ကြံသီးနှံ ပုံသဏ္ဍာန်ပျက်သွားခြင်း
Symptoms
ချို့တဲ့သည့် လက္ခဏာများသည် ပို၍ငယ်ရွယ်သောအရွက်များတွင် စတင်ပါသည်။ အညိုရောင်ဆဲလ်သေများပြသနေပြီး ထိပ်ဖျားများကွဲသွားပြီး ကွေးသွားပါသည်။ ရွက်ပြားတွေ ကြွတ်စပ်၍ ကျုံ့သွားပြီး သေးသွယ်သွားပါသည်။ ပုံစံမမှန်သော အညိုရောင် အနုအရင့်ကွက်များ အရွက်ပေါ် ပျံ့နေပါသည်။ ရေအိတ်ဟုခေါ်သော အလင်းဖောက်အစင်းများရွက်ကြောကြားဖြစ်ပေါ်လာပြီး အရွက်မျက်နှာပြင်ပေါ်တွင် ရေစက်များထွက်နေပါသည်။ ကြီးထွားသည့်နေရာ ပျက်စီးသွားပြီး သေသွားပါသည်။ ပင်ပွားကြီးထွားမှု အလွန်များခြင်းသည် ခြုံပုတ်သဏ္ဍအပင် ဖြစ်စေပါသည်။ ကြီးထွားမှုနှင့် အထွက်နှုန်း လျှော့နည်းသွားပါသည်။
Reason
ဘိုရွန်ချို့တဲ့ခြင်း ဘိုရွန်ချို့တဲ့သည့်လက္ခဏာများသည် "ဖော့ပိုကန်ဘိုး" ရောဂါလို့ တခါတရံ ခေါ်ပါသည်။ ထို့အပြင် အဖျားချွန်သွားသည့်အသွင်သဏ္ဍသည် ပေါင်းသတ်ဆေးကြောင့် ပျက်စီးသည့်လက္ခဏာနှင့် ရောထွေးနိုင်ပါသည်။