fbpx

ကယ်လ်စီယမ်ချို့တဲ့ခြင်း

Symptoms

အရွက်နု၏ အနားများသည် အညိုရောင်ဆဲလ်သေဖြစ် ပြောင်းသွားပါသည်။ ကြီးထွားသည့် နေရာများပါသည့် အညွှန့်ထိပ်များ သေသွားပါသည်။ ပန်းပွင့်နှင့် ပန်းပွင့်ရိုးတံများတွင်လည်း အညိုရောင်ဆဲလ်သေများအဖြစ် ပြောင်းသွားပါသည်။ ချို့တဲ့မူပြင်းထန်လာလျှင် ဖွံ့ဖြိုးပြီး ငယ်ရွယ်သောရွက်မွှာများသည် အပေါ်သို့ကုတ်သွားပြီး အဝါရောင်နှင့် အညိုရောင် အစက်များလည်း ဖြစ်ပေါ်နေပါသည်။ ကယ်လ်ဆီယမ်ချို့တဲ့ခြင်းသည် အရွက်ပေါ်တွင် တွေ့ရမူရှားပါးပြီး မြေကြီးတွင် ပါဝင်သော ကယ်လ်ဆီယမ်ပမာဏသည် အရွက်ကြီးထွားရန်အတွက် လုံလောက်ပါသည်။

Reasons

ဘိုရွန်ချို့တဲ့ခြင်းနှင့် လက္ခဏာဆင်တူပါသည် သို့သော် အညိုရောင်ဆဲလ်သေများသည် ပုံမှန်အားဖြင့် ရွက်ကြောများအကြားတွင် တွေ့ရပြီး ကယ်လ်ဆီယမ်ချို့တဲ့ခြင်းကို အရွက်စွန်း ပိုင်းတွင်တွေ့ရပါသည်။ ပိုတက်ဆီယမ်ချို့တဲ့မှုသည် အရွက်စွန်းတွင် အညိုရောင်ဆဲလ်သေများဖြစ်ပေါ်စေပါသည် သို့သော် လက္ခဏာရပ်များသည် အရွက်ရင့်များပေါ်တွင် ပထမဆုံး တွေ့ရပါသည်။ ပိုတက်ဆီယမ်ချို့တဲ့သည့် အရွက်များသည် ရေဘုံရအားဖြင့် အပေါ်သို့ကုတ်မသွားပါ။


ယာရာမြန်မာကို ဆက်သွယ်ရန်

ယာရာမြန်မာ လီမိတက်

အမှတ် ၁၃-၁၉၊ ဆူးလေစကွဲ အဆောက်အအုံ၊ ဆူးလေဘုရားလမ်း၊
ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့၊ မြန်မာ။

ဖုန်းနံပါတ် - ၀၁ ၉၂၅ ၅၁၉၅