fbpx

သီးနှံအာဟာရ ဖြေရှင်းနည်းများ

ပြောင်းဖူး

တိရစ္ဆာန်စာပြောင်းဖူးစွမ်းအင်အဆင့်ကို တိုးစေခြင်း

တိရစ္ဆာန်စာပြောင်းသည် တိရစ္ဆာန်များကို ကျွေးရန်အတွက် အမြင့်ဆုံးစွမ်းအင် ရင်းမြစ်များထဲက တစ်ခုကို ဖြည့်ဆည်းပေးသည်။

ပြောင်းစေ့တွင် မြင့်မားသောစွမ်းအင်ပါဝင်မှုသည် တိရစ္ဆာန် ကြီးထွားမှုကို တိုးစေမည်ဖြစ်သည်။ သီးနှံအာဟာရပေးခြင်းသည် တိရစ္ဆာန်စာပြောင်းဖူးစွမ်းအင်အဆင့် တိုးစေရာတွင် အကူအညီရစေသည်။

သီးနှံအာဟာရပေးခြင်းနှင့် တိရစ္ဆာန်စာပြောင်းဖူးစွမ်းအင်အဆင့်

နိုက်ထရိုဂျင် (N)

နှုန်းထားများသည် အပင်ကြီးထွားမှုကို အမြင့်ဆုံးဖြစ်စေရန် လုံလောက်သည်အထိ မြင့်ရန် လိုပြီး အစေ့နှင့် သိုလှောင်သီးနှံများ နှစ်ခုစလုံးအတွက် ကောင်းမွန်သော ပရိုတိန်း တစ်သား တည်းဖြစ်ခြင်းကိုလည်း သေချာစေရပါမည်။

သို့ရာတွင် နိုက်ထရိုဂျင်များလွန်းခြင်းသည် အရွက်၊ ပင်စည် နှင့် သီးနှံစေ့အချိုးကို တိုးစေကာ လွန်မင်းသော အရွက်ကြီးထွားမှုကို အားပေးစေနိုင်သည်။ ရလဒ်အဖြစ် သိုလှောင်ပြောင်းဖူး၏ ကစီဓာတ်ပါဝင်မှုကို လျော့နည်းစေပြီး ပြောင်းဖူးအထွက်များကိုလည်း ထိခိုက်စေသည်။

 

ဖော့စ်စဖောရပ်စ် (P)

ပြောင်းစေ့စတင်ဖွံ့ဖြိုးပြီးနောက်နှင့် ရင့်မှည့်ချိန်တွင် မြေကြီးမှ ဖော့စ်ဖရပ်စ် စုပ်ယူမှု ဆက်လက် ဖြစ်ပေါ်ကာ အပင်၏ ဖော့စ်စဖောရပ်စ် ၇၀% သည် သီးနှံစေ့ထဲတွင် ရှိသည်။ ဤနေရာတွင် ပြောင်းဖူးစေ့ ပရိုတိန်းကို တိုက်ရိုက်အကျိုးသက်ရောက်မှုရှိသည်။ နောက်ပိုင်းကြီးထွားမှုအဆင့်များတွင် ဖော့စ်စဖောရပ်စ်သည် အစေ့ ဖွံ့ဖြိုးမှုကို တိုးစေပြီး သီးနှံရင့်မှည့်မှုကို မြင့်စေသည်။

 

ပိုတက်စီယမ် (K)

ပိုတက်စီယမ်အာဟာရပေးခြင်းသည် တိရစ္ဆာန်စာပြောင်းဖူး၏ သဘာဝပရိုတိန်းပါဝင်မှုကို တိုးစေသည်။ ပိုတက်စီယမ်သည် တိရစ္ဆာန်စာ ပြောင်းဖူးစွမ်းအင်ကို တိုးစေကာ တိရစ္ဆာန်စာ ပြောင်းဖူး၏ ကစီဓာတ်ပါဝင်မှုကို တိုးစေကြောင်း သက်သေရှိပါသည်။

 

ဘိုရွန်

ဘိုရွန်သည် တိရစ္ဆာန်စာပြောင်းဖူး၏ အထွက်နှင့် ကစီဓါတ်ပါဝင်မှုကို တိုးစေကြောင်း သက်သေ ရှိပါသည်။ အရွက်အဖုံးသိသာသော V5 သို့မဟုတ် V6 အဆင့်တွင် ရွက်ဖျန်းအဖြစ် အသုံးပြုခြင်းသည် အာဟာရဓါတ်ချို့တဲ့သော သီးနှံများရှိ တိရစ္ဆာန်စာပြောင်းဖူး အထွက်ကို တိုးစေမည်ဖြစ်သည်။

ဇင့်

ဇင့်သည် ကာဘိုဟိုက်ဒြိတ် ဇီဝကမ္မဖြစ်ပျက်ခြင်းနှင့် ပရိုတိန်းထုတ်လုပ်ခြင်းတွင် ပါဝင်သော အင်ဇိုင်းများ၏ မရှိမဖြစ်အရေးကြီးသော ပါဝင်ပစ္စည်းဖြစ်သည်။ ထို့ကြောင့် ဇင့်ထောက်ပံ့မှုနည်းခြင်း သည် ပြောင်းဖူးကြီးထွားမှုနှင့် ကစီဓါတ်ပါဝင်မှုကို လျော့နည်းစေသည်။

သင့်ရဲ့ပြောင်းဖူးသီးနှံမှာ အဟာရချို့တဲ့ခြင်း ရှိနေပါသလား

သင့်ရဲ့ သီးနှံမှာ အဟာရချို့တဲ့ခြင်း ရှိနေပါသလား။ အောက်ပါ ဇယားတွင် သီးနှံအဟာရချို့တဲ့ခြင်းများကို အလွယ်တကူ ရှာဖွေပါ။

N နိုက်ထရိုဂျင်
B ဘိုရွန်
Mn မဂ္ဂနီး
P ဖော့စဖောရပ်
Mg မဂ္ဂနီစီယမ်
Ca ကယ်လစီယမ်
K ပိုတက်ဆီယမ်
S ဆာလဖာ
Cu ကော့ပါး
Fe အိုင်းရွန်း(သံဓာတ်)
Zn ဇင့်

အားလုံးကို ကြည့်ရန်

မှန်ကန်သောအာဟာရစီမံခန့်ခွဲမှုက သင့် ပြောင်းဖူးသီးနှံများကို မည်သို့ အကျိုးသက်ရောက်နိုင်သလဲ

ပြောင်းဖူး သီးနှံအာဟာရဆောင်းပါး အားလုံးကို ကြည့်ရန်


ယာရာမြန်မာကို ဆက်သွယ်ရန်

ယာရာမြန်မာ လီမိတက်

အမှတ် ၁၃-၁၉၊ ဆူးလေစကွဲ အဆောက်အအုံ၊ ဆူးလေဘုရားလမ်း၊
ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့၊ မြန်မာ။

ဖုန်းနံပါတ် - ၀၁ ၉၂၅ ၅၁၉၅