fbpx

ဓာတ်မြေသြဇာကိုင်တွယ်ခြင်းနှင့် ဘေးကင်းလုံခြုံမှု

မြေသြဇာနည်းပညာ

အဆိုပါနည်းပညာများတွင် အလွှာအုပ်သည့်နည်းစနစ်များနှင့် အစိုင်အခဲကိုဆန့်ကျင်သည့်ပစ္စည်းများဖြစ်ကြသည်။ ၎င်းတို့သည် ဖုန်မှုန့်၊ အပူစီးကူးခြင်းနှင့် အေးခဲသွားခြင်းတို့ကို ကာကွယ်တားဆီးရန်လည်း အရေးပါသည်။

 

အလွှာအုပ်သည့် နည်းစနစ်များ


အလွှာအုပ်ခြင်းသည် မြေသြဇာများအား အစိုဓါတ်စုပ်ယူမှုနှင့် ကိုင်တွယ်ချိန်တွင် ရုပ်ပိုင်းဆိုင်ရာ ပျက်စီးခြင်းတို့မှ ကာကွယ်ပေးခြင်းဖြင့် မြေသြဇာ၏အရည်အသွေးကို ထိန်းသိမ်းစောင့်ရှောက်ရန် အတွက် အရေးကြီးသည်။ ယာရာနည်းပညာဗဟိုဌာနသည် အမျိုးမျိုးသောအဆင့်အတန်းများကို အများအပြားဖြစ်လာစေရန်အတွက် ထိရောက်သောအလွှာအုပ်ခြင်းများကို ဖော်ထုတ်ခဲ့ပြီးဖြစ် သည်-
စိုထိုင်းသောလေနှင့်ထိတွေ့သည့်အခါ ရေစုပ်ယူမှုကို လျှော့ချပေးသည်။


အစိုင်အခဲဖြစ်မှု အလားအလာကို လျှော့ချပေးသည်။
အမှုန့်ဖြစ်ပေါ်ခြင်းကိုလျှော့ချပေးသည်။


ထို့ပြင် ရောင်ခြယ်ပစ္စည်းပါဝင်သောအလွှာတစ်ခုကို ထုတ်ကုန်၏တိကျသောအရောင်တစ်မျိုး ရရှိရန်အတွက် မကြာခဏအသုံးပြုသည်။ အလွှာအုပ်သည့်ပစ္စည်းများကို အပင်၊ မြေကြီး သို့မဟုတ် လူသားများကိုအန္တရာယ်ကင်းစေသည့် မြေသြဇာများ၏အရည်အသွေးကို တိုးတက်ကောင်းမွန်စေရန် အသုံးပြုသည်။

 

အစိုင်အခဲဖြစ်မှုကိုဆန့်ကျင်သည့်ပစ္စည်းများ


မြေသြဇာများနှင့် ဆားထုတ်ကုန်များသည် ယေဘုယျအားဖြင့် သယ်ယူပို့ဆောင်ခြင်းနှင့် သိုလှောင်စဉ်အတွင်း စုပေါင်းထားရှိနိုင်ခြေရှိသည်။ အစိုင်အခဲဖြစ်ခြင်းမှ ကာကွယ်တားဆီးရန်အလို့ငှာ မြေသြဇာများကို မျက်နှာပြင်လှုပ်ရှားနေသောဒြပ်ပေါင်းတစ်ခုနှင့် ဓါတ်မပြုသော အမှုန့်ငယ်တစ်ခုစသည်တို့ပါရှိသောပစ္စည်းအမျိုးမျိုးနှင့် ပြုပြင်စီရင်ခဲ့ကြသည်။ မျက်နှာပြင်လှုပ်ရှားနေသောဒြပ်ပေါင်းသည် အားကောင်းသောအတုံးအခဲများမဖြစ်စေရန်ကဲ့သို့သော ပုံဆောင်ခဲဖြစ်ပေါ်ခြင်းကို ထိန်းချုပ်ပေးပြီး အမှုန့်မှာ မျက်နှာပြင်ထိတွေ့မှုဧရိယာကို လျှော့ချပေးသည်။


အမှှုန့်ဖြစ်ပေါ်မှှုကို ကာကွယ်တားဆီးခြင်း


မြေသြဇာထုတ်ကုန်များမှ ထွက်ရှိလာသည့်အမှုန့်ပမာဏမှာ အမှုန်ပြင်းအားနှင့်ပုံသဏ္ဍန်၊ ကိုင်တွယ်သည့်နည်းလမ်းများနှင့် အသုံးပြုသည့်အလွှာအုပ်နည်းစနစ် တို့ကဲ့သို့သော မြောက်များစွာသော ရုပ်ပိုင်းဆိုင်ရာဂုဏ်သတ္တိများပေါ်တွင် မူတည်နေသည်။


