fbpx

သီးနှံအာဟာရ ဖြေရှင်းနည်းများ

ပြောင်းဖူး

ပြောင်းဖူးစေ့အထွက် တိုးစေခြင်း

ပြောင်းဖူးစေ့အရေအတွက်နှင့် အရွယ်အစားကို လွှမ်းမိုးသော အဓိကအများလိုအာဟာရဓာတ် များနှင့်အတူ ပြောင်းဖူးစေ့အထွက်သည် မြောက်မြားစွာသော အနည်းလိုအာဟာရဓာတ်များ အပေါ် မှီခိုသည်။ ၎င်းတို့ကို အလွယ်တကူမရရှိနိုင်မှုသည် အပင်၏ကြီးထွားမှုဖြစ်စဉ်ကို အဟန့်အတား ဖြစ်စေမည်ဖြစ်သည်။

သီးနှံအာဟာရပေးခြင်းနှင့် ပြောင်းဖူးစေ့အထွက်

မဂ္ဂနီစီယမ် (Mg)

မဂ္ဂနီစီယမ်သည် အရွက် ၅ ရွက်ထွက်ချိန် (V5)အဆင့်ပတ်လည်မှ အစပြုကာ အာဟာရဓာတ်စုပ်ယူဆုံးနှင့်အတူ အပင်ကြီးထွားမှုအမြင့်ဆုံးကာလအတွင်း လိုအပ်သည်။ အာဟာရဓာတ် စုပ်ယူခြင်းသည် ရင့်မှည့်သည် အထိ ဆက်လက်ဖြစ်ပွားကာ အပင်ကြီးထွားမှုကို အထောက်အပံ့ဖြစ်စေရန် အပင်များကို မဂ္ဂနီစီယမ် ဖြည့်ဆည်းပေးမှုကို ဆက်တိုက်ပေးရန် လိုအပ်သည်။ မဂ္ဂနီစီယမ်ကို ခဏတာ ဖြည့်ဆည်း ပေးသောအခါ ပိုမိုကောင်းမွန်သော အပင်ကြီးထွားမှုနှင့် ပိုမိုမြင့်မားသော အထွက်များကို အထောက်အပံ့ဖြစ်စေမည်ဖြစ်သည်။


ဆာလ်ဖာနှင့် နိုက်ထရိုဂျင်

အောက်ပါစမ်းသပ်ကွက်များသည် ဆာလ်ဖာနှင့်နိုက်ထရိုဂျင်တို့၏ ပြောင်းဖူးစေ့အထွက် အပေါ် အကျိုးသက်ရောက်မှုများကို သက်သေပြထားသည်။



ကော့ပါး (Cu) 

ပြောင်းဖူးပင်များသည် ကော့ပါးအာဟာရချို့တဲ့မှုကို ခံနိုင်ရည်မရှိကြဘဲ အမြင့်ဆုံး လိုအပ် ချိန်သည် အပင်ကြီးထွားနေသောအဆင့် ကာလအတွင်းဖြစ်သည်။ အပင်များသည် အခြား အနည်းလို အာဟာရ ဓာတ်များနှင့် နှိုင်းယှဉ်ကြည့်ပါက ကော့ပါးပမာဏ အနည်းငယ်သာလိုပြီး ရိတ်သိမ်းသော သီးနှံထဲသို့ အနည်းငယ် ရွေ့လျားသွားကြသည်။


အိုင်းရွန်း (Fe)

ပြောင်းဖူးပင်များသည် အိုင်းရွန်းချို့တဲ့မှုကို အနည်းငယ်သာ ခံနိုင်ရည်မရှိခြင်းဖြစ်သည်။ အာဟာရဓာတ်ချို့တဲ့ပါက အထူးသဖြင့် အရွက်ကြီးထွားမှုနောက်ပိုင်းအဆင့်များနှင့် အစောပိုင်း အပင်ရှည်ထွက်သည့် အဆင့်တို့တွင် ရွက်ဖျန်းမြေသြဇာအဖြစ်အသုံးပြုခြင်းသည် ပြောင်းဖူး အထွက်ကို တိုးစေကြောင်း သက်သေပြပြီးဖြစ်သည်။


မဂ္ဂနီစ် (Mn)

