fbpx

ဂေါ်ဖီထုပ် ပုံသဏ္ဍာန်ပျက်သွားခြင်း

Symptoms

ကယ်လ်စီယမ်ချို့တဲ့မှုတွင် အထင်ရှားဆုံး လက္ခဏာမှာ အရွက်ထိပ်ပိုင်းများ ခြောက်သွေ့သွားခြင်း ဆိုလိုသည်မှာ အရွက်ထိပ်နှင့် အနားများတွင် အညိုရောင်ဆဲလ်သေထားသည့် အဆင်းများဖြစ်ပေါ်လာခြင်းကို ဆိုလိုပါသည်။ ထိုလက္ခဏာများသည် ပို၍ငယ်ရွယ်နုပျိုသော အရွက်များတွင် စတင်ဖြစ်ပေါ်ပါသည်။ ကယ်လ်စီယမ်ချို့တဲ့မှု ဆက်၍ဖြစ်ပေါ်လျှင် အညိုရောင် ဆဲလ်သေများသည် အရွက်ထိပ်နှင့် အရွက်အနားမှ တဆင့် အရွက်အတွင်းပိုင်းထိ ဆက်၍ဖြစ်ပေါ်ပါသည်။

Reason

ဂေါ်ဖီထုပ်တွင် ကယ်လ်စီယမ်ဓာတ်ချို့တဲ့ခြင်း မြေကြီးအများစုတွင် ကယ်လ်စီယမ်ဓာတ်ပါဝင်မှု လုံလောက်သော်လည်း ၎င်းဓာတ်စုပ်ယူမှုကို ဟန့်တားခြင်းခံထားရ သောကြောင့် ထိုဓာတ်ချို့တဲ့မှုကို ဖြစ်ပေါ်စေပါသည်။ အမိုနီယမ်၊ ပိုတ်ရ်စီယမ် သို့မဟုတ် မဂ္ဂနီစီယမ် ပါဝင်မှုများသော မြေကြီးများနှင့် ရေငတ်သော သိို့မဟုတ် ရေဝှပ်သော မြေများတွင် ကယ်လ်စီယမ်ချို့တဲ့မှုကို အားပေးပါသည်။

 


ယာရာမြန်မာကို ဆက်သွယ်ရန်

ယာရာမြန်မာ လီမိတက်

အမှတ် ၁၃-၁၉၊ ဆူးလေစကွဲ အဆောက်အအုံ၊ ဆူးလေဘုရားလမ်း၊
ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့၊ မြန်မာ။

ဖုန်းနံပါတ် - ၀၁ ၉၂၅ ၅၁၉၅