မဂ္ဂနီစီယမ်ဓာတ်ချို့တဲ့မူ ပြင်းထန်ခြင်း
Symptoms
လက္ခဏာရပ်များသည် အောက်ခြေရှိ ရွက်မွှာ သို့မဟုတ် အရွက်နား ရွက်ကြောကြားဧရိယာများတွင် စတင်ပါသည်။ အဝါရောင်များသည် အရွက်တစ်ခုလုံးသို့ပျံ့နှံ့သွားပြီး ချို့တဲ့မှု ဆက်လက်ဖြစ်ပေါ်ပါသည်။ အရွက်အနားများသည် အစိမ်းရောင်ကျန်ရှိနေပါသည်။ နောက်ဆုံးတွင် အဝါရောင်အကွက်များတွင် အညိုရောင်ဆဲလ်သေကွက်များဖြစ်ပေါ်လာပြီး အရွက်အနားများတွင် နေလှောင်ကွက်များဖြစ်လာပါသည်။ အရွက်နားတွင် လိပ်ဝင်သွားပြီး ကြွပ်စပ်သွားပါသည်။ လက္ခဏာများသည် အရွက်ရင့်များ တွင် ပို၍ပြင်းထန်ပါသည်။ အစိမ်းရောင်ရွက်ကြော၊ အရွက်နားဧရိယာများနှင့် ရွက်ကြောကြားဧရိယာများတွင် အညိုရောင်များဖြစ်ပေါ်လာပါသည်။
Reasons
မဂ္ဂနီစီယမ်ဓာတ် (Mg)ချို့တဲ့ခြင်းသည် မဂ္ဂနိစ်ချို့တဲ့ခြင်းနှင့် ဆင်တူပါသည်။ သို့သော် အရွက်နု (ငယ်ရွယ်သောအရွက်) တွင်အဝါရောင်စတင်ဖြစ်ပေါ်ပြီး ရွက်ကြောတစ်လျှောက်တွင် အစက်များဖြစ်ပေါ်လာပါသည်။