အာလူး၏ကစီဓာတ်ပါဝင်မှုနှင့် အရည်အသွေးကို လွှမ်းမိုးခြင်း
ကမ္ဘာတစ်ဝန်းတွင် အာလူးသည် ကစီဓာတ်အတွက်အရေးအကြီးဆုံးအရင်းအမြစ်များထဲမှ တစ်ခု ဖြစ်ပါသည်။
အာလူးမျိုးရွေးချယ်မှုသည် အလွန်အရေးကြီးပြီး ဂျာမဏီကဲ့သို့သော နိုင်ငံများတွင် ကစီဓာတ် ၁၃ ရာခိုင်နှုန်းထက်များသော အာလူးများကို လိုအပ်ပါသည်။ ကစီဓာတ်ပါဝင်မှုများလေလေ ဆုံးရှူံးမှုနည်းလေလေဖြစ်ပါသည်။
သီးနှံအာဟာရနှင့် အာလူး၏ကစီဓာတ်ပါဝင်မှု
နိုက်ထရိုဂျင်
ကစီဓာတ်ပါဝင်မှုတွင် နိုက်ထရိုဂျင်၏ လွှမ်းမိုးသက်ရောက်မှု
နိုက်ထရိုဂျင်သည် ရွက်ပြန့်ကြီးထွားမှုအတွက် မရှိမဖြစ်လိုအပ်သော အာဟာရဖြစ်ပါသည်။ သို့သော်လည်း အပူအအေးမျှတသော ရာသီဥတုတွင် ကြီးထွားမှု၏ နောက်ပိုင်းအချိန်များ၌ နိုက်ထရိုဂျင် ပိုလျှံစွာထည့်သွင်းခြင်းသည် ရင့်မှည့်မှုကို နောက်ကျစေပြီး ကစီဓာတ်ပါဝင်မှုကိုလည်း လျော့နည်းစေကာ အာလူးထွက်ကုန်ထုတ်လုပ်မှု၏ အရည်အသွေး ကျဆင်းနိုင်ပါသည်။
ဖော့စဖိတ်
ဖော့စပရပ်နှင့် ကစီဓာတ်၏စေးပျစ်ခြင်း
ဖော့စဖိတ်မြေသြဇာအသုံးပြုမှူသည် ကစီဓာတ်၏အရည်အသွေးကို လွှမ်းမိုးနိုင်ပါသည်။ အာလူးဥ၏ ဖော့စဖိတ်ပါဝင်မှူတိုးလာခြင်းကြောင့် စေးပျစ်သောကစီဓာတ်၏ စေးပျစ်မှူကို တိုးမြင့်စေကာ အပူချိန်လျော့နည်းစေပါသည်။
ဒိန်းမတ်နိုင်ငံမှ ကိန်းဂဏန်းအချက်အလက်များက အာလူးဥဖော့စဖိတ်ပါဝင်မှူနှင့် စေးပျစ်မှုနှင့် တိုင်းတာနိုင်သော ကစီဓာတ်အရည်အသွေးတို့၏ ဆက်စပ်မှုကို ဖော်ပြပါသည်။