အပူစီးကူးခြင်းကို ကာကွယ်တားဆီးခြင်း


ပုံမှန်အခြေအနေများအောက်တွင် အမိုးနီးယန်းနိုက်ထရိတ်ကိုအခြေခံထုတ်လုပ်ထားသည့် မြေသြဇာအားလုံးသည် တည်မြဲသောပစ္စည်းများဖြစ်ကြသည်။ နေရောင်ခြည်တိုက်ရိုက်ထိတွေ့သည့်နေရာတွင် သိုလှောင်ပါက အပူချိန်အတက်အကျများဖြစ်ပေါ်နိုင်သည်။ ထိုကဲ့သို့ဖြစ်ခြင်းသည် မြေသြဇာများကို ကြွတက်လာစေပြီး ရုပ်ပိုင်းဆိုင်ရာအားဖြင့် ပျက်ပြားသွားစေသည်။


အိတ်တစ်ခုထဲတွင် အမိုးနီးယန်းနိုက်ထရိတ်ပျက်ပြားခြင်းကို ပြသသည့်ဓါတ်ပုံ


အမိုးနီးယန်းနိုက်ထရိတ်ပျက်ပြားခြင်း


ထုတ်ကုန်သည် လုံလုံလောက်လောက်တည်မြဲမှုမရှိခဲ့လျှင် နှင့်/သို့မဟုတ် ရေပါဝင်မှုမြင့်မားခဲ့လျှင် ပျက်ပြားမှုပိုမိုမြင့်မားသည်။


အမိုးနီးယန်းနိုက်ထရိတ်သည် မတူညီသော တည်မြဲသည့်ပုံဆောင်ခဲပုံစံများအနေဖြင့် ဖြစ်ပေါ်သည်- တစ်ခုမှအခြားတစ်ခုသို့ပြောင်းလဲခြင်းသည် ထုထည်ပြောင်းလဲမှှုများနှင့်အတူ လိုက်ပါခြင်းဖြစ်သည်။ ထုတ်ကုန်ကို အပူပေးခြင်း သို့မဟုတ် အအေးခံခြင်းပြုလုပ်ခဲ့ပါက အပူချိန်ကို ဖြတ်ကျော်စဉ်အတွင်း ၃၂ ဒီဂရီစင်တီဂရိတ်သို့ အကူးအပြောင်းရလဒ်မှာ သိပ်သည်းဆပြောင်းလဲမှုများဖြစ်ပြီး အမှုန့်ငယ်များအဖြစ်သို့ ပျက်ပြားသွားစေသည်။

အေအန် ၃၃.၅ နှင့် အခြားထုတ်ကုန်များအချို့မှာ အမိုးနီးယန်းနိုက်ထရိတ်ပါဝင်သည့်တည်မြဲစေ သောအရာများ မြင့်မားပြီး အပူစီးကူးခြင်းကို လျော့ကျစေသည်။


သို့ရာတွင် အဆိုပါထုတ်ကုန်များကို တာရှည်သိုလှောင်စဉ်အတောအတွင်း အပူစီးကူးခြင်းကို မျက်နှာသာပေးသည့်အခြေအနေများရှိခဲ့ပါက အတန်းအစား ယုတ်လျော့သွားနိုင်ဆဲဖြစ်သည်။
အထူးသဖြင့် ထုတ်ကုန်များကို များများစားစား သိုလှောင်ထားသောနေရာများတွင် ရာသီဥတု အခြေအနေများကို အမြဲတမ်းစောင့်ကြည့်ပါ။

အေးခဲသွားခြင်းကို ကာကွယ်တားဆီးခြင်း


ပူနွေးစွတ်စိုသော ရာသီဥတုတွင် လေသည် ခန့်မှန်းခြေအားဖြင့် တစ်ညလျှင် ရေ ၁၀-၁၅ ဂရမ် /ကုဗမီတာ ထုတ်လွှတ်ပေးနိုင်သည်။ ဆိုလိုသည်မှာ ၁၀၀၀ မက်ထရစ်တန် သိုလှောင်ရုံငယ် တစ်ခု (၃၀x၂၀x၁၀) တွင် တစ်နေ့လျှင် ၉၀ လီတာ သို့မဟုတ် နှစ်ပတ်လျှင် ၁၂၆၀ လီတာ ထုတ်လွှတ်သည်။


ရေကို အပြင်ဘက်သို့ ထုတ်ပေးရန် အရေးကြီးသည်။ ခေါင်မိုးစီမံကိန်းအသစ်များသည် အပူချိန်အပြောင်းအလဲကို လျှော့ချရန် အပူကာပစ္စည်းကို အသုံးပြုသည်။ ထုတ်ကုန်ကို အမြဲတမ်းဖုံးအုပ်ထားပါ။

 


ယာရာမြန်မာကို ဆက်သွယ်ရန်

ယာရာမြန်မာ လီမိတက်

အမှတ် ၁၃-၁၉၊ ဆူးလေစကွဲ အဆောက်အအုံ၊ ဆူးလေဘုရားလမ်း၊
ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့၊ မြန်မာ။

ဖုန်းနံပါတ် - ၀၁ ၉၂၅ ၅၁၉၅