fbpx

တောင်သူ့အသံ

ယာရာသီးနှံအာဟာရနှင့် သခွားမွှေး တောင်သူရဲ့ အမြင်

ဦးထွေးထွေး

သခွားမွှေးတောင်သူ

အုန်းပင်းခြံကျေးရွာ၊ စဉ့်ကိုင်မြို့နယ်၊ မန္တလေးတိုင်း

စွန့်စားမှုများသော သခွားမွှေးစိုက်ပျိုး ထုတ်လုပ်ခြင်း

မြန်မာနိုင်ငံမှာ သခွားမွှေးစိုက်ပျိုးသော တောင်သူများဟာ များပြားတဲ့ စွန့်စားမှုနှင့် အတူ အပင်အာဟာရချို့တဲ့မှုတွေ၊ ရောဂါပိုးမွှား ကျရောက်မှုတွေ၊ ထူးခြားလွန်ကဲပြီး ဆိုးရွားတဲ့ ရာသီဥတုတွေနှင့် ရင်ဆိုင်ကြုံတွေ့နေရပါတယ်။ အပင်များမှ မှန်ကန်ညီမျှတဲ့ အပင်အာဟာရများ ရရှိခြင်းအားဖြင့် ဒီပြဿနာတွေကို ဖြေရှင်းပေးနိုင်ပါတယ်။

အထွက်ကောင်း၍ အမြတ်ကောင်း

သခွားမွှေးအသီး အရွယ်အစားနှင့် အသီးအလေးချိန် တိုးလာတဲ့အတွက် အထွက်နှုန်း တိုးလာတာကို တွေ့ရှိရပါတယ်။ ဈေးကွက်စံသတ်မှတ်ချက်များနှင့် ကိုက်ညီတဲ့ အသီးထွက်နှုန်း ပိုမိုရရှိတဲ့အတွက် တောင်သူတွေအတွက် အမြတ်ပိုမိုရရှိပါတယ်။

သခွားမွှေးဟာ လှပအရည်ရွမ်းပြီး အရသာထူးကဲကောင်းမွန်တဲ့အပြင် သခွားမွှေးမှာ ပါဝင်တဲ့ အာဟာရဓာတ်နှင့် ဆေးဖက်ဝင်ခြင်းတို့ကြောင်း လူကြိုက်များတဲ့ အသီးတစ်မျိုးဖြစ်ပါတယ်။ ဒါအပြင် အပြည့်အဝရင့်မှည့်လာတဲ့ အချိန်မှာ ထူးကဲတဲ့ အရသာကိုလည်း ပေးစွမ်းနိုင်ပါတယ်။ သခွားမွှေးကို စစ်ကိုင်တိုင်း၊ မန္တလေးတိုင်း နှင့် ပဲခူးတိုင်းဒေသများမှာ တွင်တွင်ကျယ်ကျယ် စိုက်ပျိုးလျက်ရှိပြီး ပြည်ပဝယ်လိုအား များပြားတဲ့အသီးတစ်မျိုးဖြစ်တဲ့အတွက် မြန်မာနိုင်ငံမှာ စိုက်ပျိုးတဲ့ သခွှာမွှေးအများစုကို ပြည်ပပို့ကုန်အဖြစ် တင်ပို့ရောင်းချလျက်ရှိပါတယ်။

၂၀၁၆ ခုနှစ်၊ ဧပြီလမှ ၂၀၁၇ ခုနှစ် မတ်လအထိ စစ်ကိုင်းတိုင်းဒေသမှထွက်ရှိတဲ့ သခွားမွှေးများကို ပြည်ပသို့တင်ပို့ရောင်းချမှု တန်ချိန်ပေါင်း ၁၃၀,၀၀၀ ကျော်ရှိခဲ့သောကြောင့် ဒေသတွင်း နိုင်ငံခြားဝင်ငွေ ရရှိမှုနှင့် စိုက်ပျိုးတောင်သူများအတွက် အမြတ်အ စွန်းရရှိမှုကို အထောက်အပံ့ ဖြစ်စေခဲ့ပါတယ်။ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ၂၀၁၇ ခုနှစ်၊ဧပြီလမှ ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလအထိ တရုတ်နိုင်ငံ တစ်ခုထဲသို့ သခွားမွှေး တင်ပို့ရောင်းချမှု တန်ချိန်ပေါင်း ၅၆,၉၀၀ ကျော် ရှိခဲ့ပြီး ခန့်မှန်းခြေ အမေရိကန်ဒေါ်လာ ၁၁.၆ မီလီယံခန့် တန်ဖိုးရှ ိခဲ့ပါတယ်။ ၂၀၁၆ ခုနှစ်၊ ဧပြီလမှ ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလအထိ ကာလအတိုင်းအတာဖြင့် နှိုင်းယှဉ်ကြည့်ပါက ၂၀ ရာခိုင်နှုန်းကျော် တိုးတက်လာခဲ့ကြောင်း တွေ့ရှိနိုင်ပါတယ်။

