fbpx

သီးနှံအာဟာရ ဖြေရှင်းနည်းများ

ကြက်သွန်နီ/ ကြက်သွန်ဖြူ

ကြက်သွန်နီအမျိုးအစားများ

ယနေ့ခေတ်တွင်စိုက်ပျိုးသော ကြက်သွန်နီသည် အဓိကအုပ်စုနှစ်စုဖြစ်သည့် အများသုံးကြက်သွန်နီ နှင့် အစုလိုက်ထွက်ရှိသည့် ကြက်သွန်နီ (Aggregatum )အုပ်စုတို့တွင်ပါဝင်သည်။

အများသုံးကြက်သွန်နီများသည် ဈေးကွက်ဝင်သီးနှံများ၏ အဓိကသီးနှံဖြစ်ပြီး ဥတစ်လုံးသာပါရှိသည်။ ၎င်းတို့တွင် အများသုံးကြက်သွန်၊ ခြောက်သွေ့သောကြက်သွန်ဥ၊အသုပ်တွင်အသုံးပြုသည့်ကြက်သွန်နှင့် သနပ်တွင်အသုံးပြုသည့်ကြက်သွန်တို့ပါဝင်သည်။

ကြက်သွန်နီပုံသဏ္ဍာန်၊ အရောင်နှင့်အရွက်လက္ခဏာတို့သည် အုပ်စုအတွင်း သိသာစွာကွဲပြားကြသည်။ လက်တွေ့တွင် ကြက်သွန်နီဖွံ့ဖြိုးတိုးတက်မှုကို လှုံ့ဆော်ပေးနိုင်သည့် နေ့တာအရှည်လိုအပ်ချက်အပေါ်မူတည်၍ အမျိုးအစားခွဲခြားထားသည်။

၎င်းတို့သည် နေ့တာတိုသည့်မျိုးကွဲ (၁၂-၁၃ နာရီ) နှင့် အလယ်အလတ် သို့မဟုတ် နေ့တာရှည်သည့်မျိုးကွဲ (၁၄-၁၆နာရီ)တို့ဖြစ်ကြသည်။

အမျိုးအစားများတွင် ကြက်သွန်နီအချို၊ စပိန်ကြက်သွန်နီ နှင့် ဒတ်ချ်ကြက်သွန်နီတို့ဖြစ်ပါသည်။ Aggregatum ကြက်သွန်နီသည် ကြက်သွန်မြိတ်နှင့်အတူ အစုလိုက်ထွက်ရှိပြီး ကြက်သွန်ဖြူနှင့်ပုံစံတူကာ ကြက်သွန်ဖြူနှင့်ကြက်သွန်နီတို့၏ အရသာဖျော့ဖျော့နှင့်အတူ နီညိုရောင်အခွံပါရှိသည်။

ကြက်သွန်မြိတ်တွင် ခြောက်သွေ့သည့်ဓာတ်သည် ၁၆ မှ ၃၅ ရာခိုင်နှုန်းအထိ ပါရှိပြီး ကြက်သွန်နီတွင် ၇ မှ ၁၅ ရာခိုင်နှုန်းအထိပါရှိသည်။

အများသုံးကြက်သွန်
Vidalia ကြက်သွန်
Vidalia ချိုသောကြက်သွန်

မှန်ကန်သောအာဟာရစီမံခန့်ခွဲမှုက ကြက်သွန်နီ/ ကြက်သွန်ဖြူ သီးနှံများကို မည်သို့ အကျိုးသက်ရောက်နိုင်သလဲ

ကြက်သွန်နီ/ ကြက်သွန်ဖြူ သီးနှံအာဟာရဆောင်းပါး အားလုံးကို ကြည့်ရန်


ယာရာမြန်မာကို ဆက်သွယ်ရန်

ယာရာမြန်မာ လီမိတက်

အမှတ် ၁၃-၁၉၊ ဆူးလေစကွဲ အဆောက်အအုံ၊ ဆူးလေဘုရားလမ်း၊
ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့၊ မြန်မာ။

ဖုန်းနံပါတ် - ၀၁ ၉၂၅ ၅၁၉၅