fbpx

ဖော့စဖောရပ်ဓာတ်ချို့တဲ့ခြင်း - ကြံသီးနှံ

သီးနှံအာဟာရ ချို့တဲ့ခြင်းများ - ကြံသီးနှံ

သီးနှံအဟာရ

N နိုက်ထရိုဂျင်
B ဘိုရွန်
Cu ကော့ပါး
Mn မဂ္ဂနီး
Zn ဇင့်
P ဖော့စဖောရပ်
Mg မဂ္ဂနီစီယမ်
Mo မိုလီဒီနမ်
Ca ကယ်လစီယမ်
K ပိုတက်ဆီယမ်
S ဆာလဖာ
Fe အိုင်းရွန်း (သံဓာတ်)

အားလုံးကို ကြည့်ရန်

ကြံသီးနှံ ပုံသဏ္ဍာန်ပျက်သွားခြင်း

Symptoms

ဖော့စဖောရပ်ချို့တဲ့သည့် လက္ခဏာများသည် ကြံမျိုးကွဲများအလိုက် ပြောင်းလည်းပါသည်။ ပုံတွင်ပြထားသည့်အတိုင်း ပင်စည်တွင် ခရမ်းရောင်ပြောင်းလည်းခြင်းကို ပြသနေပါသည်။ ယေဘုယျအားဖြင့် ထိုလက္ခဏာများသည် ပို၍ရင့်သောအရွက်များတွင် ပထဆုံးတွေ့ရပါသည်။ အညိုရင့်ရောင်ဆဲလ်သေစက်များ (သို့) အနီရင့်ရောင်အစင်းများကို ရွက်ကြောကြားနှင့် အစိမ်းရင့်ရောင် အရွက်နားတစ်လျှောက် ဖြစ်ပေါ်ပါသည်။ အရွက်များသည် ပုံမှန်အရွက်အရွယ်စားထက် ပို၍သေးသွယ်ပြီး ပို၍တိုနေပါသည်။ နောက်ပိုင်းတွင် အရွက်ရင့်များသည် အဝါရောင်ပြောင်းသွားပြီး ထိပ်ဖျားနှင့် အနားများမှ စ၍ ခြောက်သွားပါသည်။ အရွက်နုများသည် အစိမ်းရင့်ရောင်ဖြင့် အချိန်အတိုင်းတာ တစ်ခုထိရှိနေပါသည်။ သီးနှံများသည် အမြစ်ကြီးထွားမှုနှင့် ပင်ပွားထွက်မှုညံ့ပြီး ငယ်ရွယ်သောအညွှန့်များသည် မထွက်ခင်ကတည်းက သေနေပါသည်။ ရိုးတံများသည် ပါးလွှာ၍ တိုသွားပါသည်။ အထွက်နှုန်းနှင့် အရည်သွေး လျှော့နည်းသွားပါသည်။

 

Reason

ဖော့စဖောရပ်ချို့တဲ့ခြင်း မြေသားတည်ဆောင်မှုညံ့ခြင်း၊ ဆားငန်ခြင်း သို့မဟုတ် ရောဂါကျရောက်ခြင်းကြောင့် အမြစ်အဖွဲ့စည်း အားနည်းခြင်းကြောင့် ဖြစ်ပေါ်သော လက္ခဏာများနှင့် ဆင်တူပါသည်။ ဖော့စဖောရပ်ချို့တဲ့ခြင်းကြောင့် အထွက်နှုန်းဆုံးရှုံးမှုကို ကာကွယ်ရန် အစောပိုင်းကြီးထွားသည့် အမြစ်နှင့် အညွှန့်အတွက် ဖော့စဖောရပ်ရရှိရန် အလွန်အရေးကြီးပါသည်။

Phosphorus is important for

  • ပင်ပွားများခြင်း
  • အပင်အဝန်းဝိုင်းဖြစ်မှုမြန်ခြင်း
  • ပင်စည်ကြီးထွားမှုသန်မာခြင်း နှင့် မြစ်အုံကြီးမားခြင်း စသည့် ထုတ်လုပ်နိုင်သည့် ကြီးထွားမှု။
  • အထွက်နှုန်းနှင့် သကြားအရည်အသွေး မြင့်မားခြင်း။
  • ဖော့စဖောရပ်ပမာဏ လုံလုံလောက်လောက်ရရှိမှုသည် ကြံရည်အရည်သွေးကို ကောင်းမွန်ခြင်း။

ယာရာမြန်မာကို ဆက်သွယ်ရန်

ယာရာမြန်မာ လီမိတက်

အမှတ် ၁၃-၁၉၊ ဆူးလေစကွဲ အဆောက်အအုံ၊ ဆူးလေဘုရားလမ်း၊
ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့၊ မြန်မာ။

ဖုန်းနံပါတ် - ၀၁ ၉၂၅ ၅၁၉၅