ပြည်ပတင်ပို့မှုအတွက် အရည်အသွေးပြည့်မီဖို့ အရေးကြီးလာ

ပြီးခဲ့တဲ့နှစ် အနည်းငယ်အတွင်း သခွားမွှေး ပြည်ပတင်ပို့ ရောင်းချမှု တိုးတက်လာခြင်းကြောင့် ဒေသခံစိုက်ပျိုးတောင်သူများသည် မြင့်တက်လာတဲ့ ဝယ်လိုအားကို ဖြည့်ဆည်းပေးနိုင်ရန် ၎င်းတို့ စိုက်ပျိုးသော သီးနှံများရဲ့ အထွက်နှုန်းနှင့် အရည်အသွေး တိုးတက်ကောင်းမွန်လာစေမယ့် အဆင့်မြင့် စိုက်ပျိုးရေးနည်းစနစ်များကို အသုံးပြုရန်လိုအပ်ကြောင်း သတိပြုမိလာကြပါတယ်။ တစ်ချိန်တည်းမှာပင် သခွားမွှေး ဆွတ်ခူးချိန်တွင် အသီးရဲ့ အရည်အသွေးဖြင့် ဈေးနှုန်းသတ်မှတ်သောကြောင့် သခွားမွှေး စိုက်တောင်သူများအတွက်အရည်အသွေး ပြည့်မီ ကောင်းမွန်သော အသီးများ ရရှိနိုင်ရေးမှာ စိုးရိမ်ပူပန်စရာ ဖြစ်လာခဲ့ပါတယ်။

သခွားမွှေးစိုက်တောင်သူတွေရဲ့ စိုးရိမ်ပူပန်မှုနှင့် အခက်ခဲတွေကို ကျော်လွှားနိုင်စေဖို့ ယာရာမှ စိုက်ပျိုးတောင်သူများအတွက် အထွက်နှုန်း တိုးတက်ကောင်းမွန်လာစေရေ မှန်ကန်တဲ့ အာဟာရ ဖြည့်တင်းပေးရန်နှင့် အပင်ဖွံ့ဖြိုးချိန်အလိုက် သင့်တော်တဲ့ အာဟာရဖြည့်သွင်းပေးရန် မျှဝေပးခဲ့ပါတယ်။

သခွားမွှေးအတွက်အရေးပါတဲ့ ယာရာ သီးနှံအာဟာရ

မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်း (MFVP) အသင်းဝင်လည်းဖြစ်တဲ့ သခွားမွှေး စိုက်ပျိုးတဲ့ တောင်သူလည်းဖြစ်တဲ့ စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ မကျီးဘုတ်ကျေးရွာက ဦးမြင့်ဇော်ဦးက"ကျွန်တော်အတွေ့အကြုံအရတော့ ယာရာသီးနှံအာဟာရ အသုံးပြုထားတဲ့ အခင်းတွေဟာအပင်ရဲ့ ဇီဝအားဖြင့်ပို၍ အလုပ်လုပ်တယ်လို့ မြင်တယ်ဗျ။ အပင်တွေရဲ့ အရိုးအဆစ်၊ ပင်စည် တောင့် တင်းမှု၊ အသီးကျမှုမှန်ကန်တယ်။ အသီကွဲခြင်း၊ အသီးအခေါင်း ပေါက်ဖြစ်ခြင်းကင်းတယ်။ နိုက်ထရိုဂျင်ကြောင့်ဖြစ်စေတဲ့ ပိုးမွှားရောဂါတွေကိုလည်း ကျရောက်မှုသက်သာတာကို တွေ့ရှိရပါ တယ်။ " လို့ သူရဲ့ အတွေ့ အကြုံကို ပြောပြပါတယ်။

