fbpx

တောင်သူအသုံးဝင် ကိရိယာများ

အရွက်နိုင်ထရိုဂျင်အား တိုင်းတာနိုင်သည့် အန်တက်စတာစက် (N-Tester)

ယာရာ အန်တစ်စတာစက်(N-Tester)သည်လက်ဖြစ်ကိုင်၍တိုင်းတာနိုင်သော အရွက်နိုက်ထရိုဂျင်တိုင်းကိရိယာဖြစ်ပြီး စိုက်ခင်းတစ်ခုတွင်လိုအပ်သော နိုင်ထရိုဂျင်ပမာဏအတိအကျအား လွယ်ကူလျှင်မြန်စွာတိုင်းတာဖတ်ရှုနိုင်သည်။

ဤကိရိယာသည် သီးနှံကြီးထွားသောရာသီတွင် အကောင်းဆုံး လိုအပ်သည့်နိုင်ထရိုဂျင်ပမာဏကို ကူညီရှာဖွေနိုင်ရန်၊လျှင်မြန်၍ တိကျသောအကြံပြုချက်များပေးနိုင်သည်။ ထိုသို့ ရှာဖွေပေးနိုင်ခြင်းကြောင့် ပိုမိုတိကျသော အကြံပြုချက်များကို ပေးစွမ်းနိုင်ခြင်း၊ အကျိုးအမြတ်တိုးစေခြင်းနှင့်ပတ်ဝန်းကျင်ထိခိုက်မှုပမာဏကို အနည်းဆုံးလျှော့ချစေခြင်းစသည့်ရလဒ်များကို ရရှိစေနိုင်သည်။


မိမိအပင်အား မေးမြန်းပါ


အပင်၏အာဟာရအခြေအနေသည် မြေသြဇာလိုအပ်ချက်ပမာဏနှင့် မြေသြဇာထည့်ရန်အချိန်ကို ဆုံးဖြတ်ပေးနိုင်သည်။ အန်တက်စတာစက် (N-Tester)ဖြင့် သီးနှံများ၏လိုအပ်သော နိုင်ထရိုဂျင်ပမာဏကို စိုက်ကွင်း၌ပင် စိတ်ချ၊ လွယ်ကူ၊ လျှင်မြန်စွာ တိုင်းတာနိုင်သည်။ နိုက်ထရိုဂျင် ဓာတ်မြေသြဇာ၏လိုအပ်ချက်သည် ပုံမှန်မရှိဘဲ စိုက်ကွင်းအလိုက်၊ နှစ်အလိုက် ပြောင်းလဲနိုင်သည်။ နိုက်ထရိုဂျင်မြေသြဇာကို လိုအပ်သလောက် ပတ်ကြဲပေးခြင်းအားဖြင့် မည်သည့်စိုက်ကွင်းအတွက်ဖြစ်စေ၊ မည်သည့်ရာသီအတွက်ဖြစ်စေ အမှတ်တကယ် လိုအပ်သော နိုက်ထရိုဂျင်မြေသြဇာပမာဏကို အကောင်းဆုံး ပေးစွမ်းနိုင်မည်ဖြစ်သည်။


အန်တက်စတာစက် (N-Tester)ကိုသုံး၍စစ်ဆေးခြင်းဖြင့်အပင်၏ လက်ရှိအာဟာရလိုအပ်ချက်များအတွက်အရေးပါသော သတင်းအချက်များကို ပေးစွမ်းနိုင်သည်။ကောက်နှံစိုက်ခင်းများအား ဤကဲ့သို့ တိုင်းတာခြင်းအားဖြင့်အကောင်းဆုံးနိုင်ထရိုဂျင်ဓာတ်မြေသြဇာပမာဏအား အနှံစထွက်သောအချိန်၌ တွက်ချက်ပေးနိုင်သည်။

မည်သည့်သီးနှံစိုက်ခင်းများတွင် အန်တက်စတာစက် (N-Tester)ကိုအသုံးပြုနိုင်မည်နည်း


အန်တက်စတာစက်ကို (N-Tester)အင်္ဂလန်နိုင်ငံတွင် ဆောင်းရာသီကောက်နှံများဖြစ်သည့် ဆောင်းရာသီဂျုံစားပြောင်း၊ ဆောင်းရာသီဘာလီစိုက်ခင်း၊ ဆောင်းရာသီဂျုံစပါးနှင့် ဆောင်းရာသီစပါးရိုင်းများအတွက်သာတိုင်းတာသတ်မှတ်ရသေးသည်။ အဆိုပါကောက်နှံများအတွက် နိုက်ထရိုဂျင်ပမာဏကို ဆုံးဖြတ်နိုင်ပြီး၊ထိုမှတစ်ဆင့် အသုံးပြုသင့်သည့်တိကျသော နိုက်ထရိုဂျင်ပမာဏအမျိုးမျိုးကို တွက်ချက်နိုင်သည်။


