fbpx

သတင်း နှင့် ဖြစ်ရပ်များ

ယာရာသည် Covid-19 နိုးထမှုတွင် ဆာလောင်မှု အကျပ်အတည်းကို ရှောင်လွှဲရန် ဆောင်ရွက်ခြင်း

“ခုခံနိုင်စွမ်းမရှိတဲ့ ရပ်ရွာလူထုဟာ ဆယ်စုနှစ်များအတွင်းမှာ စားနပ်ရိက္ခာ ကျပ်တည်းမှုကို အကြီးကျယ်ဆုံး ရင်ဆိုင်ရနိုင်ပါတယ်။ ကျွန်တော်တို့ အခု မလှုပ်ရှားဘူးဆိုရင် လူသန်းပေါင်းများစွာဟာ နက်ရှိုင်းတဲ့ ဆင်းရဲမှု၊ ဆာလောင်မှုတွေကို တိုးဝင်သွားကြရပါတော့မယ်"

ဇွန်လ ၁၂ရက် ၂၀၂၀

အော့စ်လို ဇွန်လ (၂) ရက် - Covid-19 ကပ်ဘေးကာလ နိုးထလာမှုတွင် ဆာလောင်မွတ်သိပ်မှုကို ပြင်းထန်စွာ ရင်ဆိုင်တွေ့ကြုံရသည့် လူများစွာသည် နှစ်ဆ ဖြစ်နိုင်ပါသည်။ ကုလသမဂ္ဂ၊ နော်ဝေဂျီယန် အစိုးရနှင့် အာဖရိက အဖွဲ့အစည်းများ၏ ပံ့ပိုးမှုဖြင့် ယာရာသည် အာဖရိက၏ တောင်ပိုင်းနှင့် အရှေ့ပိုင်းတို့တွင် လူပေါင်း တစ်သန်းကျော်အတွက် စားနပ်ရိက္ခာများ ပံ့ပိုးပေးရန် ဒေါ်လာ (၂၅) သန်း ကူညီထည့်ဝင်လျက် ရှိပါသည်။

ယာရာသည် အစားအသောက် ထုတ်လုပ်ခြင်းနှင့် တိုးမြင့်ထားသော အစားအသောက် ဘေးကင်းရေးကို စိတ်ချရစေရန် အာဖရိက နိုင်ငံ ခုနစ်နိုင်ငံတွင် စိုက်ပျိုးထုတ်လုပ်သူ တောင်သူလယ်သမားပေါင်း (၂၅၀,၀၀၀) အတွက် ပံ့ပိုးရန် ရည်ရွယ်ချက်ဖြင့် ကနဦး လှုပ်ရှားမှုအနေဖြင့် အာဖရိက လှုပ်ရှားမှု-ရှင်သန်နေသော လယ်မြေများ၊ ရှင်သန်နေသော အနာဂတ်များ ကို စတင်ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါ ကနဦး လှုပ်ရှားမှုတွင် ထောက်ခံအားပေးမှုနှင့် စီးပွားမိတ်ဖက်များ၊ တောင်သူလယ်သမား ချိတ်ဆက်မှုနှင့် ဒစ်ဂျစ်တယ်ဆိုင်ရာ ဖြေရှင်းမှုများနှင့် တိုးတက်လာသော အာဟာရအတွက် ဇင့် ပါဝင်သည့် အရည်အသွေးမြင့် မြေဩဇာ (၄၀,၀၀၀) မက်ထရစ်တန် အပါအဝင် လုပ်ငန်းလည်ပတ်မှု ဆိုင်ရာ ပံ့ပိုးမှုတို့ ပါဝင်ကြပါသည်။ ယာရာရဲ့ သီးနှံအာဟာရနှင့် စိုက်ပျိုးရေးပညာရပ်ဆိုင်ရာ ပံ့ပိုးမှု ပါဝင်သော မြေဩဇာ ပါဝင်ကူညီမှုသည် ပြောင်းဖူး ထွက်ရှိမှုကို သုံးဆတိုးတက်ရန် မျှော်မှန်းထားပြီး ကင်ညာ၊ ယူဂန်ဒါ၊ ရန်ဒါ၊ တန်ဇန်နီးယား၊ ဇန်ဘီယာ၊ မယ်လာဝီနှင့် မိုဇမ်ဘီခ် အစရှိသည့် နိုင်ငံအနှံ့အပြားမှ လူတစ်သန်းကျော်တို့အတွက် တစ်နှစ်ကြာ ပံ့ပိုးနိုင်ရန် မျှော်မှန်းထားပါသည်။

