fbpx

သီးနှံအာဟာရ ဖြေရှင်းနည်းများ

စပျစ်

စပျစ်ပင်ကျန်းမာရေးအပေါ် လွှမ်းမိုးမှု

အရေးပါသောအာဟာရတစ်ခုခုချို့တဲ့ပါက သီးနှံကြီးထွားမှုနဲ့ ဖွံ့ဖြိုးမှုကို နှောင့်နှေးစေနိုင်ပါတယ်။

အာဟာရပြည့်ဝနေတဲ့ စိုက်ခင်းတွေမှာ ယေဘုယျအားဖြင့် အာဟာရပြည့်ဝမှုနည်းသောစိုက်ခင်းမျာထက် ရောဂါခုခံနိုင်စွမ်းပိုမြင့်ကြပါတယ်။

 

 

စပျစ်ပင်ကျန်းမာရေး

 

သီးနှံအာဟာရနှင့်စပျစ်ပင်ကျန်းမာရေး

 

အများလိုအာဟာရဓာတ်များ

 

ဇီဝကမ္မဖြစ်စဉ်များတွင် နိုင်ထရိုဂျင်ပါဝင်မှုရှိပါတယ်။၎င်းသည်အသားဓာတ်များနှင့် ရောဂါခုခံနိုင်စွမ်းတွင် ပါဝင်သော ဇီဝကမ္မဓာတ်ပေါင်းများရဲ့အစိတ်အပိုင်းတစ်ခုပဲ ဖြစ်ပါတယ်။ နိုင်ထရိုဂျင်အာဟာရကို စီမံခြင်းအားဖြင့် ရောဂါထိန်းချုပ်ခြင်းသည် ယေဘုယျအားဖြင့်တိုက်ရိုက် မဟုတ်သော်လည်း ၎င်းသည်ထုတ်လုပ်မှုကိုအကျိုးရှိစွာတိုးပွားစေသော အရေးပါသည့်အဓိပ္ပာယ်ဖြစ်ပါတယ်။

ညီမျှ၍လုံလောက်သော ဖော့စဖောရပ် ဓာတ်ထောက်ပံ့ခြင်းသည် ပတ်ဝန်းကျင်မှသက်ရောက်မှုကိုလျှော့ချခြင်း၊ ဇီဝကမ္မဆိုင်ရာခုခံနိုင်မှုကို တိုးစေခြင်းနှင့်ရောဂါကျရောက်နိုင်မှုအန္တရာယ်များလျှော့ကျစေနိုင်ကြောင်း ကျယ်ကျယ်ပြန့်ပြန့်တင်ပြကြပါတယ်။

ပိုတက်ဆီယမ် သီးသန့်သို့မဟုတ်နိုင်ထရိုဂျင်၊ ဖော့‌စဖောရပ်နှင့် အခြားသောအာဟာရများ ပေါင်းစည်းထားခြင်းသည် အမျိုးမျိုးသောရောဂါကျရောက်မှုကိုအနည်းဆုံးအထိလျှော့ချပေးနိုင်ပါတယ်။

ပိုတက်ဆီယမ်သည် အမျိုးမျိုးသောဇီဝကမ္မဖြစ်စဉ်များတွင် အမျိုးမျိုးသောဇီဝဖြစ်စဉ်လမ်းကြောင်းများကို မှန်ကန်အောင်ပြုလုပ်သည့် ပစ္စည်းအနေဖြင့်ပါဝင်နေပါတယ်။

 

ကယ်လ်ဆီယမ်နှင့် မဂ္ဂနီဆီယမ် အပြန်အလှန်သက်ရောက်ခြင်း

ကယ်လ်ဆီယမ်သည် ဆဲလ်နံရံများ၏ဆန့်နိုင်ကျုံ့နိုင်သော သတ္တိကိုတိုးစေ၍ သက်ရှိဇီဝဖြစ်စဉ်နှင့် သက်ရှိဇီဝဖြစ်စဉ်မဟုတ်သော သက်ရောက်မှုများကို သီးပင်မှခံနိုင်ရည်တိုးစေရန် ထောက်ပံ့ပေးရာတွင်အရေးပါပါတယ်။

