fbpx

သီးနှံအာဟာရ ဖြေရှင်းနည်းများ

ကြက်သွန်နီ/ ကြက်သွန်ဖြူ

ကမ္ဘာ့ကြက်သွန်နီထုတ်လုပ်မှု

နိုင်ငံပေါင်း ၁၃၄နိုင်ငံတွင် ဟက်တာပေါင်း ၃သန်းမှ နှစ်စဉ် ခြောက်သွေ့သောကြက်သွန်နီ တန်ချိန် ၅၄ သန်းကို ထုတ်လုပ်လျက်ရှိသည်။

ခြောက်သွေ့သောကြက်သွန်နီများ

ကမ္ဘာ့ထုတ်လုပ်မှု

နိုင်ငံပေါင်း ၁၃၄ နိုင်ငံတွင် ဟက်တာပေါင်း ၃သန်းမှ နှစ်စဉ် ခြောက်သွေ့သောကြက်သွန်နီ တန်ချိန် ၅၄ သန်းကို ထုတ်လုပ်လျက်ရှိသည်။ အဆိုပါထုတ်လုပ်မှုသည် လွန်ခဲ့သော ၁၀ နှစ်ကျော်တွင် ကမ္ဘာ့ထုတ်လုပ်မှု၏ နှစ်ဆဖြစ်သည်။

အများဆုံးထုတ်လုပ်သည့်နိုင်ငံများမှာ တရုတ်၊ အိန္ဒိယနှင့် အမေရိကန်နိုင်ငံတို့ ဖြစ်ကြသည်။ အဆိုပါနိုင်ငံများမှ ထုတ်လုပ်မှုသည် ကမ္ဘာ့ ခြောက်သွေ့သောကြက်သွန်နီထုတ်လုပ်မှု၏ ထက်ဝက်ခန့်ရှိသည်။

နှစ်စဉ် တန်ချိန် ၁သန်းနှင့်အထက်ထုတ်လုပ်သော နိုင်ငံများမှာ ဘရာဇီး၊ အီရန်၊ ဂျပန်၊ ပါကစ္စတန်၊ တူရကီနှင့် ရုရှားတို့ဖြစ်ကြသည်။ လက်ရှိတွင် ကမ္ဘာ့ပျမ်းမျှအထွက်နှုန်းသည် တစ်ဟက်တာလျင် ၁၇တန်ဖြစ်သော်လည်း ပျမ်းမျှအထွက်နှုန်းအမြင့်ဆုံးဖြစ်သော တစ်ဟက်တာလျှင် ၄၀ မှ ၆၀တန်ထွက်ရှိမှုကို ကိုရီးယား၊ ဂျပန်၊ ဥရောပနှင့် အမေရိကန်နိုင်ငံတို့တွင် တွေ့ရှိရသည်။ ရှေ့ဆောင်စိုက်ပျိုးသူများသည် တစ်ဟက်တာလျှင် တန် ၁၀၀ ထက်ကျော်လွန်၍ စိုက်ပျိုးထုတ်လုပ်နိုင်သည်။

ကြက်သွန်နီအားလုံး၏ ၁၀ ရာခိုင်နှုန်းအောက်ကို ပြည်ပသို့တင်ပို့သည်။ ကမ္ဘာတစ်ဝန်းလုံးတွင် တစ်နှစ်လျှင် လူတစ်ဦး၏ ကြက်သွန်နီစားသုံးမှုသည် ၆ ကီလိုဂရမ်ခန့်ရှိသည်။

အမေရိကန်နိုင်ငံသားများသည် ၁၆ကီလိုဂရမ်နီးပါးခန့် စားသုံးကြသော်လည်း လစ်ဗျားနိုင်ငံသားများကတစ်နှစ်လျှင် လူတစ်ဦး၏ ပျမ်းမျှစားသုံးမှုသည် ၃၀ ကီလိုဂရမ်ခန့်ရှိသည်။

ကြက်သွန်နီများ၏ ၁၅ မှ ၁၈ ရာခိုင်နှုန်းကို ကြိတ်ခွဲပြုပြင်၍ စွပ်ပြုတ်များ၊ နှစ်သက်သည့်အစားအစာနှင့် ဆော့များတွင် ထည့်သွင်းအသုံးပြုကြသည်။
ကြက်သွန်ဖြူသည် ဒုတိယအများဆုံးအသုံးပြုသည့် ကြက်သွန်မျိုးနွယ်ဝင်တစ်ခုဖြစ်သည်။

