ပြောင်းဖူးစေ့အရေအတွက်နှင့်အရွယ်အစားတိုးစေခြင်း
နိုက်ထရိုဂျင်၊ ဖော့စ်ဖရပ်စ်၊ ပိုတက်စီယမ်နှင့် ဘိုရွန်တို့သည် ပြောင်းအစေ့အံ တင်မှုနှင့် အရွယ်အစားကို အထူး အကျိုးသက်ရောက်စေပြီး ထိုမှတစ်ဆင့် ပြောင်းဖူးအထွက်ကို လွှမ်းမိုးသည်။
သီးနှံအာဟာရပေးခြင်း၊ ပြောင်းဖူးစေ့အရေအတွက်နှင့် အရွယ်အစား
နိုက်ထရိုဂျင်
နိုက်ထရိုဂျင်သည် အဓိကပရိုတိန်းအတုံးအခဲတည်ဆောက်ခြင်းထဲက တစ်ခုဖြစ်သော အပင် ကြီးထွားမှုအတွက် မရှိမဖြစ်အရေးကြီးသည်။ ပြောင်းဖူးစေ့တွင် အမြင့်ဆုံးအထွက်မှာ တစ်ဧကလျှင် နိုက်ထရိုဂျင် (N) နှုန်းထား 80-100 ကီလိုဂရမ်က လာသည်။ အပင်ကြီးထွားမှု အမြင့်ဆုံးရစေရန် နှုန်းထားများသည် လုံလောက်စွာမြင့်မားရန်လိုသည်။ နိုက်ထရိုဂျင်မရှိခြင်းသည် ပြောင်းဖူးစေ့ အရေအတွက်ကို နည်းစေခြင်းနှင့်အတူ တိုသော ပြောင်းဖူးကို ဖြစ်စေသည်။
ဖော့စ်ဖရပ်စ်
တစ်ဧကလျှင် P2O5 60.7 ကီလိုဂရမ် အထိ အသုံးပြုခြင်းသည် ဖော့စ်ဖရပ်ညွှန်းကိန်း (P) နိမ့်သော မြေများရှိ စမ်းသပ်ကွက်များအပေါ် ကောင်းမွန်သောအထွက်ကို ပေးသည်။ သို့ရာတွင် ဖော့စ်ဖရပ်စ် (P) ညွှန်းကိန်းအလွန်မြင့်သော မြေများပင်လျှင် မြင့်မားသောအထွက်ကိုရရှိရန် တစ်ဏကလျှင် P2O5 8.1 ကီလိုဂရမ် ကို စကျွေးရန်လိုသည်။
ပိုတက်စီယမ်
စမ်းသပ်ကွက်များက ပိုတက်စီယမ်နှုန်းထားအမြင့်များကို အသုံးပြုခြင်းသည် ကြီးမားသော တုံ့ပြန်မှုကို ပြသကြပါသည်။ နိုင်ငံအများစုရှိ တစ်နှစ်စာနှုန်းထားသည် တစ်ဟက်တာလျှင် K2O ၁၅၀ မှ ၂၅၀ ကီလိုဂရမ် အထိ ကွဲပြားသည်။ မြင့်မားသောအထွက်များအတွက် ပြောင်းဖူးသည် ပိုတက်စီယမ်နှင့် နိုက်ထရိုဂျင် ပမာဏအတူတူ လိုအပ်ပြီး နိုက်ထရိုဂျင် (N) အသုံးပြုမှုနည်းခြင်းသည် အပင်ကြီးထွားမှုကို အကန့်အသတ်ဖြစ်စေကာ ပိုတက်စီယမ် (K) စုပ်ယူမှုကို လျော့နည်းစေသည်။ ပိုတက်စီယမ်မရှိခြင်းသည် ပြောင်းဖူးထိပ်ဖျားရှိ ပြောင်းဖူးစေ့ အစေ့အဆန်တည်မှုကို မပြည့်မစုံ ဖြစ်စေနိုင်သည်။
ဘိုရွန်
ဘိုရွန်သည် ဆဲလ်ရှည်ထွက်ခြင်းနှင့် ဝတ်ဆံပြွန်ကြီးထွားမှုတွင် ပါဝင်သည်။ ထို့ကြောင့် ၎င်းသည် ပြောင်းဖူးစေ့အစေ့အဆန်တည်မှုအပေါ် တိုက်ရိုက် အကျိုးသက်ရောက်မှု ရှိသည်။ ဘိုရွန် မရှိခြင်းသည် ပြောင်းဖူးတွင် များစွာသော ပျောက်နေသည့် ပြောင်းဖူးအံများနှင့် ကြီးမားသော ပြောင်းဖူးစေ့အနည်းငယ်ပါကာ ပြောင်းဖူးစေ့ အစေ့အဆန်တည်ခြင်းကို အကန့်အသတ်ဖြစ်စေသည်။ ပင်စည် ရှည်ထွက်သည့်ကာလအတောအတွင်း (V5 မှ V7 အထိ) ရွက်ဖျန်း သို့မဟုတ် မြေကြီး ပေါ်သို့ မြေသြဇာ အသုံးပြုခြင်းသည် မြင့်မားသောပြောင်းဖူးစေ့အထွက်ကို ဖြစ်စေသည်။