fbpx

သီးနှံအာဟာရ ဖြေရှင်းနည်းများ

ကြက်သွန်နီ/ ကြက်သွန်ဖြူ

မြေဆီလွှာနှင့်ရေစီမံခန့်ခွဲမှု

မြေဆီလွှာများသည် ဖွဲ့စည်းတည်ဆောက်မှုကောင်းမွန်ပြီး ပိုမိုကြီးထွား စေရန်နှင့် အထွက်နှုန်းမြင့်မားစေရေန်အတွက် မြေသြဇာကောင်းမွန်ရန်လိုအပ်သည်။

အထူးသဖြင့် အစေ့မှ စိုက်ပျိုးသည့် ကြက်သွန်နီအတွက် ပျိုးဘောင်အခြေအနေသည် အရေးကြီးသည်။ အပင်ပေါက်နှုန်းမြင့်မားစေရန်နှင့် ကောင်းမွန်စွာ ဖြစ်တည်စေရန်အတွက် ကောင်းမွန်စွာ ပေါင်းစည်းထားသော မျိုးစေ့ဇုံအား လိုအပ်သည်။

ပုံ-၃။ ကြက်သွန်နီစိုက်ထားသော မြေနှင့် ရေအား စီမံခန့်ခွဲခြင်း

အမြစ်ဖြစ်ပေါ်မှုအားနည်းသည်။ ကြက်သွန်နီ၏ အမြစ်များသည် တိုပြီး အမြစ်မွေးများ နည်းသည့်အပြင် ကျိုးတိုးကျဲတဲဖြစ်နေတတ်သည်။ သို့ဖြစ်ပါ၍ အမြစ်ရှိသည့်နေရာများအတွင်း အာဟာရနှင့် မြေအစိုဓာတ်ထိန်း သိမ်းထားရန် အရေးကြီးသည်။

သုတေသနတွေ့ရှိချက်အရ မြေဆီလွှာ၏ ထိပ်ပိုင်း ၂၅ စင်တီမီတာတွင် ရေစုပ်ယူမှုကို ကန့်သတ်ထားသည်။ ကြက်သွန်နီသည် ခြောက်သွေ့သည့်ဒဏ်အောက်တွင် အချိန်ကြာမြင့်စွာ ရှင်သန်နိုင်သော်လည်း ရေရရှိမှုသည် ကြီးထွားမှုနှင့် အရည်အသွေးကောင်းမွန်သောကြက်သွန်နီ၏ အထွက်နှုန်းမြင့်မားရေးအတွက် အရေးကြီးသည်။ ခြောက်သွေ့သောဒဏ်အောက်တွင် ကြက်သွန်နီတစ်ဥမှ နှစ်ဥနှင့်အထက် ပွားများဖြစ်ပေါ်တတ်ကြသည်။

ကြက်သွန်နီတွင် ရေလိုအပ်ချက်မြင့်မားပြီး အများအားဖြင့် ရက်သတ္တပတ်အတွင်း ၇၅ မီလီမီတာပတ်ဝန်းကျင်ခန့်ရေလိုအပ်သည်။ သို့သော်လည်း ရာသီနှောင်းပိုင်းတွင်ရေသွင်းပါက ရင့်မာမှုအချိန်ကို နောက်ကျစေမည်ဖြစ်ပြီး အခွံကွဲအက်ခြင်းကို ဖြစ်ပေါ်စေတတ်သည်။

မွသောမြေများပေါ်တွင် စိုက်ပျိုးပါက ဘာလီ သို့မဟုတ် ဂျုံအားကြားညှပ်စိုက်ပျိုးခြင်းနှင့် ကောက်ရိုးအသုံးပြုခြင်းတို့ဖြင့် ရေ၊လေ တိုက်စားမှုလျော့နည်းစေနိုင်သည်။မြေခဲ၊ ရွှံ့ခဲ နှင့် ကျောက်ခဲများသည် ကြီးထွားမှု၊ ပေါင်းသတ်ဆေးထိရောက်မှုနှင့် စက်အသုံးပြုရိတ်သိမ်းခြင်းတို့ကို အဟန့်အတားဖြစ်စေသည့်အတွက် အများအားဖြင့် ကျောက်သားဆန်သောမြေများတွင် စိုက်ပျိုးခြင်းမပြုကြပါ။

မြေချဉ်/ငံဓာတ်သည် သာမန်အားဖြင့် ၆ မှ ၇ အကြားရှိသော်လည်း သြော်ဂဲနစ်မြေများတွင် ချဉ်/ငံဓာတ် ၄အောက်ရှိမှာသာ ကြက်သွန်နီအား စိုက်ပျိုးရနိုင်သည်။

ပုံ၂- ကြက်သွန်စိုက်ပျိုးမြေနှင့်ရေစီမံခန့်ခွဲမှု

အပင်၏အရွက်အား စိစစ်သုံးသပ်ခြင်းသည် လိုအပ်သောအာဟာရများ ညီညွတ်မျှတမှုရှိ/မရှိ စဉ်ဆက်မပြတ် စောင့်ကြည့်လေ့လာရန်နှင့် ကောင်းမွန်သောအရည်အသွေးရှိသည့် ကြက်သွန်နီများဖြစ်ပေါ်စေရေးအတွက် မြေသြဇာထည့်သွင်းမှုအစီအစဉ်အား စီမံခန့်ခွဲနိုင်ရန်တို့အတွက် အရေးကြီးသည်။