စာတွေ့အရ အန်တက်စတာစက် (N-Tester)ဖြင့် မည်သည့်အပင်၌ဖြစ်စေ သစ်ရွက်တွင်ပါဝင်သော အစိမ်းရောင်ခြယ်ပစ္စည်းပမာဏကို တိုင်းတာရန် အသုံးပြုနိုင်သောကြောင့် အသုံးဝင်သည့် စက်ကိရိယာတစ်ခုဖြစ်သော်လည်း အခြားသီးနှံများအတွက် တိုင်းတာသတ်မှတ်ချက်များမရှိသည့်အတွက် ထိုသတ်မှတ်ချက်များကို အသုံးပြုသူက မိမိကိုယ်တိုင် တိုင်းတာသတ်မှတ်ရန် လိုအပ်ပြီး အကြံပြုချက်များအားစမ်းသပ်ချက်များကိုအခြေခံကာ အတည်ပြုရန် လိုအပ်ပါသည်။


အန်တက်စတာစက် (N-Tester) ကိုအသုံးပြုချင်းအားဖြင့် မိမိ၏စီးပွားရေးတိုးတက်အောင်မြင်စေနိုင်သည်။


လိုအပ်သောနိုင်ထရိုဂျင်မြေသြဇာပက်ကြဲရမည့် ပမာဏကိုသိရှိရန် အန်တက်စတာစက် (N-Tester) ၏ အားသာချက်ကို အသုံးချနိုင်ရန်လက်တွေ့စမ်းသပ်မှုများကို ဆက်တိုက်ဆောင်ရွက်ခဲ့ကြသည်။ ကောက်နှံစိုက်ခင်းတစ်ခုတွင် မှန်ကန်သောနိုင်ထရိုဂျင်ပမာဏကို ပက်ကြဲပေးခြင်းအားဖြင့်သီးနှံအထွက်နှုန်းနှင့် သီးနှံအရည်အသွေးတွင် သိသာသည့်အကျိုးအမြတ်များ ရရှိနိုင်သည်။ ဝယ်လဒ်များလိုအပ်သော အသားဓာတ်ပါဝင်နှုန်းကို ရရှိစေနိုင်သဖြင့် စိုက်ခင်းအတွက် သိသာထင်ရှားသည့် အမြတ်အစွန်းကို ရရှိစေနိုင်သည်။အန်တက်စတာစက် (N-Tester)ကိုအသုံးပြုခြင်းအားဖြင့် အသားဓာတ်အထွက်နှုန်း များပြားစွာရရှိလာကြောင်း စမ်းသပ်စစ်ဆေးချက်များအရ သိရှိခဲ့ရသည်။

အန်တက်စတာစက် (N-Tester)ဘယ်လိုအလုပ်လဲ


အစိမ်းရောင်ခြယ်ပစ္စည်းသည် အပင်၏နိုက်ထရိုဂျင်အခြေအနေနှင့် ဆက်စပ်နေသောကြောင့် အန်တက်တာစက် (N-Tester)သည်အရွက်တွင်ပါဝင်သည့် အစိမ်းရောင်ခြယ်ပစ္စည်းပမာဏအား တိုင်းတာခြင်းအားဖြင့် အလုပ်လုပ်ခြင်းဖြစ်သည်။ အင်္ဂါစုံသောအရွက်တစ်ရွက်၏ အသေးဆုံးအရွက်ကိုယ်ထည် အလည်ပိုင်းအား တိုင်းတာရမည်။ စိုက်ခင်းတစ်လျှောက် အင်္ဂလိပ်အက္ခရာ (W) ပုံစံအတိုင်း ကျပန်းသဘောဖြင့် အကြိမ်သုံးဆယ် တိုင်းတာဖြင်းအားဖြင့် စိုက်ခင်းအတွက်လိုအပ်သော နိုင်ထရိုဂျင်ပမာဏကိုတန်ဖိုးကို ပြသပေးနိုင်သည်။အခြားအပင်အာဟာရများသည် စိုက်ခင်းကြီးထွားမှုကိုမကန့်သတ်ထားမှသာ မြေသြဇာအကြံပြုချက်ကို ရရှိနိုင်သည်။


