fbpx

သီးနှံအာဟာရ ဖြေရှင်းနည်းများ

ကြက်သွန်နီ/ ကြက်သွန်ဖြူ

ကြက်သွန်နီနှင့်ကြက်သွန်ဖြူဥများ၏ အရေအတွက်အပေါ်လွှမ်းမိုးသည့် အချက်များ

ကြက်သွန်နီနှင့်ကြက်သွန်ဖြူထုတ်လုပ်နိုင်မှုအရေအတွက်သည် ဥပမာ- အပင်အရေအတွက်များခြင်း ကဲ့သို့သော အကြောင်းအချက်များကြောင့် ဖြစ်နိုင်သည်။


အပင်အရေအတွက်များစွာ စိုက်ပျိုးခြင်းဖြင့် ကြက်သွန်နီဥအရေ အတွက်များစွာ ကိုရရှိနိုင်သော်လည်း သေးငယ်သောအရွယ်အစားကိုသာ ရရှိနိုင်သည်။

ထို့ကြောင့် စိုက်ပျိုးသည့်အပင်အရေ အတွက်ကို ထိန်းချုပ်ခြင်းဖြင့် လိုအပ်သည့်ကြက်သွန်နီဥ အရွယ်အစား နှင့်အတူ အထွက်နှုန်းအမြင့်မားဆုံးကို ရရှိနိုင်မည်ဖြစ်ပါသည်။

ညီညွတ် မျှတသော ဓာတ်မြေသြဇာများ ထည့်သွင်းပေးခြင်းဖြင့်လည်း ခန့်မှန်း ထားသည့် အထွက်နှုန်းကိုရရှိနိုင်မည်ဖြစ်ပါသည်။

 

သီးနှံအာဟာရနှင့်ကြက်သွန်နီ၊ ကြက်သွန်ဖြူအရေအတွက်

နိုက်ထရိုဂျင်

နိုက်ထရိုဂျင်သည် ကြက်သွန်နီအထွက်နှုန်းမြင့်မားစေရေးအတွက် အလွန်အရေးကြီးသော အာဟာရဖြစ်ပါသည်။

ကြက်သွန်နီဥများသည် အများဆုံးစားသုံးနိုင်သူများ (gross feeders)ဟု သိရှိထားကြပြီး ကြက်သွန်နီတစ်တန်ရိတ်သိမ်းပါက နိုက်ထရိုဂျင် ၂ကီလိုဂရမ်မှ ၃ကီလိုဂရမ် အထိစုပ်ယူနိုင်သည်။

 

ပိုတက်စီယမ်

ပိုတက်စီယမ်သည် ကြက်သွန်နီနှင့်ကြက်သွန်ဖြူတို့၏ အထွက်နှုန်း မြင့်မားစေရေး အတွက်အရေးကြီးသည်။ ၎င်းသည် ဒုတိယ အသုံးအများဆုံး အာဟာရဖြစ်ပြီး ကြက်သွန်ဥဖြစ်ပေါ်ချိန်နှင့် အရွယ်အစားကြီး လာချိန်တွင် အများဆုံး ထည့်သွင်းရသည်။

သို့သော်လည်း အာဟာရများ ကို လိုအပ်သည်ထက်ပိုမိုထည့်သွင်းပါက အထွက်နှုန်းကို လျော့နည်း စေနိုင်သည့်အတွက် ဂရုစိုက်ရန်လိုအပ်ပါသည်။

 

ကယ်လ်စီယမ်

ကယ်လ်စီယမ်နိုက်ထရိုက်သည် အထွက်နှုန်းမြင့်မားစေရေးအတွက် ထိရောက်မှုအရှိဆုံး အာဟာရဖြစ်ကြောင်းလေ့လာတွေ့ရှိချက်များအရ အတည်ပြုထားသည်။

 

သွပ်ဓာတ်

 

မှန်ကန်သောအာဟာရစီမံခန့်ခွဲမှုက ကြက်သွန်နီ/ ကြက်သွန်ဖြူ သီးနှံများကို မည်သို့ အကျိုးသက်ရောက်နိုင်သလဲ

ကြက်သွန်နီ/ ကြက်သွန်ဖြူ သီးနှံအာဟာရဆောင်းပါး အားလုံးကို ကြည့်ရန်


ယာရာမြန်မာကို ဆက်သွယ်ရန်

ယာရာမြန်မာ လီမိတက်

အမှတ် ၁၃-၁၉၊ ဆူးလေစကွဲ အဆောက်အအုံ၊ ဆူးလေဘုရားလမ်း၊
ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့၊ မြန်မာ။

ဖုန်းနံပါတ် - ၀၁ ၉၂၅ ၅၁၉၅