ဆားငန်ခြင်း
ဆားငန်ခြင်းသည်ခရမ်းချဉ်ပင်များ၏ ရေနှင့်အာဟာရများကိုစုပ်ယူသည့် စွမ်းဆောင်ရည်ကို့ကျဆင်းစေသဖြင့် သီးနှံအထွက်ကိုတိုက်ရိုက် အကျိုးသက် ရောက်မှု ရှိသည်။
ခရမ်းချဉ်ပင်များသည် ဆားငန်ဒဏ်ကိုအတော်အတန် ခံနိုင်ရည်ရှိကာ အီးစီ(EC) တစ်စင်တီမီတာ လျှင် ဆီးမင်း (Siemens, mS) ၂.၅ အထိရှိသောမြေတွင် အထွက်နှုန်းကိုလျော့ကျမှုမရှိဘဲ စိုက်ပျိုးနိုင်သည်။ မျိုးကွဲအပေါ်မူတည်ပြီးအထွက်ကျမှု ကွဲပြားသော်လည်း ဤ အီးစီ(EC) ပမာဏထက် မြင့်မားပါကအထွက်များတဖြည်းဖြည်းလျော့နည်းလာပါမည်။
အီးစီ(EC) ပမာဏ၊ ဆားငန်သည့်ပုံစံနှင့် ပျော်ရည်ထဲရှိ အာဟာရများအကြားက အချိုးညီမှုအားလုံးတို့သည် ခူးဆွတ်သောအသီး၏ အရည်အသွေးကိုလွှမ်းမိုးပါမည်။
အီးစီ(EC) ပမာဏများခြင်းသည်
- အသီးအရွယ်အစားကိုသေးစေသည်။ (ဆားငန်ခြင်းနှင့်အသီးအရွယ်အစား ဂရပ်တွင် ကြည့်ပါ)။ ပိုတက်စီယမ်ကိုထည့်ပေးခြင်းသည် ဤပြဿနာကိုပြေလည်စေလိမ့်မည်။
- အရသာကိုတိုးစေသောသကြား [(ဆားငန်းခြင်းနှင့် စုစုပေါင်းပျော်ဝင်နိုင်သောအခဲ (TSS)] နှင့် အက်ဆစ်ပါဝင်မှုကို တိုးစေသည်။
- သိုလောင်ကာလကိုတိုးစေသော အသီးမာကျောမှုနှင့် အခွံထူမှုကိုတိုးစေသည်။ အသီးတစ်ခုလုံး၏ အမွှေးထူခြင်းကိုလျော့ကျစေသဖြင့် ခရမ်းချဉ်သီး၏ အသားမျက်နှာပြင်ကိုတိုးတက်ကောင်းမွန်စေပါသည်။
- ရောင်ခြယ်ပစ္စည်းပါဝင်မှုကိုတိုးစေသဖြင့် အရောင်ကိုတက်စေသည်။ သို့ရာတွင် အီးစီ (EC) ၅ အထက်ရှိသောပျော်ရည်များကိုအသုံးပြုပါက ရောင်ခြယ်ပစ္စည်းပါဝင်မှုကို နောက်တစ်ကြိမ် ကျဆင်းစေသည်။
အီးစီ(EC) ကိုတိုးစေရန် ဆိုဒီယမ်ကလိုရိုဒ်ကို အသုံးပြုခြင်းသည် ခရမ်းချဉ်သီးအရသာ၊ ရနံ့နှင့် မာကျောမှုကိုပိုကောင်းစေကြောင်းတွေ့ရှိပြီးဖြစ်သည်။သို့ရာတွင် ဆိုဒီယမ်ကလိုရိုဒ်များလွန်းခြင်းသည် ခရမ်းချဉ် ပင်အားအဆိပ်သင့်စေကာ အပင်ကြီးထွားမကိုလျော့နည်းစေသည့်အပြင်အထွက်နှုန်းကို ဆိုးဝါးစွာကျဆင်းစေပါသည်။(ဆားငန်ခြင်းနှင့် အရွက်ထိန်းနိုင်အား၊ ဆားငန်ခြင်းနှင့် အပင်အမြင့်ဂရပ်များကို ကြည့်ပါ)။
ပိုတက်စီယမ်နှင့် ကယ်လ်စီယမ်တို့ကို တိုးမြှင့်သုံးစွဲခြင်းသည် ဆိုဒီယမ်ကလိုရိုဒ်ကိုဖိနှိပ် ထားသဖြင့် ခရမ်းချဉ် ကြီးထွားမှုနှင့်အထွက်ကိုတိုးစေပါမည်။