အန်တက်စတာစက် (N-Tester)ဖြင့်တိုင်းတာမှုများသည် စိုက်ခင်းအမျိုးအစားနှင့် ကြီးထွားမှု အရွယ်အစားအပေါ်တွင် များစွာသတ်ရောက်မှုရှိသည်။ ထိုအတွက်ကြောင့် အန်တက်စတာစက် (N-Tester)ဖြင့်တိုင်းတာချက်များကိုအမျိုးအစားအလိုက် သတ်မှတ်ပေးရမည်။ ယာရာ မြေသြဇာကုမ္ပဏီမှ ဆောင်းရာသီဂျုံစိုက်ခင်းနှင့် ဆောင်းရာသီဘာလီစိုက်ခင်းများအတွက် လိုအပ်သောနိုက်ထရိုဂျင်ပမာဏအကြံပြုချက်များအတွက် သတ်မှတ်ချက်များ ပေးထားသည်။ လူကြီးမင်းအား အန်တက်စတာစက် (N-Tester)၏တိုင်းတာမှုများကိုအခြေခံ၍ သတ်မှတ်ချက်များ ထောက်ပံ့ပေးနိုင်ရန်နှင့် လိုအပ်သော မြေသြဇာအကြံပြုချက်များကို စီစဉ်ပေးရန် မိမိဒေသရှိ ယာရာမှသီးနှံစိုက်ပျိုးရေးပညာရှင်အားမေးမြန်းပါ။

အန်တက်စတာစက် (N-Tester)ကိုမည်ကဲ့သို့ အသုံးပြုရမည်နည်း


အန်တက်စတာစက် (N-Tester)ကိုနည်းလမ်းနှစ်မျိုးဖြင့် အသုံးပြုနိုင်သည်။


သီးနှံစောင့်ကြည့်ရေးကိရိယာအနေဖြင့် အသုံးပြုခြင်း


ရာသီအလိုက် (နှစ်ပတ်တခါမှ အပတ်စဉ်) စက်ဖြင့်ပုံမှန်ဖတ်သွားခြင်းအားဖြင့် နိုင်ထရိုဂျင်တန်ဖိုး ပြောင်းလဲမှုနှုန်းများကို ဆုံးဖြတ်နိုင်ရန် အန်တက်စတာစက် (N-Tester) ကိုသီးနှံစောင့်ကြည့်ရေးကိရိယာအနေဖြင့် အသုံးပြုနိုင်သည်။ ထိုဖတ်ချက်အဖြေအား ဂဏန်းသုံးလုံးဖြင့်ဖော်ပြထားသည်။


ကောက်နှံစိုက်ခင်းများတွင် ပုံမှန်ညွှန်ကြားမှုအရ အန်တက်စတာစက် (N-Tester)၏ ဖတ်ချက်အဖြေသည် ၇၀၀ အထက်၌ရှိလျှင် နိုင်ထရိုဂျင်ပမာဏလုံလောက်သည်ဟု သတ်မှတ်နိုင်ပြီး ၆၅၀ အောက်တွင်ရှိပါက မလုံလောက်ဟု သတ်မှတ်နိုင်သည်။ ၆၅၀ နှင့် ၇၀၀ ကြားစိုက်ခင်းများသည် လတ်သလော နိုင်ထရိုဂျင်မြေသြဇာကြဲထားခြင်း၊ ယခင်က သဘာဝမြေသြဇာသုံးထားခြင်း၊ လက်ရှိရာသီဥတုအခြေအနေ၊ သီးနှံအထွက်နှုန်းများနှင့် နောက်ဆုံးဖတ်ချက် ဖြစ်သောဂဏန်းသုံးလုံးတန်ဖိုး၏ အတက်အကျများ အပေါ်တွင်အခြေခံကာဆုံးဖြတ်ရန်လိုအပ်သည်။


အန်တက်စတာစက် (N-Tester)ဖြင့် အရွက်အတွင်းနိုင်ထရိုဂျင်ပမာဏ ပြောင်းလဲမှုများကို သာမန်မျက်စိဖြင့် မမြင်နိုင်သည့်အချိန်ကတည်းက တိုင်းတာ၍သိရှိနိုင်သည်။ ထို့အတွက်ကြောင့် မြေသြဇာထည့်ရမည့် အချိန်ကိုဆုံးဖြတ်ရန်အတွက် လွန်စွာအသုံးဝင်သော ကိရိယာတစ်ခုပင်ဖြစ်သည်။