ကမ္ဘာတစ်ဝန်းလုံးတွင် ကြက်သွန်နီစိုက်ဧက ၁သန်းခန့်မှ တန်ချိန် ၁၄သန်း ထုတ်လုပ်လျက်ရှိပြီး ပျမ်းမျှအထွက်နှုန်းသည် တစ်ဟက်တာလျင် ၁၂.၃ တန်ဖြစ်ပါသည်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှထုတ်လုပ်မှုသည် ကမ္ဘာ့ကြက်သွန်ဖြူထုတ်လုပ်မှုစုစုပေါင်း၏ ၇၀ ရာခိုင်နှုန်းခန့်ရှိသည်။

ကြက်သွန်ဖြူသည် ကျန်းမာရေးအတွက် ကောင်းမွန်စေသဖြင့် ကြက်သွန်ဖြူစားသုံးမှုသည် တစ်ဟုန်ထိုးမြင့်တက်လာပြီး အထူးသဖြင့် ယခုနှစ်များတွင် အနောက်နိုင်ငံများ၌ စားသုံးမှုမြင့်မားလာသည်။ ဥပမာ၊ အမေရိကန်တွင် လက်ရှိ လူတစ်ဦးစားသုံးမှုသည် တစ်နှစ်လျင် ၁.၅ ကီလိုဂရမ်ခန့်ရှိပြီး ၎င်းသည် လွန်ခဲ့သော ၁၀ကျော်က စားသုံးမှု၏ ၃ဆဖြစ်သည်။

ကြက်သွန်မြိတ်

ကြက်သွန်မြိတ်သည် ဥရောပနိုင်ငံများအတွက် အရေးကြီးသော သီးနှံဖြစ်ပြီး တစ်နှစ်လျှင် တန်ချိန်ပေါင်း ၁၀ သန်းအထိ စိုက်ပျိုးထုတ်လုပ်သည်။ ပြင်သစ်သည် အကြီးမားဆုံးသော ထုတ်လုပ်သူဖြစ်ပြီး ဥရောပနိုင်ငံ၏ အထွက်နှုန်းသည် တစ်ဟက်တာလျှင် ၂၅ မှ ၃၀ တန်အထိရှိသည်။

အစိမ်းရောင်ကြက်သွန်နီများနှင့် ကြက်သွန်

နိုင်ငံပေါင်း ၄၃နိုင်ငံမှ အစိမ်းရောင်ရှိပြီး အသုပ်တွင်အသုံးပြုသော ကြက်သွန်နီများကို ဟက်တာပေါင်း ၂၃၀၀၀၀ တွင် စိုက်ပျိုး၍ တန်ချိန်ပေါင်း ၄.၅သန်း ထွက်ရှိပြီး အဆိုပါထုတ်လုပ်မှုသည် ခြောက်သွေ့ သော ကြက်သွန်နီ၏ ဆယ်ပုံ တစ်ပုံခန့်သာရှိသည်။

အကြီးမားဆုံးသော ထုတ်လုပ်သူများသည် မက္ကဆီကို၊ တောင်ကိုရီးယား၊ ဂျပန်နှင့် တရုတ် နိုင်ငံတို့ဖြစ်ကြပြီး ပျမ်းမျှအထွက်နှုန်း တစ်ဟက်တာလျှင် ၂၃ တန် ရရှိ သည်။

မှန်ကန်သောအာဟာရစီမံခန့်ခွဲမှုက ကြက်သွန်နီ/ ကြက်သွန်ဖြူ သီးနှံများကို မည်သို့ အကျိုးသက်ရောက်နိုင်သလဲ

ကြက်သွန်နီ/ ကြက်သွန်ဖြူ သီးနှံအာဟာရဆောင်းပါး အားလုံးကို ကြည့်ရန်


ယာရာမြန်မာကို ဆက်သွယ်ရန်

ယာရာမြန်မာ လီမိတက်

အမှတ် ၁၃-၁၉၊ ဆူးလေစကွဲ အဆောက်အအုံ၊ ဆူးလေဘုရားလမ်း၊
ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့၊ မြန်မာ။

ဖုန်းနံပါတ် - ၀၁ ၉၂၅ ၅၁၉၅