မဂ္ဂနီစ်သည် အပင်ဖွံ့ဖြိုးမှုနှင့်ကြီးထွားမှုအပေါ် တိုက်ရိုက်အကျိုးသက်ရောက်မှု ရှိသည်။ ၎င်းသည် ကလိုရိုဖီးလ် (အစိမ်းရောင်ခြယ်ပစ္စည်း) ထုတ်လုပ်ရေးနှင့် အလင်းမှီစုအစာချက်လုပ်ခြင်းတို့တွင် ပါဝင်ပြီး ဇီဝကမ္မ ဖြစ်ပျက်ခြင်းနှင့် ပရိုတိန်းချက်လုပ်ခြင်းအပါအဝင် များစွာသော အပင်ကြီးထွားမှု လုပ်ငန်းစဉ်များတွင် အကူပစ္စည်းတစ်ခုအဖြစ် ပြုမူသည်။ မဂ္ဂနီစ်အများစုသည် အခြားအနည်းလိုအာဟာရဓာတ်များထက် အရွက်များနှင့်ပင်စည်များတွင် ပိုမိုစုမိကြသည်။ အထူးသဖြင့် အပင်ကြီးထွားမှုအဆင့်အတွင်း အာဟာရဓာတ် စုပ်ယူမှုသည် တဖြည်းဖြည်းချင်းဖြစ်သည်။ ပြောင်းဖူးစေ့အထွက်တိုးစေရန် ရွက်ဖျန်း မြေသြဇာ (သို့မဟုတ်) မြေပေါ်အသုံးပြု မြေသြဇာများ အသုံးပြုနိုင်သည်။

ဇင့် (Zn)

ဇင့်သည် စမ်းသပ်ကွက်အရေအတွက် အများဆုံးတွင် အမြင့်မားဆုံး အထွက်တုံ့ပြန်မှုကို ပေးသည်။ ဇင့်ကို မျိုးစေ့ထဲတွင် အသုံးပြုလိုက်သောအခါ ပြင်းထန်သော တုံ့ပြန်မှုကို မြင်ရခြင်းသည် အစောပိုင်း အမြစ်နှင့်အညွန့်ကြီးထွားမှုနှင့် နောက်ဆုံးတွင် အရွက်ထုတ်လုပ်မှုတိုးခြင်းအပေါ် ဇင့်၏ အကျိုးသက်ရောက်မှု အများကြီးကြောင့်ဖြစ်သည်။ သို့ရာတွင် မြင့်မားသောအထွက် တုံ့ပြန်မှုသည် အရွက်သို့ ရွက်ဖျန်းဇင့်မြေသြဇာအသုံးပြုသောအခါတွင်လည်း ဖြစ်လာသည်။

 

သင့်ရဲ့ပြောင်းဖူးသီးနှံမှာ အဟာရချို့တဲ့ခြင်း ရှိနေပါသလား

သင့်ရဲ့ သီးနှံမှာ အဟာရချို့တဲ့ခြင်း ရှိနေပါသလား။ အောက်ပါ ဇယားတွင် သီးနှံအဟာရချို့တဲ့ခြင်းများကို အလွယ်တကူ ရှာဖွေပါ။

N နိုက်ထရိုဂျင်
B ဘိုရွန်
Mn မဂ္ဂနီး
P ဖော့စဖောရပ်
Mg မဂ္ဂနီစီယမ်
Ca ကယ်လစီယမ်
K ပိုတက်ဆီယမ်
S ဆာလဖာ
Cu ကော့ပါး
Fe အိုင်းရွန်း(သံဓာတ်)
Zn ဇင့်

အားလုံးကို ကြည့်ရန်

မှန်ကန်သောအာဟာရစီမံခန့်ခွဲမှုက သင့် ပြောင်းဖူးသီးနှံများကို မည်သို့ အကျိုးသက်ရောက်နိုင်သလဲ

ပြောင်းဖူး သီးနှံအာဟာရဆောင်းပါး အားလုံးကို ကြည့်ရန်


ယာရာမြန်မာကို ဆက်သွယ်ရန်

ယာရာမြန်မာ လီမိတက်

အမှတ် ၁၃-၁၉၊ ဆူးလေစကွဲ အဆောက်အအုံ၊ ဆူးလေဘုရားလမ်း၊
ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့၊ မြန်မာ။

ဖုန်းနံပါတ် - ၀၁ ၉၂၅ ၅၁၉၅