ယာရာသီးနံှအာဟာရပညာရှင်များရဲ့ မျှဝေမှု

ယာရာမှ စနစ်တကျ လေ့ကျင့်သင်ကြားပေးထားတဲ့ သီးနှံအာဟာရ အကြံပေးများဟာ ပြီးခဲ့တဲ့နှစ်အတွင် ပြည်ပပို့ကုန်များအတွက် သီးနှံအရည်အသွေး ပိုမိုကောင်းမွန်လာစေရန် စိုက်ပျ ိုးရမည့်နည်းလမ်းများကို မျှဝေပေးခဲ့ပြီး ချောင်းဦးမြို့နယ်က သခွှာမွှေးစိုက် တောင်သူများနှင့်အတူ နီးကပ်စွာ အတူတကွ စိုက်ပျိုးခဲ့ကြပါတယ်။

"ယာရာကနေ မြေဆီလွှာနဲ့ သီးနှံရဲ့ လိုအပ်ချက် အားနည်းချက်တွေကို နော်ဝေစိုက်ပျိုးရေးပညာရှင် နှင့် ပြည်တွင်းက သီးနှံအာဟာရ ပညာရှင်တွေနဲ့ ကွင်းထဲထိဆင်းပြီး ဆွေးနွေးအကြံပြုပေးတာတွေ လုပ်ပေးပါတယ်။ အထူးသဖြင့် fertigation လွှတ်တဲ့အချိန်မှာ ခဲတာတွေ၊ ပိတ်ဆို့တာတွေ မဖြစ်အောင် အချိုးအစား မှန်မှန်ကန်ကန်ဖြစ်ဖို့ ကွင်းထဲလာပြီး အကြံပြုပေးတာတွေ အပေါ်မှာလည်း အားရကျေနပ်မှုတွေရှိတယ်" လို့ ဦးမြင့်ဇော်ဦးက ဆက်လက်ပြောကြားခဲ့ပါတယ်။

စိုက်ပျိုးသူတောင်သူများအနေဖြင့် သီးနှံအထွက်နှုန်းကို အလေးထား ဆောင်ရွက်လေ့ရှိကြပြီး ကုန်စည်ဒိုင်များနှင့် စားသုံးသူများမှာ အရသာနှင့် အသားနူးညံ့ပျော့ပြောင်းမှုကို ဂရုစိုက်လေ့ရှိကြောင်း တွေ့ရပါတယ်။ ယာရာအဖွဲ့များဟာ စိုက်ပျိုးတောင်သူများ တွေ့ကြုံနေရတဲ့ အခက်အခဲများကို ကောင်းစွာသိရှိနား လည်ထားပြီး အရည်အသွေးမြင့် ပြည်ပထုတ်ကုန် အဆင့်အတန်းနှင့် ပြည့်မီမှုရှ ိသော သီးနှံများ စိုက်ပျ ိုးဖြစ်ထွန်းနိုင်စေရန် ပံ့ပိုးကူညီပေးသွားမည်ဟု ရည်ရွယ်ထားပါတယ်။

"အရင်တုန်းက ကျွန်တော့်အသီးတွေမှာ အက်ကွဲကုန်တာ၊ ရိရွဲှသွားတာ၊ အပွင့်တွေ ပုပ်ကုန်တာနဲ့ အတွင်းသားတွေ ပွနေတာစတဲ့ အခက်အခဲတွေ ရှိခဲ့ပါတယ်။ အဲ့ဒီလို အသီးတွေမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ ပြဿနာတွေကို ဖြေရှင်းနိုင်ဖို့ ယာရာအဖွဲ့သားတွေက သီးနံှစိုက်ပျိုးနည်းစနစ်နဲ့ ကူညီလမ်းညွှန်ပေးခဲ့တယ်။

အခုဆိုရင် ကျွန်တော့်စိုက်ခင်းဟာ အရောင်တောက်တာတွေ၊ အရွက်အနေ အထားတွေ တော်တော်ကောင်းပါတယ်။ သခွားမွှေးသီးတွေဟာ တာရှည်ခံလာတယ်၊ ရောဂါတွေနည်းလာတယ်၊ အရောင်ကလည်းလှပြီး အရည်အသွေးလည်း ပိုကောင်းလာပါတယ်" လို့ စစ်ကိုင်းတိုင်၊ ချောင်းဦးမြို့နယ်၊ မထိသာကျေးရွာက သခွားမွှေးစိုက်ပျိုးတောင်းသူ ဦးဝင်းကျော်နိုင်က ပြောပါတယ်။