ဤစနစ်ကို အသုံးပြုလျှင် သီးနှံအမျိုးအစားများကို ရွေးချယ်နေစရာမလိုအပ်ပေ။ အန်တက်စတာစက် (N-Tester)သည် မည်သည့်အစိမ်းရောင်အရွက်ကိုမဆို စစ်ဆေးနိုင်ပြီး သက်ဆိုင်ရာ ဖတ်နှုန်းများကို ပေးစွမ်းနိုင်ပြီး ၎င်းဖတ်ချက်များကို စီမံဆုံးဖြတ်ချက်များအတွက်အခြေခံအနေဖြင့် အသုံးပြုနိုင်သည်။


နိုက်ထရိုဂျင်လိုအပ်ချက်အား အကြံပေးသည့်ကိရိယာအနေဖြင့်အသုံးပြုခြင်း


အန်တက်စတာစက် (N-Tester)အားဆောင်းရာသီဂျုံစိုက်ခင်းနှင့် ဆောင်းရာသီဘာလီစိုက်ခင်းများတွင် ကြီးထွားမှုအဆင့် ၃၇ မှ ၅၁ အထိ အမှန်တကယ်လိုအပ်သော နိုင်ထရိုဂျင်ပမာဏများအား အကြံပြုချက်ပေးရာတွင် အသုံးပြုနိုင်သည်။ထိုအကြံပြုချက်သည် သီးနှံထွက်နှုန်းအတွက် နောက်ဆုံးပတ်ကြဲရမည့် ပမာဏကို ချိန်ညှိပေးနိုင်သည်။ ကောက်နှံအမျိုးမျိုးကို စုပေါင်းစိုက်ပျိုးမည်ဆိုပါက ပရိုတိန်းပမာဏအတွက် နိုင်ထရိုဂျင်ပိုထည့်ရန်သတိပြုရမည်။

!--

နောက်ဆုံးထွက် အန်တစ်တာ (N-Tester)ဒေါင်းလုပ်များ

အန်တစ်တာစက် (N-Tester) မော်ဒယ်အဟောင်းများကိုအသုံးပြုသူများအတွက် Excel စာရွက်အနေဖြင့်ဒေါင်းလုပ်ဆွဲနိုင်ပြီး အမျိုးမျိုးသော နောက်ဆုံးတိုင်းတာချက်များနှင့် ထုတ်ကုန်အကြံပြုချက်များပါဝင်သည်။

N-Tester တိုင်းတာချက်စာရွက်

အန်တစ်တာစက် (N-Tester) မော်ဒယ်အသစ် (၂၀၁၃ အထက်) အသုံးပြုသူများသည် N-Tester Loader အစီအစဉ်အား ဒေါင်းလုပ်ပြုလုပ်ရန် My Yara တွင်စာရင်းပေးသွင်းနိုင်ပြီး ထိုအစီအစဉ်တွင် အန်တစ်တာစက် (N-Tester)အတွက် နောက်ဆုံးအပြောင်းအလဲများပါဝင်သော နောက်ဆုံးထွက်ဗားရှင်း ချိန်ညှိခြင်းများ (latest version setting) ကိုစဉ်ဆက်မပြတ်တင်ပေးမည် ဖြစ်သည်။


N-Tester ဆော့ဖ်ဝဲအားဒေါင်းလုပ်ပြုလုပ်ရန်

မော်ဒယ်အသစ် အန်တစ်တာစက် (N-Tester)အတွက် အညွှန်းစာအုပ်ကို PDF ဖိုင်အနေဖြင့် ဒေါင်းလုပ်ဆွဲနိုင်သည်။ (808 KB)

N-Tester အညွှန်းစာအုပ်

-->

ယာရာမြန်မာကို ဆက်သွယ်ရန်

ယာရာမြန်မာ လီမိတက်

အမှတ် ၁၃-၁၉၊ ဆူးလေစကွဲ အဆောက်အအုံ၊ ဆူးလေဘုရားလမ်း၊
ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့၊ မြန်မာ။

ဖုန်းနံပါတ် - ၀၁ ၉၂၅ ၅၁၉၅