fbpx

သီးနှံအာဟာရ ဖြေရှင်းနည်းများ

စပျစ်

သီးနှံရာသီအလိုက် ကိုင်တွယ်စီမံခြင်း

ဒေသတွင်း ရုပ်ပိုင်းဆိုင်ရာ ကိုင်တွယ်စီမံခြင်း နှင့်ကြီးထွားနိုင်သည့် အခြေအနေများအတွက်

မှန်ကန်သော သီးနှံပမာဏကို ထိန်းသိမ်းထားရန်နဲ့ အရည်အသွေးကောင်းမွန်သော သီးနှံများကို အချိန်မှန် ဆွတ်ခူးနိုင်စေရန်အတွက်အလွန်လိုအပ်ပါတယ်။

 

စပျစ်


ကြိုးတန်းတင်စိုက်နည်းစနစ်

 

လာမည့်နှစ်တွင် ယခင်ရာသီမှ စိုက်ပျိုးထားသော သီးပင်များ၊ ၎င်းတို့သည် ဒေသဓလေ့၊ မျိုးကွဲမှုနှင့် ကြံခိုင်မှုအရအမျိုးမျိုးကွဲပြားနိုင်သော ကိုင်းတက်များကို လိုအပ်သလောက် ချန်ကာ ကျန်သော သီးပင်များကို ကိုင်းချိုင်ပေးကြပါတယ်။

ကိုင်းတက်ရှည်များ ချန်ထားရန် ကိုင်းချိုင်ထားခြင်း

ရာသီလယ်၊ မရည့်မှည့်မီချိန် အရွက်များနှင့် ဘေးကိုင်းများဖြတ်တောက်ခြင်း၊ အခိုင်ရှင်းခြင်း သို့မဟုတ် ဖယ်ရှားခြင်း များသည် အသီးရင့်မှည့်စေခြင်း နှင့် အသီးအရွယ်အစားကို တိုးစေရာ၌ ကူညီလုပ်ဆောင်ပေးပါတယ်။ ညံ့သောအခိုင်များ သို့မဟုတ် ရော်နေသည့် အခိုင်တွေကို ဖယ်ရှားခြင်းအားဖြင့် စပျစ် စိုက်ပျိုးသူများသည် အသီးအရည်သွေး အလုံးစုံကို တိုးတက်စေနိုင်ပါတယ်။ 

   
 ကိုင်းတက်ရှည်များ ချန်ထားရန် ကိုင်းချိုင်ထားခြင်း  ကိုင်းတက်တိုများ ချန်ထားရန် ကိုင်းချိုင်ထားခြင်း

 

အသီးအရွယ်စား ၄-၅ မီလီမီတာ အချင်းရောက်သောအခါ အသီးမှုန်းခြင်းကို ပြုလုပ်ပေးခြင်းက အသီးအရွယ်အစားတိုးစေပြီး စပျစ်သီးအရောင်တက်ခြင်းကို လျှော့ကျစေကာ ၎င်းအရွယ်အစားသည် တွန့်မဆင် အစေ့မဲ့သီးကဲ့သို့ မျိုးအလိုက် ပြောင်းလဲနိုင်ပါတယ်။ အပြန်အလှန်အားဖြင့် အသီးရင့်မှည့်ချိန်တွင် အသီးမှုန်းပါက ရင့်မှည့်မှု မြန်ဆန်စေပါတယ်။ သို့သော် အသီးမှုန်းခြင်းကို ပြုလုပ်ခြင်းအားဖြင့် စပျစ်ပင် အခေါက်ကွာစေခြင်း၊ ကြံ့ခိုင်မှု လျှော့ကျခြင်းနှင့် နောက်ဆုံးအနေဖြင့် စပျစ်ပင် သေဆုံးနိုင်သည်အထိ ဖြစ်နိုင်ပါတယ်။

 

သင့်ရဲ့ စပျစ်သီးနှံမှာ အဟာရချို့တဲ့ခြင်း ရှိနေပါသလား

သင့်ရဲ့ သီးနှံမှာ အဟာရချို့တဲ့ခြင်း ရှိနေပါသလား။ အောက်ပါ ဇယားတွင် သီးနှံအဟာရချို့တဲ့ခြင်းများကို အလွယ်တကူ ရှာဖွေပါ။

B ဘိုရွန်
Ca ကယ်လစီယမ်
Fe အိုင်ရွန်း (သံဓာတ်)
Mg မဂ္ဂနီစီယမ်
Mn မဂ္ဂနီး
N နိုက်ထရိုဂျင်
P ဖော့စဖောရပ်
K ပိုတက်ဆီယမ်
Zn ဇင့်

အားလုံးကို ကြည့်ရန်

မှန်ကန်သောအာဟာရစီမံခန့်ခွဲမှုက စပျစ် သီးနှံများကို မည်သို့ အကျိုးသက်ရောက်နိုင်သလဲ


ယာရာမြန်မာကို ဆက်သွယ်ရန်

ယာရာမြန်မာ လီမိတက်

အမှတ် ၁၃-၁၉၊ ဆူးလေစကွဲ အဆောက်အအုံ၊ ဆူးလေဘုရားလမ်း၊
ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့၊ မြန်မာ။

ဖုန်းနံပါတ် - ၀၁ ၉၂၅ ၅၁၉၅