“ခုခံနိုင်စွမ်းမရှိတဲ့ ရပ်ရွာလူထုဟာ ဆယ်စုနှစ်များအတွင်းမှာ စားနပ်ရိက္ခာ ကျပ်တည်းမှုကို အကြီးကျယ်ဆုံး ရင်ဆိုင်ရနိုင်ပါတယ်။ ကျွန်တော်တို့ အခုချိန် မလှုပ်ရှားနိုင်ဘူးဆိုရင် လူသန်းပေါင်းများစွာဟာ နက်ရှိုင်းတဲ့ ဆင်းရဲမှု၊ ဆာလောင်မှုတွေကို တိုးဝင်သွားကြရပါတော့မယ်။ ဘဝတွေနဲ့ အသက်မွေးဝမ်းကြောင်းလုပ်ငန်းတွေ ဘေးအန္တရာယ် ကျရောက်နေတဲ့ အာဖရိကမှာတော့ အထူးသဖြင့် ဒါကို စိတ်ပူနေရပါတယ်။ စားနပ်ရိက္ခာ ထုတ်လုပ် စားသောက်မှု တန်ဖိုး၏ အရေးကြီးသော အပိုင်းတစ်ပိုင်းအနေဖြင့် ခုခံနိုင်စွမ်း မရှိတဲ့ စိုက်ပျိုးမွေးမြူရေးဆိုင်ရာ လူ့အဖွဲ့အစည်းတွေကို ပံ့ပိုးပေးပြီး ဆာလောင်မှု အကျပ်အတည်းကို ရှောင်လွှဲပေးရာမှာ ကူညီဖို့ ကျွန်တော်တို့မှာ တာဝန်ရှိပါတယ်” ဟု Yara International ၏ ဥက္ကဋ္ဌနှင့် CEO ဖြစ်သူ Svein Tore Holsether မှ ပြောကြားပါသည်။

“COVID-19 ကူးဆက်မြန်ကပ်ရောဂါ ကျန်းမာရေးဘေးအန္တရာယ်ဟာ ဆက်လက်ရှင်သန်နေတဲ့ လူ့အဖွဲ့အစည်းတွေ အတွက် သေစေနိုင်လောက်တဲ့ အလဲထိုးချက် ဖြစ်နိုင်ပြီး ကမ္ဘာလုံးဆိုင်ရာ လူသားချင်း စာနာထောက်ထားမှု ကပ်ဘေးတစ်ခု ဖြစ်လာဖို့ အရိပ်လက္ခဏာ ပေါ်ပေါက်နေပါတယ်။ ဒီကပ်ဘေးကာလအတွင်းမှာ ကုန်ထုတ်လုပ်မှုနဲ့ စားနပ်ရိက္ခာ ထုတ်လုပ်ဖြန့်ချိရောင်းချမှုတွေကို ထိန်းထားဖို့နဲ့ ဘေးအန္တရာယ် အရှိဆုံး လူတွေကို ကာကွယ်စောင့်ရှောက်ဖို့အတွက် ပုဂ္ဂလိက အခန်းကဏ္ဍနဲ့ ကုမ္ပဏီ တစ်ခုချင်းဟာ အာဖရိက အဖွဲ့အစည်းတွေ၊ အစိုးရတွေနဲ့ World Food Programme (WFP) တို့လို အဖွဲ့အစည်းတွေနဲ့ လက်တွဲပြီး ဘယ်လိုမျိုး ထွက်ပေါ်လာမလဲဆိုတာအတွက် ဒီကနဦးလှုပ်ရှားမှုက နမူနာကောင်းတစ်ခု ပေးပါတယ်။” ဟု WFP မှ အမှုဆောင်ဒါရိုက်တာ David Beasley မှ ပြောကြားပါသည်။

