fbpx

တောင်သူအသုံးဝင် ကိရိယာများ

အာဟာရချို့တဲ့မှုများကိုစစ်ဖို့ ချက်ခ်အိုင်တီ (CheckIT)

ယာရာချက်ခ်အိုင်တီ (YaraCheckIT)သည် ဖြစ်နိုင်ဖွယ်အာဟာရချို့တဲ့မှုများကို ရိုးရှင်းလျင်မြန်စွာခွဲခြားနိုင်စေရန် တောင်သူများအား သီးနှံများ၏ ဓာတ်ပုံစာကြည့်တိုက်ကို ဖန်တီးပေးထားသည့် စိုက်ပျိုးရေးဆိုင်ရာမိုဘိုင်းအပလီကေးရှင်း တစ်ခုဖြစ်ပါသည်။


အာဟာရချို့တဲ့မှုများကို ခွဲခြားရန် ရိုးရှင်းသောနည်းလမ်း


ချက်ခ်အိုင်တီ (CheckIT)ကို အသုံးပြုလျက်အာဟာရချို့တဲ့မှုဓာတ်ပုံများတွင် ရှာဖွေနိုင်သည်။ရောဂါလက္ခဏာများ၊ ရောဂါလက္ခဏာကျရောက်သောနေရာများ၊ သို့မဟုတ် ရောဂါလက္ခဏာ၏ အကြောင်းရင်းအလိုက် စစ်ထုတ်ကြည့်နိုင်သည်။ ထို့နောက် ဖြစ်နိုင်ခြေရှိသော အာဟာရချို့တဲ့မှုများကို ခွဲခြား ဖော်ထုတ်ရန်အတွက်ထိုကဲ့သို့ စစ်ဆေးမှု ရလဒ်များကို အသုံးပြုနိုင်သည်။ အာဟာရချို့တဲ့မှုဖြစ်စေသောအကြောင်းရင်းများကို ဖော်ထုတ် သတ်မှတ် ပြီးသည်နှင့် ချက်ခ် အိုင်တီ (CheckIT)သည် ယင်းအာဟာရချို့တဲ့မှုက သီးနှံကို မည်သို့ ထိခိုက်စေသည်၊ မည်သည့်မြေအမျိုးအစားက ထိုကဲ့သို့သော အာဏာဟာရချို့တဲ့မှုများ ဖြစ်နိုင်ချေရှိသည်နှင့် မည့်သည့် အကြောင်းတရားများကာ အဆိုပါ အာဟာရချို့တဲ့မှုကို ပိုဆိုးစေသည် စသည့် နောက်ထပ် သတင်းအချက် အလက်များပေးပါသည်။ ချက်ခ်အိုင်တီ (CheckIT)သည် သိရှိလာရသော အာဟာရချို့တဲ့မှုများကို ကုစားရန် မည်ကဲ့သို့သော မြေသြဇာ အသုံးပြုသင့်သည်ဆိုသည် အကြံပြုချက်များ ပေးမည်ဖြစ်ကာနောက်စိုက်ပျိုးရာသီအတွက် ကြိုတင်ကာကွယ်ရေးကုစားမှုကို ပေးနိုင်မည့် အခြားထုတ်ကုန်များကိုလည်း ညွှန်းပေးပါသည်။


အခြားနိုင်ငံများမှ သီးနှံများကိုကိုးကားရန်အတွက် အနည်းငယ် ထည့်သွင်း ထားသော်လည်း ဤအပလီကေးရှင်းသည် ဗြိတိန်နိုင်ငံအတွက် သီးနှံများနှင့် မြေသြဇာ အကြံပြုချက်များကို ဗြိတိန်နိုင်ငံအတွက် သီးသန့် ပြုလုပ်ထားပါသည်။ ချက်ခ်အိုင်တီ (CheckIT) မည်ကဲ့သို့သော လိုင်းဆွဲအားရှိသည့် ကိရိယာများဖြင့် အသုံးပြုရမည်ဟု မသတ်မှတ် ထားသော်လည်း လိုင်းမကောင်းသော ကျေးလက်ဒေသများတွင်လည်း ကောင်းစွာအသုံးပြုနိုင်ပါသည်။ ချက်ခ်အိုင်တီ (CheckIT) သည်သီးနှံအာဟာရချို့တဲ့ခြင်းကို ချက်ချင်းတထိုင်တည်း ခွဲခြားသိရှိစေနိုင်ပြီး တစ်ပြိုင်တည်းတွင်လည်း အာဟာရချို့တဲ့မှုကို ပြုပြင်ရန် အကြံဉာဏ်များ၊ လမ်းညွှန်ချက်များ ပေးသဖြင့် သီးနှံအရည်အသွေးနှင့် အထွက်နှုန်းကို တိုးတက်စေပါသည်။


အာဟာရချို့တဲ့မှုများကို နောက်ဆုံး အတည်ပြုရန်အတွက် အရွက်တစ်ရှူးကို ဓာတ်ခွဲခန်းတွင် စစ်ဆေးရန် ကျွန်ုပ်တို့ အကြံပြုပါသည်။ ခွဲရခက်သော လက္ခဏာများဖြစ်စေသည့် အာဟာရချို့တဲ့မှု တစ်ခုမက ရှိနေသောအခါတွင်၊ သိသာထင်ရှားသော လက္ခဏာများမရှိဘဲ သီးနှံပျက်စီးခြင်း၊ အရည်အသွေးလျော့ကျခြင်းဖြစ်စေသည့် လက္ခဏာမပေါ်သော အာဟာရချို့တဲ့မှုများရှိနေလျှင် ဤသို့ ဓာတ်ခွဲ စစ်ဆေးခြင်းက အထူး အရေးကြီးပါသည်။

!--

ချက်ခ်အိုင်တီ (CheckIT) ကို အခုပဲ အခမဲ့ယူလိုက်ပါ။


ဤစာမျက်နှာကို ကိုယ်ပိုင်ကွန်ပြူတာဖြင့် ကြည့်နေသည်ဆိုပါက


အပလီကေးရှင်းကို ဒေါင်းလုပ်ဆွဲယူရန် ကျေးဇူးပြု၍ သင့်မိုဘိုင်းဖုန်းကို အသုံးပြုကာ ‘QR Code'ကို အမိအရရိုက်ကူးပါ။

မိုဘိုင်းကိရိယာပေါ်တွင် အောင်ပါလင့်ခ်ကို အသုံးပြုပါ။


Download CheckIT (ချက်ခ်အိုင်တီကိုဒေါင်းလုပ်ဆွဲပါ)


https://www.yara.co.uk/crop-nutrition/farmers-toolbox/checkit/

-->

ယာရာမြန်မာကို ဆက်သွယ်ရန်

ယာရာမြန်မာ လီမိတက်

အမှတ် ၁၃-၁၉၊ ဆူးလေစကွဲ အဆောက်အအုံ၊ ဆူးလေဘုရားလမ်း၊
ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့၊ မြန်မာ။

ဖုန်းနံပါတ် - ၀၁ ၉၂၅ ၅၁၉၅