fbpx

သီးနှံအာဟာရ ဖြေရှင်းနည်းများ

ကြက်သွန်နီ/ ကြက်သွန်ဖြူ

ကြက်သွန်နီဥအရွယ်အစားတိုးမြင့်လာခြင်း

ကြက်သွန်နီနှင့် ကြက်သွန်ဖြူအရွယ်အစားများအား ဆုံးဖြတ်ရာတွင် အပင်သိပ်သည်းမှုသည် အလွန်အရေးပါသောအချက်တစ်ခုဖြစ်ပါသည်။

ထို့ပြင် ကောင်းမွန်သောအာဟာရများထည့်သွင်းခြင်းဖြင့် လိုအပ်သည့် လုံးပတ်အရွယ်အစားကို ရရှိနိုင်မည်ဖြစ်ပါသည်။ နိုက်ထရိုဂျင်၊ ပိုတက်စီယမ်နှင့် ဖော့စဖရပ်တို့သည် ကြက်သွန်နီဥအရွယ်အစားအတွက် မရှိမဖြစ်လိုအပ်သည်။

အပင်အာဟာရနှင့် ကြက်သွန်နီဥအရွယ်အစား

 

နိုက်ထရိုဂျင် (N)

ကြက်သွန်နီဥအရွယ်အစားအတွက် နိုက်ထရိုဂျင်ထည့်သွင်းမှုသည် အရေးကြီးသည်။ နိုက်ထရိုဂျင်သည် အရွက်များဖြစ်ပေါ်လာစေသည့် အတွက် ကြက်သွန်နီနှင့်ကြက်သွန်ဖြူရှိ အလွှာအရေအတွက်ကို တိုးတက်စေသည့်အပြင် ရိတ်သိမ်းသည့် ကြက်သွန်နီဥ အရွယ်အစား ကိုလည်းကြီးစေသည်။

အဆိုပါကြက်သွန်နီဥများ၏ အမြစ်များသည် ဖြာထွက်မှုအားနည်းပြီး တိုသည့်အတွက် စုပ်ယူနိုင်မှုအများဆုံးဖြစ်စေရန် နိုက်ထရိုဂျင်အား ပမာဏမှန်ကန်စွာဖြင့်အကြိမ်ကြိမ်ထည့်သွင်းသည့် နည်းလမ်းကို အများဆုံးအသုံးပြုကြသည်။ အဆိုပါနည်းလမ်းသည် တကြိမ်တည်းကြဲပက်ခြင်းထက် ပိုမိုထိရောက်မှုရှိကြောင်း သက်သေပြခဲ့ပြီးဖြစ်ပါသည်။

 

ဖော့စဖရပ် (P)

 

ပမာဏအလွန်များသည့် နိုက်ထရိုဂျင်အားထည့်သွင်းမိပါက သိုလှောင်မှုတွင် ဖြစ်ပေါ်နိုင်သည့် ဆုံးရှုံးနိုင်မှုများကို ဖြည့်ဆည်းပေးနိုင်ရန် လုံလောက်သည့် ဖော့စဖရပ်ရရှိရေးသည် အရေးကြီးသည်။

အဆိုပါနည်းလမ်းအရ နိုက်ထရိုဂျင်ပမာဏမြင့်မားစွာအသုံးပြုခြင်းဖြင့် အထွက်နှုန်း ထိပ်ဆုံးသို့ရောက်ရှိစေရန် ဖော့စဖရပ်ကို အသုံးပြုနိုင်ပြီး တချိန်တည်း မှာပင် ကြက်သွန်နီအရည်အသွေးကို ထိခိုက်နိုင်မှု မရှိအောင်လည်း အသုံးပြုနိုင်သည်။

 

ကယ်လ်စီယမ် (Ca)

 

 

စမ်းသပ်ကွက်များမှ တွေ့ရှိချက်များအရ ကယ်လ်စီယမ်နိုက်ထရိတ်သည် အထွက်နှုန်းမြင့်မားစေသည့် အထိရောက်ဆုံးသော နိုက်ထရိုဂျင် ပုံစံပင်ဖြစ်ပါသည်။ ထို့ပြင် ၎င်းသည် ကြက်သွန်နီဥအရွယ်အစား တိုးတက်လာစေရေးအတွက် ထိရောက်မှုအရှိဆုံးသော နည်းလမ်းဖြစ် ပါသည်။

 

မှန်ကန်သောအာဟာရစီမံခန့်ခွဲမှုက ကြက်သွန်နီ/ ကြက်သွန်ဖြူ သီးနှံများကို မည်သို့ အကျိုးသက်ရောက်နိုင်သလဲ

ကြက်သွန်နီ/ ကြက်သွန်ဖြူ သီးနှံအာဟာရဆောင်းပါး အားလုံးကို ကြည့်ရန်


ယာရာမြန်မာကို ဆက်သွယ်ရန်

ယာရာမြန်မာ လီမိတက်

အမှတ် ၁၃-၁၉၊ ဆူးလေစကွဲ အဆောက်အအုံ၊ ဆူးလေဘုရားလမ်း၊
ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့၊ မြန်မာ။

ဖုန်းနံပါတ် - ၀၁ ၉၂၅ ၅၁၉၅