fbpx

သီးနှံအာဟာရ ဖြေရှင်းနည်းများ

ကြက်သွန်နီ/ ကြက်သွန်ဖြူ

ကြက်သွန်နီဥ၏ ကျစ်လစ်မှု ကောင်းမွန်လာခြင်း

ကြက်သွန်နီနှင့် ကြက်သွန်ဖြူတို့၏ ကျစ်လစ်မှုသည် အထူးသဖြင့် ကာလရှည်သိုလှောင်မည့် အခြောက်ခံထားသော ကြက်သွန်နီဥ များတွင် အဓိကကျသောသွင်ပြင်လက္ခဏာတစ်ရပ်ပင် ဖြစ်ကြသည်။

စိုက်ပျိုး ထုတ်လုပ်သူများသည် ညီညွတ်မျှတသော အာဟာရများထည့်သွင်း ပေးခြင်းဖြင့်ကျစ်လစ်မှုရှိသော ကြက်သွန်နီများကို ရရှိနိုင်သည်။

အာဟာရနှင့် ကြက်သွန်နီဥ၏ ကျစ်လစ်မှု

နိုက်ထရိုဂျင်သည် ကြက်သွန်နီဥကျစ်လစ်မှုရှိစေရေးတွင် အရေးကြီးသော အခန်းကဏ္ဍမှပါဝင်သည်။

ပိုတက်စီယမ်နှင့်ကယ်စီယမ်ချို့တဲ့မှုကြောင့် ကြက်သွန်နီဥ၏ ကျစ်လစ်မှုကို လျော့နည်းစေနိုင်သည်။

 

နိုက်ထရိုဂျင်

နိုက်ထရိုဂျင်သည် ကြက်သွန်နီ၏ အပြင်ပိုင်းအလေးချိန်ကို တိုးမြင့်စေပြီး ဖိအားကို ပိုမိုခံနိုင်ရည်ရှိစေသည့်အတွက် ကိုင်တွယ်ခြင်းနှင့် သိုလှောင်ခြင်း ဆိုင်ရာပျက်စီးဆုံးရှုံးမှုများကို လျော့နည်းစေသည်။

သို့သော်လည်း နိုက်ထရိုဂျင်အား လိုအပ်သည်ထက်ပိုမိုအသုံးပြုပါက အတွင်းပိုင်းတစ်ရှူး များပျော့ပျောင်းလာပြီး ကျစ်လစ်မှုကို လျော့နည်းစေသည်။

 

ကြက်သွန်နီအတွက် အကြံပြုထောက်ခံထားသော ယာရာဓာတ်မြေသြဇာများ

မှန်ကန်သောအာဟာရစီမံခန့်ခွဲမှုက ကြက်သွန်နီ/ ကြက်သွန်ဖြူ သီးနှံများကို မည်သို့ အကျိုးသက်ရောက်နိုင်သလဲ

ကြက်သွန်နီ/ ကြက်သွန်ဖြူ သီးနှံအာဟာရဆောင်းပါး အားလုံးကို ကြည့်ရန်


ယာရာမြန်မာကို ဆက်သွယ်ရန်

ယာရာမြန်မာ လီမိတက်

အမှတ် ၁၃-၁၉၊ ဆူးလေစကွဲ အဆောက်အအုံ၊ ဆူးလေဘုရားလမ်း၊
ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့၊ မြန်မာ။

ဖုန်းနံပါတ် - ၀၁ ၉၂၅ ၅၁၉၅