အရွက်တစ်သျှူးအား စိစစ်သုံးသပ်ခြင်းဖြင့် မျက်စိဖြင့်မြင်နိုင်သော အာဟာရချို့တဲ့မှုလက္ခဏာများကို အတည်ပြုနိုင်ပြီး မျက်စိဖြင့် မမြင်နိုင်သော အာဟာရချို့တဲ့မှုများကိုလည်း ဖေါ်ထုတ်နိုင်သည်။

ဒေသခံများအသုံးပြုသည့်နည်းလမ်းများအပေါ်မူတည်၍ အရွက်တစ်သျှူးစိစစ်စမ်းသပ်မှုအတွက် အရွက်အမျိုးအစားနှင့် တည်နေရာ ရွေးချယ်မှုတို့သည် ကွဲပြားကြသည်။ အသက်နုသော ကြက်သွန်နီအပင်များအတွက် အသက်တူသောအပင်များမှ အရွက်တစ်ခုလုံး သို့မဟုတ် အရွက်ထိပ် ကို နမူနာအဖြစ်ရယူလေ့ရှိသည်။

ရိတ်သိမ်းရန် အလယ်အလတ်ကြီးထွားနေသည့် အပင်များအတွက် အသက်အနုဆုံးနှင့် ရင့်မာသည့်အရွက် သို့မဟုတ် ကောင်းမွန်စွာ ဖွံ့ဖြိုးနေသည့် အရွက်အသွားကို နမူနာယူလေ့ရှိသည်။ နမူနာယူရာတွင် အသုံးပြုသည့်နည်းလမ်းနှင့် အချိန်တို့ကို အချက်အလက်များ ရှင်းလင်း တင်ပြရာတွင် ထည့်သွင်းစဉ်းစားရန် လိုအပ်သည်။

ပုံ-၁။ ကြက်သွန်နီစိုက်ပျိုးမြေနှင့် ရေစီမံခန့်ခွဲခြင်း

မြေချဉ်/ငံဓာတ်သည် ၅.၅ အောက်ရှိပါက မဂ္ဂနီစီယမ်နှင့်မော်လီဒီနမ် ရရှိမှုလည်း ကျဆင်းမည်ဖြစ်ပြီး မြေချဉ်/ငံဓာတ်သည် ၆.၅ အထက်တွင် သွပ်ဓာတ်၊ မဂ္ဂနိစ်နှင့် သံဓာတ်ချို့တဲ့မှုကို ဖြစ်ပေါ်နိုင်သည်။

ကြက်သွန်နီများသည် ဆားပေါက်မြေများတွင် ထိခိုက်လွယ်သည့်အတွက် ဆားပေါက်မြေများနှင့် ဆားငံဓာတ်ပါဝင်သောသွင်းရေအသုံးပြုမှုကို ရှောင်ရှားရမည်။

ဆိုဒီယမ်ကရိုရိုက်သည် osmotic ဖိအား ဝ.၁၂၅MPa ရှိသောအခြေအနေတွင် ကြီးထွားမှုသည် တစ်ဝက်ခန့်သာရှိသည်။ နိုက်ထရိတ်နှင့် ဆာလ်ဖိတ် ပါရှိသော မြေသြဇာများကို ထည့်သွင်းသင့်ပြီး ကရိုရိုက်ကို မထည့်သွင်းသင့်ပါ။

အာဟာရ စိစစ်သုံးသပ်ချက်

မြေဆီလွှာ စိစစ်သုံးသပ်ချက်သည် မြေသြဇာထည့်သွင်းမည့် အစီအစဉ် အထူးသဖြင့် ပိုတက်စီယမ်နှင့် ဖော့စဖရပ်တို့အတွက် ကနဦးသတင်းအချက်အလက်အဖြစ် အသုံးပြုလေ့ရှိကြသည်။ မြေချဉ်/ငံဓာတ်နှင့် သြော်ဂဲနစ်ဓာတ်ပါဝင်မှုကိုလည်း အကဲဖြတ်လေ့ရှိကြသည်။

မှန်ကန်သောအာဟာရစီမံခန့်ခွဲမှုက ကြက်သွန်နီ/ ကြက်သွန်ဖြူ သီးနှံများကို မည်သို့ အကျိုးသက်ရောက်နိုင်သလဲ

ကြက်သွန်နီ/ ကြက်သွန်ဖြူ သီးနှံအာဟာရဆောင်းပါး အားလုံးကို ကြည့်ရန်


ယာရာမြန်မာကို ဆက်သွယ်ရန်

ယာရာမြန်မာ လီမိတက်

အမှတ် ၁၃-၁၉၊ ဆူးလေစကွဲ အဆောက်အအုံ၊ ဆူးလေဘုရားလမ်း၊
ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့၊ မြန်မာ။

ဖုန်းနံပါတ် - ၀၁ ၉၂၅ ၅၁၉၅