fbpx

တောင်သူ့အသံ

မြန်မာ့ကောဖီ - ယာရာသီးနှံ အာဟာရနှင့်အတူ ဆန်းသစ်တိုးတက်မှု

ကျွန်တော်ဆိုရင်လည်း ကိုယ်ဝါသနာပါတဲ့ စိုက်ပျိုးရေး လုပ်ငန်းဖြစ်တဲ့ ကော်ဖီခြံလုပ်ငန်းကို နံနက် ၇ နာရီကနေ ညနေ ၄ နာရီထိတာ ဝန်ချိန်အပြည့်လုပ်ဆောင်တယ်။ ပြင်ဦးလွင်မြို့နယ်မှာ ဧက၂၀၀ ကျယ်ဝန်းတဲ့ ကျွန်တော်တို့ ခြံတည်ရှိတာကတော့ ၁၅ နှစ် လောက်ရှိပြီ။ 

စိုက်ပျိုးရေးကို အဓိကထားတဲ့ မြန်မာနိုင်ငံ

ကျွန်တော်တို့နိုင်ငံက စိုက်ပျိုးရေးလုပ်ငန်းကို အဓိကလုပ်ကိုင်တဲ့ နိုင်ငံဖြစ်သလို သီးနှံ့ပေါင်းစုံကိုလည်း စိုက်ပျိုးတယ်။ မျိုးဆက်တွေတစ်ခုပြီး တစ်ခုပြောင်း လဲလာပေမယ့် စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်မှုတွေက မပြောင်းပါဘူး။ တစ်ဦးကိုတစ်ဦး လက်ဆင့်ကမ်း အမွေပေးရင်း စိုက်ပျိုးရေးလောကနဲ့ ဆက်နွယ်ပြီး ရှင်သန်နေကြပါတယ်။ ကျွန်တော်ဆိုရင်လည်း ကိုယ်ဝါသနာပါတဲ့ စိုက်ပျိုးရေး လုပ်ငန်းဖြစ်တဲ့ ကော်ဖီခြံလုပ်ငန်းကို နံနက် ၇ နာရီကနေ ညနေ ၄ နာရီထိတာ ဝန်ချိန်အပြည့်လုပ်ဆောင်တယ်။ ပြင်ဦးလွင်မြို့နယ်မှာ ဧက၂၀၀ ကျယ်ဝန်းတဲ့ ကျွန်တော်တို့ ခြံတည်ရှိတာကတော့ ၁၅ နှစ် လောက်ရှိပြီ။ ကျွန်တော်အနေနဲ့ ကော်ဖီလုပ်ငန်းမှာ ဝင်ရောက်လုပ်ကိုင်နေတာ ၁၃ နှစ် လောက်ရှိပါပြီလို့ Creation Myanmar ကော်ဖီခြံ မှ မန်နေဂျာ ကိုနွေးဦးမောင်က ပြောပါတယ်။

 

စိုက်ပျိုးရေးအတွက် အရေးကြီးတဲ့မြေဆီလွှာ

ကော်ဖီစိုက်ပျိုးရေး ခြံပိုင်းမှာဆိုရင် မြေဆီလွှာကအဓိကကျတယ်။ နောက်တစ်ခုက ရောဂါကို ခံနိုင်အားရှိဖို့ပေါ့။ ဒီလိုတွေဖြစ်လာအောင်လည်းယာရာနဲ့အတူအာဟာရ အစီအစဉ် ဗျူဟာတွေကို ချမှတ်လုပ်ဆောင်တယ်။ ဒါမှလည်းအရည်အသွေးမြင့်တဲ့ ကော်ဖီအထွက်နှုန်းကောင်းတဲ့ ကော်ဖီရမှာလေ။ ၂၀၁၈ ခုနှစ် တစ်နှစ်တာပတ်လုံးမှာ ယာရာနဲ့အတူပူးပေါင်းပြီး တော့ ကော်ဖီခြံကို လစဉ်စစ်ဆေးမှုတွေ စံသပ်ကွက်တွေ လုပ်တယ်။ အပင်အရည်အသွေးစစ်တယ်။ စစ်ဆေးမှုရလဒ်ကကောင်းတဲ့အတွက်ကြောင့် တစ်ခြံလုံးကိုယာရာ မြေသြဇာကျွေးတယ်။ အရင်နှစ်တွေစိုက်ပျိုးတာထက် ယာရာနဲ့စိုက်တဲ့အခါ ပထမဆုံးကုန်ကျ စရိတ်သက်သာတယ်။ အရင်တုန်းကသုံးခါကျွေးတဲ့နေရာမှာ အခုနှစ်ခါဘဲ ကျွေးရတော့တယ်။

