fbpx

သီးနှံအာဟာရ ဖြေရှင်းနည်းများ

ပြောင်းဖူး

ပြောင်းအတွက် အရေးကြီးတဲ့ အာဟာရဓာတ်

ပြောင်းသီးနှံဟာ ပြည်ပကို တင်ပို့ရတဲ့ မြန်မာပြည်ရဲ့ ထွက်ကုန်တစ်ခုဖြစ်တာကြောင့် ပြောင်းစိုက်တောင်သူတွေရဲ့ ပြောင်းခင်းတွေပြောင်းအထွက်တိုးဖို့အတွက် ပြောင်းပင်တွေကို ဘယ်လိုအဟာရတွေ ဖြည့်တင်းရမယ်ဆိုတာလေး ရေးသားဖော်ပြပေးချင်ပါတယ်။

Nutrients for corn

ပြောင်းသီးနှံဟာ ပြည်ပကို တင်ပို့ရတဲ့ မြန်မာပြည်ရဲ့ ထွက်ကုန်တစ်ခုဖြစ်တာကြောင့် ပြောင်းစိုက်တောင်သူတွေရဲ့ ပြောင်းခင်းတွေပြောင်းအထွက်တိုးဖို့အတွက် ပြောင်းပင်တွေကို ဘယ်လိုအဟာရတွေ ဖြည့်တင်းရမယ်ဆိုတာလေး ရေးသားဖော်ပြပေးချင်ပါတယ်။
ပြောင်းပင်တွေမှာ နိုက်ထရိုဂျင် လုံလောက်စွာရရှိမှုဟာ ပြောင်းသီးနှံ အထွက်နှုန်းကို အဓိက လွှမ်းမိုးနေသော အာဟာရဓာတ်ဖြစ်ပါတယ်။ နိုက်ထရိုဂျင်ထောက်ပံ့ခြင်းဟာ အပင်ယိုင်လဲခြင်းအန္တရာယ်နဲ့ ရင့်မှည့်မှု တိုးစေခြင်းကို မဖြစ်စေဘဲ ကောင်းမွန်သော အပင်ကြီးထွားမှုကို ဟန်ချက်ညီညီရရှိစေပါတယ်။ နိုက်ထရိုဂျင် အလွန်အကျွံအသုံးပြုခြင်း သို့မဟုတ် နိုက်ထရိုဂျင်ကို နောက်ကျမှ လွန်စွာ အသုံးပြုခြင်းဟာ အပင်ယိုင်လဲမှုကို ပိုမိုဖြစ်စေသော အားနဲတဲ့ ပင်စည်များနှင့်အတူ သီးနှံများကို ဖြစ်စေကာ လွန်ကဲသော နောက်ကျ ကြီးထွားမှုကိုဖြစ်စေတယ်။

ပြောင်းပင်ရဲ့ အရွက် ၆ ရွက်ထွက်ချိန်နဲ့ သားကပ်ချိန်ဟာ အာဟာရအလိုအပ်ဆုံးအချိန် ဖြစ်ပါတယ်။ ပြောင်းပင်မှာ အစောပိုင်းထွက်သောအရွက်များသန်မာခြင်းဟာလည်း ပြောင်းအထွက်တိုးစေဖို့ အထောက်အကူပြုစေပါတယ်။ ပြောင်းပင်စတင်ကြီးထွားချိန်မှာ အမြစ်တွေကောင်းကောင်းဖြစ်ထွန်းစေဖို့၊ ရေငတ်ဒဏ်ကို ခံနိုင်ရည်ရှိဖို့အတွက် ဖော့စဖောရပ်စ်(P)ဓာတ်သည်လည်း လိုအပ်သော အာဟာရဓာတ်ဖြစ်ပါတယ်။

ပြောင်းပင်တွေမှာ ပိုတက်စီယမ်ဓာတ်ပြည့်ဝစွာရရှိပါက ပြောင်း၏ အစေ့အဆံအလေးချိန်စီး၍ ပြောင်းအထွက်နှုန်းများ တိုးတက်လာစေပါတယ်။

အခု အပေါ်မှာ ပြောပြခဲ့တဲ့ အာဟာရဓာတ်တွေ လုံလုံလောက်လောက်ရရှိဖို့အတွက် နိုက်ထရိုဂျင်ဓာတ်အချိုးမြင့်မားစွာပါဝင်သော ယာရာမီလာဖားစ်စတားနှင့် ယာရာမီလာရွေဆာတို့ကို အပင်ကြီးထွားမှုအဆင့်ဆင့်တွင် ရွေးချယ်ပြီးတော့ သုံးစွဲပေးသင့်ပါတယ်။ ပြောင်းပင်အတွက် လိုအပ်တဲ့ မြေသြဇာကျွေး အစီအစဉ်တွေကို သိရှိဖို့အတွက် Yara Myanmar Facebook Page ကို အစဉ်မပြတ် စောင့်ကြည့်ပေးကြပါအုံးဗျာ။

သင့်ရဲ့ပြောင်းဖူးသီးနှံမှာ အဟာရချို့တဲ့ခြင်း ရှိနေပါသလား

သင့်ရဲ့ သီးနှံမှာ အဟာရချို့တဲ့ခြင်း ရှိနေပါသလား။ အောက်ပါ ဇယားတွင် သီးနှံအဟာရချို့တဲ့ခြင်းများကို အလွယ်တကူ ရှာဖွေပါ။

N နိုက်ထရိုဂျင်
B ဘိုရွန်
Mn မဂ္ဂနီး
P ဖော့စဖောရပ်
Mg မဂ္ဂနီစီယမ်
Ca ကယ်လစီယမ်
K ပိုတက်ဆီယမ်
S ဆာလဖာ
Cu ကော့ပါး
Fe အိုင်းရွန်း(သံဓာတ်)
Zn ဇင့်

အားလုံးကို ကြည့်ရန်

မှန်ကန်သောအာဟာရစီမံခန့်ခွဲမှုက သင့် ပြောင်းဖူးသီးနှံများကို မည်သို့ အကျိုးသက်ရောက်နိုင်သလဲ

ပြောင်းဖူး သီးနှံအာဟာရဆောင်းပါး အားလုံးကို ကြည့်ရန်


ယာရာမြန်မာကို ဆက်သွယ်ရန်

ယာရာမြန်မာ လီမိတက်

အမှတ် ၁၃-၁၉၊ ဆူးလေစကွဲ အဆောက်အအုံ၊ ဆူးလေဘုရားလမ်း၊
ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့၊ မြန်မာ။

ဖုန်းနံပါတ် - ၀၁ ၉၂၅ ၅၁၉၅