fbpx

သီးနှံအာဟာရ ဖြေရှင်းနည်းများ

ခရမ်းချဉ်

ခရမ်းချဉ်သီးတွင် ဖော့စ်ဖရပ်အာဟာရချို့တဲ့ခြင်းနှင့် တွေ့ရှိနိုင်သောလက္ခဏာများ

 ဖော့စ်ဖရပ်စ် အာဟာရချို့တဲ့ခြင်းကြောင့် သေးငယ်ပြီး မာကျောသော အရွက်တွေကို ဖြစ်ပေါ်စေနိုင်ပြီး အပင်၏ ယေဘုယျရုပ်ဖွဲ့စည်းပုံသည်လည်း အလွန်ထောင်မတ်နေပါတယ်။

လက္ခဏာဖော်ပြချက်

ဖော့စ်ဖရပ်စ် အာဟာရချို့တဲ့ခြင်းကြောင့် သေးငယ်ပြီး မာကျောသော အရွက်တွေကို ဖြစ်ပေါ်စေပြီး အပင်၏ ယေဘုယျရုပ်ဖွဲ့စည်းပုံသည်လည်းအလွန်ထောင်မတ်နေပါတယ်။ ကြီးထွားမှုသည်လည်း ကျိုးတိုး ကျဲတဲဖြစ်သောကြောင့် အပင်တွင် ရိုးတံငေါငေါပုံစံဖြစ်နေတတ်ပါတယ်။ စုစုပေါင်းအမြင့်သည်လည်း ပုံမှန်ဖြစ်လုနီးပါး ရှိနေတတ်ပါတယ်။

 

ချဉ်သော သို့မဟုတ် အလွန်ငန်သော (ထုံးဓာတ်များသော) မြေများ၊ အေးမြ စိုစွတ်သော အခြေအနေများ၊ အမြစ်စနစ်ညံ့သော အပင်များ၊ သိုမှီးထားသော ဖော့စ်ဖရပ်စ်နည်းခြင်း၊ ဖော့စ်ဖိတ် စွမ်းဆောင်ရည် မြင့်မားသောမြေများ၊ သံဓာတ်ကြွယ်ဝသောမြေများ အစရှိသည့် အကြောင်းအရင်းများကြောင့်လည်းဖော့စ်ဖရပ်စ်အာဟာရချို့တဲ့မှုကို ပိုမိုဆိုးဝါးစေနိုင်ပါတယ်။

စွမ်းအင်အသွင်ကူးပြောင်းရေး၊ နယူးကလစ်အက်ဆစ်ဖြစ်ပေါ်ရေး၊ ပရိုတိန်းဓာတ်ပေါင်းစပ်ဖြစ်ပေါ်ရေး၊ ဆဲလ်နံရံ အစိတ်အပိုင်း၊ ကာဘိုဟိုက်ဒြိတ်ဓာတ်အစရှိသည့် ဇီဝတွင်းဖြစ်ပျက်မှုတို့အတွက်လည်း ဖော့စ်ဖရပ်ဓာတ်ကအရေးကြီးပါတယ်။

ဖြစ်စေသည့်အကြောင်းဖော်ပြချက်

ဖော့စ်ဖရပ်စ် အာဟာရချို့တဲ့ခြင်း (ယာပုံ) - အရွက်များသည် အရောင်အားဖြင့် အစိမ်းရင့်ရောင်မှ စိမ်းပြာရောင်ပြောင်းလေ့ရှိပါတယ်။ သို့ရာတွင် အရောင်ရင့်ပါက အရောင်ပျက်ခြင်းကို သတိမပြုနိုင်ပါ။

သင့်ရဲ့ ခရမ်းချဉ်သီးနှံမှာ အဟာရချို့တဲ့ခြင်း ရှိနေပါသလား

သင့်ရဲ့ သီးနှံမှာ အဟာရချို့တဲ့ခြင်း ရှိနေပါသလား။ အောက်ပါ ဇယားတွင် သီးနှံအဟာရချို့တဲ့ခြင်းများကို အလွယ်တကူ ရှာဖွေပါ။

N နိုက်ထရိုဂျင်
B ဘိုရွန်
Ca ကယ်လစီယမ်
Cu ကော့ပါး
Fe အိုင်ရွန်း (သံဓာတ်)
Mg မဂ္ဂနီစီယမ်
P ဖော့စဖောရပ်
K ပိုတက်ဆီယမ်
S ဆာလဖာ
Zn ဇင့်

အားလုံးကို ကြည့်ရန်

မှန်ကန်သောအာဟာရစီမံခန့်ခွဲမှုက ခရမ်းချဉ် သီးနှံများကို မည်သို့ အကျိုးသက်ရောက်နိုင်သလဲ

ခရမ်းချဉ် သီးနှံအာဟာရဆောင်းပါး အားလုံးကို ကြည့်ရန်


ယာရာမြန်မာကို ဆက်သွယ်ရန်

ယာရာမြန်မာ လီမိတက်

အမှတ် ၁၃-၁၉၊ ဆူးလေစကွဲ အဆောက်အအုံ၊ ဆူးလေဘုရားလမ်း၊
ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့၊ မြန်မာ။

ဖုန်းနံပါတ် - ၀၁ ၉၂၅ ၅၁၉၅