခြင်းအားဖြင့် မီးခိုးမှိုရောဂါ ဝင်ရောက်ခြင်းကို လျှော့ချပေးနိုင်ပါတယ်။

သင့်ရဲ့ စပျစ်သီးနှံမှာ အဟာရချို့တဲ့ခြင်း ရှိနေပါသလား

သင့်ရဲ့ သီးနှံမှာ အဟာရချို့တဲ့ခြင်း ရှိနေပါသလား။ အောက်ပါ ဇယားတွင် သီးနှံအဟာရချို့တဲ့ခြင်းများကို အလွယ်တကူ ရှာဖွေပါ။

B ဘိုရွန်
Ca ကယ်လစီယမ်
Fe အိုင်ရွန်း (သံဓာတ်)
Mg မဂ္ဂနီစီယမ်
Mn မဂ္ဂနီး
N နိုက်ထရိုဂျင်
P ဖော့စဖောရပ်
K ပိုတက်ဆီယမ်
Zn ဇင့်

အားလုံးကို ကြည့်ရန်

မှန်ကန်သောအာဟာရစီမံခန့်ခွဲမှုက စပျစ် သီးနှံများကို မည်သို့ အကျိုးသက်ရောက်နိုင်သလဲ


ယာရာမြန်မာကို ဆက်သွယ်ရန်

ယာရာမြန်မာ လီမိတက်

အမှတ် ၁၃-၁၉၊ ဆူးလေစကွဲ အဆောက်အအုံ၊ ဆူးလေဘုရားလမ်း၊
ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့၊ မြန်မာ။

ဖုန်းနံပါတ် - ၀၁ ၉၂၅ ၅၁၉၅