fbpx

သီးနှံအာဟာရ ဖြေရှင်းနည်းများ

စပျစ်

ကာဗွန်ဒိုင်အောက်ဆိုဒ် ထုတ်လွှတ်မှုကို လျှော့ချခြင်း

တိုးပွားလာသော ကမ္ဘာ့လူဦးရေ၊ စားနပ်ရိက္ခာနှင့် စွမ်းအင်လိုအပ်ချက်များ ပြည့်မီရန်အတွက်ရေရှည်ရပ်တည်နိုင်သော

စိုက်ပျိုးရေးတွင်ဓာတ်မြေသြဇာဖြည့်စွက်ခြင်းကို ဆက်လက်၍ လိုအပ်မည်ဖြစ်သော်လည်း ထုတ်ကုန်များသည် သဘာဝပတ်ဝန်းကျင်အပေါ် ဆိုးကျိုးသက်ရောက်မှုကို လျှော့ချနိုင်ရန်အတွက် ကာဗွန်ဒိုင်အောက်ဆိုဒ် ထုတ်လွှတ်မှုပမာဏကို လျှော့ချရန် လိုအပ်သည်ဟု ယာရာမှ လက်ခံထားပါတယ်။ 

 
ကာဗွန်ဒိုင်အောက်ဆိုဒ် ထုတ်လွှတ်မှုပမာဏကို အနည်းဆုံး လျော့ကျစေသော ‘အကောင်းဆုံးရနိုင်သည့် နည်းပညာ’ အသစ်ပေါ်တွင်ရင်းနှီးမြှပ်နှံခြင်းဖြင့် ယာရာ၏ မြေသြဇာ ထုတ်လုပ်သော စက်ရုံများကို ကမ္ဘာပေါ်တွင် စွမ်းအင်အချွေတာဆုံး စက်ရုံများအဖြစ် အသိမှတ်ပြုကြပါတယ်။

ဇယား - သကြားမုန်လာ ကာဗွန်ဒိုင်အောက်ဆိုဒ်ထုတ်လွှတ်မှုကို လျှော့ချခြင်း


ဓာတ်ကူးပြောင်းခြင်း နည်းပညာကိုဖွံ့ဖြိုးစေ၍ ပြီးမြောက်အောင်မြန်စေရန် အကောင်ထည် ဖော်ဆောင်ခြင်းအားဖြင့် ယာရာသည် ၎င်း၏ နိုက်ထရစ်အက်စစ် စက်ရုံများမှ နိုက်ထရိုဂျင် အောက်ဆိုဒ် (N20) ထုတ်လွှတ်မှုကို (၉၀%) အထိ လျှော့ချနိုင်ခဲ့ပါတယ်။ ထိုသို့လုပ်ဆောင်ခြင်းအားဖြင့် နိုက်ထရိတ်ပါဝင်သော မြေသြဇာများတွင် ကာဗွန်ဒိုင်အောက်ဆိုဒ် ထုတ်လွှတ်မှု (၄၀%) အထိ လျှော့ချစေခဲ့ပါတယ်။


ထို့အပြင် မြေသြဇာအတွင်း နိုက်ထရိုဂျင်အကျိုးပြုခြင်းကို တိုးမြှင့်စေခြင်းအားဖြင့်- သင့်တော်သည့် ရွေးချယ်မှုနှင့် ထိုနိုက်ထရိုဂျင် အခြေခံသည့် မြေသြဇာများကို အသုံးပြုခြင်းအားဖြင့်-စိုက်ပျိုးသူများသည် နိုက်ထရိုဂျင် မြေထဲစိမ့်ဝင်ခြင်း၊ အငွေ့ပြန်ခြင်းတို့ကြောင့် ဆုံးရှုံးမှုဖြစ်စေခြင်းကို အနည်းဆုံးလျှော့ချနိုင်ပြီး၊ နောက်ထပ် ကာဗွန် (၁၀-၃၀%) ကို သက်သာစေရာ၌ ပါဝင်ကူညီရာရောက်ပါ‌တယ်။


ထို့ကြောင့် ယာရာ၏ ကာဗွန်ဒိုင်အောက်ဆိုဒ် ထုတ်လွှတ်မှုနည်းသော မြေသြဇာများကို ရွေးချယ်၍ အသုံးပြုခြင်းအားဖြင့် ထုတ်လုပ်သူများသည် ၎င်းတို့၏ အပင်အာဟာရပေးသည့် အစီအစဉ်မှ နိုက်ထရိုဂျင် ထုတ်လွှတ်မှုကို တစ်ဝက်အထိ ထိရောက်စွာ လျှော့ချနိုင်ပါတယ်။

သင့်ရဲ့ စပျစ်သီးနှံမှာ အဟာရချို့တဲ့ခြင်း ရှိနေပါသလား

သင့်ရဲ့ သီးနှံမှာ အဟာရချို့တဲ့ခြင်း ရှိနေပါသလား။ အောက်ပါ ဇယားတွင် သီးနှံအဟာရချို့တဲ့ခြင်းများကို အလွယ်တကူ ရှာဖွေပါ။

B ဘိုရွန်
Ca ကယ်လစီယမ်
Fe အိုင်ရွန်း (သံဓာတ်)
Mg မဂ္ဂနီစီယမ်
Mn မဂ္ဂနီး
N နိုက်ထရိုဂျင်
P ဖော့စဖောရပ်
K ပိုတက်ဆီယမ်
Zn ဇင့်

အားလုံးကို ကြည့်ရန်

မှန်ကန်သောအာဟာရစီမံခန့်ခွဲမှုက စပျစ် သီးနှံများကို မည်သို့ အကျိုးသက်ရောက်နိုင်သလဲ


ယာရာမြန်မာကို ဆက်သွယ်ရန်

ယာရာမြန်မာ လီမိတက်

အမှတ် ၁၃-၁၉၊ ဆူးလေစကွဲ အဆောက်အအုံ၊ ဆူးလေဘုရားလမ်း၊
ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့၊ မြန်မာ။

ဖုန်းနံပါတ် - ၀၁ ၉၂၅ ၅၁၉၅