“ရေရှည်တည်တံ့ခိုင်မြဲတဲ့ ဖွံ့ဖြိုးတိုးတက်မှု ရည်မှန်းချက် (၁၇) ဟာ ရေရှည်တည်တံ့ခိုင်မြဲတဲ့ ဖွံ့ဖြိုးတိုးတက်မှု ရည်မှန်းချက်တွေကို ရောက်ရှိစေဖို့ မိတ်ဖက်လုပ်ငန်းတွေ လိုအပ်ပါတယ်။ လက်ရှိဖြစ်ပေါ်နေတဲ့ COVID-19 ကပ်ဘေးကာလမှာ ယာရာကနေ ကနဦး လုပ်ဆောင်နေတဲ့ မိတ်ဖက်လုပ်ငန်းဟာ ချီးကျူးစရာ ကောင်းပြီးတော့ အရေးလည်းကြီးပါတယ်။ ဒီကပ်ဘေးကာလရဲ့ စီးပွားဆိုင်ရာ အကျိုးသက်ရောက်မှုတွေဟာ ဆာလောင်မွတ်သိပ်မှုနဲ့ ဆင်းရဲနွမ်းပါးမှုတွေကို သိသိသာသာ မြင့်တက်စေနိုင်ပါတယ်။ အထူးသဖြင့် အာဖရိကမှာပေါ့။ ဒီလိုမျိုး လှုပ်ရှားမှုကနေတစ်ဆင့် ယာရာနဲ့ သူ့ရဲ့မိတ်ဖက်တွေဟာ ကပ်ဘေးကာလရဲ့ သက်ရောက်မှုတွေအပေါ် ခုခံနိုင်စွမ်း မရှိဆုံး လူသားတွေအတွက် အရေးကြီးတဲ့ အစားအသောက် ထုတ်လုပ်မှုကို ခိုင်မာစိတ်ချရစေဖို့ အကူအညီပေးနိုင်ပါတယ်။” လို့ နော်ဝေးနိုင်ငံ၏ ဝန်ကြီးချုပ် Erna Solberg မှ ပြောကြားခဲ့ပါသည်။

“ပိုမိုဆိုးဝါးလာတဲ့ ဆာလောင်မှု ကပ်ဘေးကို ရင်ဆိုင်နေရတဲ့ လူပေါင်း (၂၆၅) သန်းကျော်နဲ့အတူ ကိုရိုနာ ဗိုင်းရပ်စ်ကြောင့် ဆာလောင်မှု ကပ်ဘေးအန္တာရယ်နဲ့ ပတ်သက်ပြီး ကျွန်တော် တော်တော် စိုးရိမ်ပါတယ်။ ရောဂါကို အောင်နိုင်ဖို့နဲ့ ခုခံနိုင်စွမ်းမရှိသူတွေကို အကာအကွယ်ပေးဖို့ စည်းလုံးညီညွှတ်တဲ့ ကမ္ဘာလုံးဆိုင်ရာ အဖွဲ့အစည်းတစ်ခုအဖြစ် ကျွန်တော်တို့ အတူတူ လက်တွဲလုပ်ကိုင်သွားဖို့ရာ အရေးကြီးပါတယ်။” ဖြစ်ပေါ်နိုင်ခြေရှိသော အစားအသောက် ကပ်ဘေးကို ဖြေရှင်းရာတွင် အလွန်အရေးပါလာမည့် ပုဂ္ဂလိက - ပြည်သူ ပူးပေါင်းဆောင်ရွက်မှုအနေဖြင့် ယာရာ၏ လှုပ်ရှားမှုနှင့် ဆောင်ရွက်မှုတို့ကို ကြိုဆိုသည့် နော်ဝေနိုင်ငံ၏ နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဝန်ကြီး Dag Inge Ulstein က ပြောကြားပါသည်။

အာဖရိက လှုပ်ရှားမှု - ရှင်သန်နေသော လယ်မြေများ၊ ရှင်သန်နေသော အနာဂတ်များ အနေဖြင့် အောက်ပါတို့ကို ဆောင်ရွက်ပါမည်။

