ကော်ဖီ အဝါရောင်ပြောင်းခြင်း
Sintomas
စိမ်းဝါရောင်မှ လိမ္မော်ရောင် သို့မဟုတ် သံကြေးရောင်သည် ရွက်လယ်ကြောအနီးနားတွင် စတင်ပြီး နောက်ပိုင်းတွင် ရွက်ကြောကြားဧရိယာများထိ ပျံ့နှံ့သွားပါသည်။ ရွက်ကြောမကြီးနှင့် ရွက်ကြောမွှာတို့၏ တဖက်တချက်တွင် အစိမ်းရောင်ဧရိယာကျန်ရှိနေပြီး ရွက်ပြားတွင် အစက်များဖြစ်ပေါ်နေပါသည်။ ပုံစံမမှန်သော၊ ချိုင့်နေသာ အညိုရောင် ဆဲလ်သေကွက်များသည် အဝါရောင်တစ်သျှူးများအတွင်း ဖြစ်ပေါ်နေပါသည်။ သေးငယ်၍ချိုင့်နေသော လိမ္မော်ရောင် အစက်များတွေ့ရှိရပြီး အရွက်အနားနှင့် ရွက်ကြောများ တစ်လျှောက်တွင်လည်း တွေ့ရှိရပါသည်။ ထိုချို့တဲ့သည့် လက္ခဏာသည် အမြဲတမ်း ပို၍ရင့်သော အရွက်များတွင် စတင်ပြသပါသည်။
Causas
မဂ္ဂနီစီယမ်ချို့တဲ့မှုပြင်းထန်ခြင်း
ရွက်ကြောကြားဧရိယာများ အဝါရောင်ပြောင်းသွားခြင်းသည် မဂ္ဂနီစ်၊ ဘိုရွန် နှင့် ဇင့်ဓာတ်တို့ ချို့တဲ့သည့် လက္ခဏာနှင့် ဆင်တူပါသည်။ သို့သော် မဂ္ဂနီစီယမ်ချို့တဲ့သည့် လက္ခဏာများသည် အရွက်ရင့်မျာတွင် စတင်ဖြစ်ပေါ်ပါသည်။