တောင်သူတွေရဲ့ မှတ်ချက်

ယာရာရဲ့ သီးနှံအာဟာရ ဖြည့်နည်းပညာများဟာ သခွှားမွှေးစိုက်တောင်သူများအတွက် မြေဆီလွှာအကျိုး ဖြစ်ထွန်မှု ပိုမိုရရှိစေပြီး ရာသီဥတုနှင့် သင့်တော်မှုရှိသည့် အပြင်တာရှည်ခံခြင်း၊ အရောင်အသွေးလှခြင်းနှင့် အတွင်းသားအရည်အသွေး ပြည့်မီမှုရှိခြင်းစတဲ့ အကျိုးကျေးဇူးများကို ရရှိစေ နိုင်ပါသည်။ "ယာရာကတော့ ကျွန်တော်တို့အတွက် အရည်အသွေးအရရော၊ တာဝန်ခံမှု၊ တာဝန်ယူမှုအရရော ဒီမြေသြဇာဟာ အကောင်းစားလို့ ထင်မြင်ယူဆထားတဲ့ အတွက်လည်း အနာဂတ်မှာရော ဆက်ပြီးသုံးပြုနေဦးမှာပါ။ တောင်သူတွေအနေနနဲ့ ကုမ္ပဏီတွေရဲ့ အရောင်းစနစ်အပေါ်မှာ အားမပြုပဲနဲ့ မိမိသုံးစွဲမယ့် မြေသြဇာရဲ့ အရည်အသွေးကို အဓိကာထားပြီး ရွေးကြဖို့ ကြံပြုချင်ပါတယ်။ နိုင်ငံတကာက လက်ခံထားပြီးဖြစ်တဲ့ ယာရာလိုမျိုး အရည်အသွေးပြည့်မီတဲ့ မြေသြဇာကို ယုံယုံကြည်ကြည် သုံစွဲပါလို့ ထပ်လောင်း အကြံပြုချင်ပတယ်။" လို့ ဦးမြင့်ဇော်ဦးကအကြံပြုပြောကြားခဲ့ပါတယ်။

"ကျွန်တော့်အနေနဲ့ကတော့ ယာရာဟာ ရွေးချယ်သင့်တဲ့ မြေသြဇာလို့ မြင်ပါတယ်။ မြေသြဇာသုံးဖို့ သင့်မသင့်ဆိုတဲ့နေရာမှာ တောင်သူတစ်ဦးချင်းစီရဲ့ ကိုယ်ပိုင်အစီစဉ် ဆုံးဖြတ်ချက်နဲ့ဆိုရင်တော့ ယာရာကိုသုံးသင့်ပါတယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် ဒီမြေသြဇာဟာ နော်ဝေလိုနိုင်ငံကနေ ထုတ်လုပ်ပြီး မြန်မာပြည်ကို တိုက်ရိုက်တင်သွင်းလာတဲ့အတွက် အရည်အသွေးပိုင်းက စိုးရိမ်စရာမရှိဘူး။ တောင်သူတွေအနေနဲ့ ရွေးချယ်သင့်တဲ့ မြေသြဇာထဲမှာပါတယ်။" လို့ ဦးဝင်းကျော်နိုင်ကလည်း မှတ်ချက်ပေး ပြောကြားခဲ့ပါတယ်။

တောင်သူအနေဖြင့် အခြားနိုင်ငံခြားဈေးကွက်ကို ပိုမိုထိုးဖောက်ရန် သခွားမွှေးအသီး အရည်အသွေး ပိုမိုကောင်းမွန်လာစေရန် မြှင့်တင်နိုင်ဖို့လိုပါတယ်။ ယာရာဆိုတာ အရည်အသွေးမြင့် မြေသြဇာနည်းပညာများနှင့် ဒေသခံတောင်သူတွေအတွက် အသိပညာ၊ ဗဟုသုတများ ဖြန့်ဝေကာ အတူတကွ ရင်းနှီးစွာလုပ်ကိုင်ခြင်းများကြောင့် လူသိများ ကျော်ကြားနေခြင်း ဖြစ်ပါသည်။


ယာရာမြန်မာကို ဆက်သွယ်ရန်

ယာရာမြန်မာ လီမိတက်

အမှတ် ၁၃-၁၉၊ ဆူးလေစကွဲ အဆောက်အအုံ၊ ဆူးလေဘုရားလမ်း၊
ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့၊ မြန်မာ။

ဖုန်းနံပါတ် - ၀၁ ၉၂၅ ၅၁၉၅