ကော်ဖီအရည်အသွေးကို ထိန်းချုပ်ခြင်း
ထိပ်တန်းအရည်အသွေးရှိသော ကော်ဖီစေ့ကို ထုတ်လုပ်ရန်အတွက် ကော်ဖီစိုက်ပျိုး သူများအနေဖြင့် အရွယ်အစားကြီးမားသော ကော်ဖီစေ့များ၏ အဆင့်အတန်းကို တစ်သမတ်တည်း ဖြစ်စေရန် မိမိတို့ လုပ်နိုင်သည့်အရာ အားလုံးကို လုပ်ဆောင်ရန် လိုအပ်ပါတယ်။
ဆိုလိုသည်မှာ ခေါင်နှိမ်ခြင်းဖြင့် အပင်ပုံစံကို ဂရုတစိုက် စီမံခြင်းနှင့် ကော်ဖီအရည်အသွေး သို့မဟုတ် ကော်ဖီ စေ့အဆင့်အတန်းသည် မျှော်မှန်းထားသည်နှင့် မလွဲအောင် စနစ်တကျ စီမံခြင်းပဲဖြစ်ပါတယ်။
ခူးဆွတ်သောအခါ မမှည့်သေးတဲ့ ကော်ဖီသီး အနည်းငယ်သာရှိပြီး အမှည့်ညီစေလျက် ကော်ဖီသီးများကို ဖြစ်နိုင်သမျှများများ တစ်ပြိုင်တည်း ရင့်မှည့်စေရန် အရေးကြီးပါတယ်။ ရင့်မှည့်သည့်အချိန်တွင် ကော်ဖီသီးကို ထိခိုက်စေနိုင်သော မှည့်ပြောက်စွန်းကဲ့သို့ရောဂါတွေရဲ့ ခြိမ်းခြောက်မှုကိုလည်း လျော့ကျအောင် ပြုလုပ်ရပါမယ်။
ကော်ဖီစိုက်ပျိုးသူများသည် ကနဦး ပြုပြင်စီမံစဉ် အတောအတွင်းတွင် ကော်ဖီအရည်အသွေးကို ကာကွယ်နိုင်သမျှ အရာအားလုံးကို ပြုလုပ်ရမှာပဲ ဖြစ်ပါတယ်။ အဓိကအချက်မှာ ကော်ဖီသီးအနှစ်ကို ဖယ်ရှားပြီးသည်နှင့် ကော်ဖီစေ့ကို ကောင်းမွန်စွာ အခြောက်ခံခြင်းပဲဖြစ်ပါတယ်။ အစိုလုပ်ငန်းစဉ်ဖြင့် အချဉ်ဖောက်ခြင်းကို အသုံးပြုခြင်းသည် ပိုမိုကောင်းမွန်သော ကော်ဖီစေ့ အနံ့အရသာနဲ့အရောင်ကိုပေးသည်ဟု ဆိုကြပါတယ်။
သီးနှံအာဟာရပေးခြင်းနှင့် ကော်ဖီအရည်အသွေး
အာဟာရကောင်းမွန်စွာပေးခြင်းသည် ညီညာသည့်အရည်အသွေးရှိသော ကော်ဖီစေ့များကို အထွက်မြင့်မားစွာ ထုတ်လုပ်နိုင်ပြီး ၎င်းသည် ကော်ဖီ အရည် အသွေးကို သေချာပေါက်လွှမ်းမိုးပါတယ်။
နိုက်ထရိုဂျင်သည် အပင်ကြီးထွားမှုအတွက်ကောင်းမွန်စေပါတယ်။ သို့ရာတွင် သီးနှံရင့်မှည့်ချိန် နောက်ပိုင်းအဆင့်တွင် အများအပြားသုံးပါက ကော်ဖီသီးအရွယ် အစားကို ထိခိုက်စေသည်။
အသီးအပွင့်များနှင့် အစေ့များအတွင်း သကြားဖွဲ့စည်းမှု အများဆုံးဖြစ်စေရန်အတွက် ကော်ဖီသီးနှင့် နောက်ဆုံး ကော်ဖီစေ့အရွယ်အစား အမြင့်ဆုံးရရှိရန် ကော်ဖီသီး အသီးတင်ချိန်နှင့် ကော်ဖီသီးအစေ့ဖြစ်ချိန် အတောအတွင်း ပိုတက်ဆီယမ် များစွာလိုအပ်ပါတယ်။ ပိုတက်ဆီယမ်သည် ကော်ဖီအနံ့အရသာတိုးတက်ခြင်းနှင့် ဆက်နွယ်မှုရှိပါတယ်။
ကယ်လ်ဆီယမ် သည် ကော်ဖီသီးအရည်အသွေးကို ထိန်းသိမ်းပေးပြီး ကော်ဖီသီးရောဂါ ခံနိုင်ရည်ရှိမှုကို တိုးစေပါတယ်။
မဂ္ဂနီဆီယမ် နှင့် ဆာလ်ဖာတို့သည် ကဖိန်းဓာတ်ပါဝင်မှုကို တိုးတက်စေပါတယ်။
သန်စွမ်းကျန်းမာပြီး မြင့်မားသည့်အထွက်နှုန်းရှိသော ကော်ဖီပင်များကို စိုက်ပျိုး ထုတ်လုပ်ရန် အတွက် ကော်ဖီပင်များသည် နှစ်စဉ် တစ်ဟက်တာလျှင် သံဓာတ် ၂,၀၀၀ ဂရမ် လိုအပ်ပါတယ်။ သံဓာတ်ချို့တဲ့ခြင်းက ကော်ဖီစေ့အဆံကြောင်များဖြစ်စေကာ ကော်ဖီစေ့အရည်အသွေးကို ပျက်စီးစေနိုင်ပါတယ်။
အနည်းလိုအာဟာရများစုသည် ကျန်းမာသန်စွမ်းစွာ ကြီးထွားမှုကို တိုးတက်စေပြီး ရောဂါကို လျော့နည်းစေပါတယ်။