ယာရာသီးနှံ့အာဟာရနှင့် မြန်မာ့ကော်ဖီ

ကော်ဖီခြံ အကြံပေးတစ်ဦးဖြစ်တဲ့ ဦးဥက္ကာအောင်ကတော့ ၁၉၇၅ခုနှစ်ကနေစပြီး ကော်ဖီခြံတွေ ကော်ဖီစက်ရုံတွေမှာ တာဝန်ထမ်းဆောင်ခဲ့ပြီးတော့ ၂၀၁၂ မှာ အငြိမ်းစားယူခဲ့သူ တစ်ဦးပါ။ သူရဲ့ဘဝတစ်ခုလုံးကို ကော်ဖီခြံလုပ်ငန်းတွေမှာ မြုပ်နှံ့ထားခဲ့ပါတယ်။ ၂၀၀၈ ခုနှစ်ပိုင်းမှာတော့ Creation Myanmar ကော်ဖီခြံ မှာ သူကျွမ်းကျင်တဲ့ပညာရပ်နဲ့ တစ်လကို ၄ ကြိမ် အချိန်ပိုင်း ပညာပေးအနေနဲ့ ယခုအချိန်ထိ လုပ်ဆောင်လျက်ရှိပါတယ်။ အရင်တုန်းကကော်ဖီ စိုက်ရင်နည်းပညာ အလှမ်းဝေးတော့တောင်သူ တွေ အနေနဲ့ကိုယ့်နည်းကိုယ့် ဟန်အတိုင်း စိုက်တယ်။ ကော်ဖီကိုမြေသြဇာ ကျွေးပြီးစိုက်တာ (၁၀) နှစ် ဝန်းကျင်လောက်ပဲ ရှိသေးတယ်။ ကော်ဖီစိုက်ပျိုးရေး နည်းစနစ်လေးတွေ ထွန်းကားလာတဲ့အချိန်မှာ မြေသြဇာ အမျိုးမျိုးကို အသုံးပြုပြီးတောင်သူတွေ စိုက်လာကြတယ်။ ကျွန်တော် တို့ခြံ ကိုလည်း ယာရာအဖွဲ့တွေ ကွင်းဆင်းလာပြီး ယာရာမြေသြဇာနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို ရှင်းပြတော့ ကျွန်တော်တို့စမ်းသုံးကြည့်တဲ့ အခါ အပင်တွေက ကျွန်တော် လိုချင်တဲ့ အခြေအနေ ကိုရတဲ့ အတွက်ကြောင့် ယာရာကိုစသုံးဖြစ်ခဲ့တယ်။ မြေသြဇာ ကျွေး နည်းဆိုတာထက် ကျွေးပုံကျွေးနည်း စနစ်ချိန်ကိုက်ကျွေးဖို့ကို သတင်းအချက်အလက် ပေးတာက ယာရာဘက်က အတွေ့အကြုံနဲ့ ကျွန်တော်အတွေ့ အကြုံနဲ့ကလည်း တိုက်ဆိုင်တယ်။ ကျွန်တော်တို့ခြံရဲ့ အပင်တွေအတွက် ယာရာကို စကျွေးတဲ့အခါမှာ အရွက်အရည်အသွေးက တဖြည်းဖြည်းတက်လာတယ်။ အပင်တွေက လိုအပ်ချက်ကလည်း အရမ်းကောင်းလာတယ်။ ကောင်းမွန်တဲ့ ရလဒ်ကို ယာရာကြောင့် ရရှိခဲ့တယ်လို့ ဦးဥက္ကာအောင် က ပြောပါတယ်။ အခုချိန်မှာယာရာသုံးပြီးစိုက်တော့ အပင်လက္ခဏာတွေက အရမ်းကောင်းနေတယ်။ အပင်ရောဂါ ကင်းပြီးတော့အဆစ်တိုင်းမှာလည်း အသီးလေးတွေ တွေ့နေတော့အသီးထွက်နှုန်းလည်း မြင်နိုင်တယ်လို့ ယာရာအသုံးပြုပြီးနောက် ကော်ဖီပညာရှင် ဦးဥက္ကာအောင်က သုံးသပ်ပြောကြားခဲ့ ပါတယ်။

သဘာဝပတ်ဝန်းကျင်ထိခိုက်မှုကို လျော့ချပေးတဲ့ ယာရာ

မြေကြီးကို ခိုင်းစားမယ်ဆိုရင် သူအတွက် လုံလောက်တဲ့ပမာဏ ပြန်ထည့်ပေးရတယ်။ ဒါမှ ကိုယ်စိုက်တဲ့အပင်က ရှင်သန်မယ်။ စိုက်ပျိုးရေး လုပ်ငန်းတွေလည်း ရေရှည်ရပ်တည်နိုင်မယ်။ မြေကြီးကိုလည်း ခိုင်းမယ်ကိုယ်လိုချင်တဲ့ အပင်ရဲ့ အထွက်နှုန်းကိုလည်း ကောင်းစေရမယ်။ ဒါဆိုရင် စိုက်ပျိုးသူတွေ အတွက် အခွင့်အလမ်းတွေ များလာနိုင်တဲ့အတွက် တောင်သူလယ်သမားတွေအကျိုး ပိုမိုပေးလာနိုင်စေဖို့ ယာရာကမ္ဘာတည်သရွေ့ ရှိနေပါစေဆိုပြီး ဆုတောင်းစကား ပါးခဲ့ပါတယ်။ ဒီအပင်ကို ပြန်စစ်ဆေးပေမယ့် အရည်အသွေးကတော့ လျော့မသွားတဲ့အပြင် ပိုကောင်းလာတာ တွေ့ရလို့ လာမယ့်နှစ် စိုက်ပျိုးရာသီမှာလည်း ယာရာကိုပဲ ဆက်လက်သုံစွဲမယ်။ ရေရှည်လက်တွဲ လုပ်ဆောင်သွားဖို့လည်း မျှော်လင့်ပါတယ်လို့ ကိုနွေဦးမောင်က ပြောပါတယ်။


ယာရာမြန်မာကို ဆက်သွယ်ရန်

ယာရာမြန်မာ လီမိတက်

အမှတ် ၁၃-၁၉၊ ဆူးလေစကွဲ အဆောက်အအုံ၊ ဆူးလေဘုရားလမ်း၊
ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့၊ မြန်မာ။

ဖုန်းနံပါတ် - ၀၁ ၉၂၅ ၅၁၉၅