- ခုခံနိုင်စွမ်း မရှိဆုံးသော လူများအတွက် အစားအသောက်များ အမြဲ ရရှိနိုင်ခြင်းနှင့် လက်ခံနိုင်ခြင်း
- SME များသည် အာဖရိကတွင် အစားအသောက် စနစ်များ၏ ကျောရိုးတိုင် ဖြစ်သည့်အတိုင်း ဆက်လက်၍ ဖြစ်နေစေခြင်း
- စိုက်ပျိုးသူ တောင်သူများအတွက် ဖြည့်သွင်းမှုများ ရရှိခြင်း
- အစားအသောက် ဈေးကွက်သည် ဆက်လက်ပွင့်နေ၍ ဘေးအန္တရာယ် ကင်းရှင်းခြင်း
- လယ်သမားများအတွက် အသိပညာများ အမြဲပေးခြင်းနှင့် ဖြစ်နိုင်သည့် နေရာတိုင်း ခြေရာခံနိုင်မှုအတွက် ဒစ်ဂျစ်တယ်အသွင် ပြောင်းလဲခြင်း
အာဖရိက လှုပ်ရှားမှု - ရှင်သန်နေသော လယ်မြေများ၊ ရှင်သန်နေသော အနာဂတ်များတွင် African Green Revolution Forum (အာဖရိက စားနပ်ရိက္ခာ ဖိုရမ်), Generation Africa နှင့် the Farm to Market Alliance တို့အတွက် ပံ့ပိုးမှုများ ပါဝင်ပါမည်။ လုပ်ငန်းလည်ပတ်မှုဆိုင်ရာ ပံ့ပိုးမှု ခိုင်မာရန်၊ မြေပြင်ကွင်းဆင်းရေး လုပ်ငန်းဆောင်ရွက်ချက်များကို စီမံခန့်ခွဲရန်နှင့် ဒစ်ဂျစ်တယ်ဆိုင်ရာ ဆောင်ရွက်နိုင်မှုနှင့် တစ်ဦးချင်း လိုအပ်ချက်အလိုက် သီးနှံစိုက်ပျိုးရေးပညာ အကြံဉာဏ်များ ပံ့ပိုးပေးရန် WFP, AGRA, AFAP နှင့် အခြား ဒေသဆိုင်ရာနှင့် ပြည်တွင်း အဖွဲ့အစည်းများနှင့်အတူ ဤလှုပ်ရှားဆောင်ရွက်မှုတွင် လက်တွဲပူးပေါင်း၍ လုပ်ကိုင်သွားမည် ဖြစ်ပါသည်။

ပိုမိုကောင်းမွန်သော လယ်ယာ ကုန်ထုတ်စွမ်းအား ပေးရန်၊ ပြည်တွင်း အစားအသောက် လိုအပ်ချက် ပြည့်မီရန်၊ လယ်သမားများ၏ ဝင်ငွေများ တိုးတက်ရန်နှင့် ပိုမိုကောင်းမွန်သည့် အာဟာရဖြင့် လူထု ကျန်းမာရေး တိုးတက်စေရန် ပူးပေါင်းအားထုတ်မှုတွင် ပါဝင်ရန် အခြားပုဂ္ဂလိက အခန်းကဏ္ဍအတွက် ဤလှုပ်ရှား ဆောင်ရွက်မှုသည် အထောက်အကူတစ်ရပ် ဖြစ်နိုင်မည်ဟု ယာရာမှ မျှော်လင့်ပါသည်။

နောက်ထပ်အချက်အလက်များအတွက် -

Kristin Nordal, VP Corporate Communications
ဖုန်း - + 47 900 15 550
E-mail: This email address is being protected from spambots. You need JavaScript enabled to view it.

Josiane Kremer, Director External Communications
ဖုန်း - +47 48180451
E-mail: This email address is being protected from spambots. You need JavaScript enabled to view it.

Thor Giæver, Investor Relations
ဖုန်း - (+47) 480 75 356
E-mail: This email address is being protected from spambots. You need JavaScript enabled to view it.


ယာရာမြန်မာကို ဆက်သွယ်ရန်

ယာရာမြန်မာ လီမိတက်

အမှတ် ၁၃-၁၉၊ ဆူးလေစကွဲ အဆောက်အအုံ၊ ဆူးလေဘုရားလမ်း၊
ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့၊ မြန်မာ။

ဖုန်းနံပါတ် - ၀၁ ၉၂၅ ၅၁၉၅