သရက်အတွက် ဘိုရွန် အာဟာရ၏ အရေးပါပုံ
ဘိုရွန် (လက်ချားဓာတ်) သည် ဆဲလ်အမှေးပါးပေါ် တိုက်ရိုက်သက်ရောက်မှုရှိသောကြောင့် ဆဲလ်နံရံ တည်ဆောက်မှုကို ထိန်းသိမ်းထားနိုင်ပါတယ်။
ဆဲလ်ဆွဲဆန့်နိုင်မှု၊ ဝတ်မှုန်ပြွန်ကြီးထွားခြင်းနှင့် အမြစ်ရှည်ထွက်ခြင်းတို့တွင် ဘိုရွန်ပါဝင်ပါတယ်။ ညီညွှတ်မျှတသော သီးနှံအာဟာရ အစီစဉ််တွင် ဘိုရွန် ပါဝင်ခြင်းသည် သရက်၊ သင်္ဘော နှင့် လောင်ဂန်သီးတို့၏ အထွက်နှုန်းကို တိုက်ရိုက် အကျိုးသက်ရောက်စေပါတယ်။
ဘိုရွန်အာဟာရသည် သရက်သီးတွင် သီးနှံအရည်သွေး၊ သကြားပါဝင်မှုပမာဏ နှင့် သကြားနှင့် အက်ဆစ် အချိုးကို တိုးစေသည့်အချက်များကိုလည်း လွမ်းမိုးနိုင်ပါတယ်။
ဘိုရွန်သည် အသီးရုပ်ပိုင်းဆိုင်ရာ အရည်သွေးတွင် အဓိကအခန်းကဏ္ဍတွင် ပါဝင်နေပြီး တစ်ခါတစ်ရံ ကယ်လ်ဆီယမ်နှင့် ဆက်စပ်နေပါတယ်။
သရက်တွင် အဆေးထွက်သည့်ပမာဏကို အရွက်တွင် ပါဝင်သောဘိုရွန်ပျင်းအား မြင့်မားခြင်းက လျှော့ချပေးနိုင် ပါသည်။