ကယ်လ်ဆီယမ် မြေသြဇာထည့်သွင်းခြင်းအားဖြင့် ရာသီကုန်၌အက်ကွဲခြင်း ပတ်ကွဲခြင်းများကို အနည်းဆုံးလျှော့ကျစေပါတယ်။

မဂ္ဂနီဆီယမ်သည် သီးနှံ၏ကျမ်းမာကြီးထွားမှုနဲ့ ဖွံ့ဖြိုးမှုကိုထောက်ပံ့ပေးပါတယ်။ ၎င်းသည် အပင်တစ်သျှူးဖွဲ့စည်းမှု၏အစိတ်ပိုင်းတစ်ခုဖြစ်ပြီး ဇီဝကမ္မလုပ်ဆောင်မှုများနှင့် ဇီဝဓာတုဖြစ်စဉ်များတွင်ပါဝင်ပါတယ်။

 

အနည်းလိုအာဟာရဓာတ်များ

 

သစ်သားအဖြစ်ပြောင်းလဲခြင်းနှင့် အချဉ်ဓာတ်နည်းသောဇီဝဒြပ်ပေါင်းဖြစ်စဉ်တွင် လက်ချားဓာတ် (Boron) ပါဝင်မှုသည် စိုက်ခင်းရဲ့ရောဂါများကို ခုခံနိုင်သောသီးနှံကာကွယ်ရေးယန္တရားတွင် ၎င်း၏အကျိုးသက်ရောက်မှုကို ဖော်ပြခြင်းပဲ ဖြစ်ပါတယ်။ ကော့ပါးသည် ရောဂါများကိုခုခံနိုင်သော သီးနှံကာကွယ်ရေးယန္တရားများလှုံ့ဆော်မှုရှိစေရန် လိုအပ်သောအင်ဇိုင်းစနစ်၏ပေါင်းဖတ်ပစ္စည်းတစ်ခုဖြစ်ပါတယ်။

အိုင်ယွန်း (သံဓါတ်) သည် အရေးပါသောဇီဝကမ္မဖြစ်စဉ်များဖြစ်သော အသက်ရှုခြင်း၊ ဒီအန်အေဒြပ်ပေါင်းထုတ်လုပ်ခြင်းနဲ့ အလင်းမှီစုအစာချက်လုပ်ခြင်းတွင်ပါဝင်ပါတယ်။ ၎င်းဖြစ်စဉ်များအားလုံးသည် သီးနှံရောဂါကာကွယ်ရေးစနစ်တွင် အဓိကနေရာမှပါဝင်ကြပါတယ်။ မန်းဂ္ဂနီးစ်သည်သီးနှံကာကွယ်ရေးယန္တရားအပေါ်တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်သော်လည်းကောင်း သက်ရောက်မှုရှိပါတယ်။

စားစပျစ်ကျန်းမာရေးအပေါ်ထုတ်ပြန်ချက်တစ်ခုစီတိုင်းတွင်ယာရာ၏အကြံပြုချက်များကိုရှာဖွေပါ။

 

သင့်ရဲ့ စပျစ်သီးနှံမှာ အဟာရချို့တဲ့ခြင်း ရှိနေပါသလား

သင့်ရဲ့ သီးနှံမှာ အဟာရချို့တဲ့ခြင်း ရှိနေပါသလား။ အောက်ပါ ဇယားတွင် သီးနှံအဟာရချို့တဲ့ခြင်းများကို အလွယ်တကူ ရှာဖွေပါ။

B ဘိုရွန်
Ca ကယ်လစီယမ်
Fe အိုင်ရွန်း (သံဓာတ်)
Mg မဂ္ဂနီစီယမ်
Mn မဂ္ဂနီး
N နိုက်ထရိုဂျင်
P ဖော့စဖောရပ်
K ပိုတက်ဆီယမ်
Zn ဇင့်

အားလုံးကို ကြည့်ရန်

မှန်ကန်သောအာဟာရစီမံခန့်ခွဲမှုက စပျစ် သီးနှံများကို မည်သို့ အကျိုးသက်ရောက်နိုင်သလဲ


ယာရာမြန်မာကို ဆက်သွယ်ရန်

ယာရာမြန်မာ လီမိတက်

အမှတ် ၁၃-၁၉၊ ဆူးလေစကွဲ အဆောက်အအုံ၊ ဆူးလေဘုရားလမ်း၊
ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့၊ မြန်မာ။

ဖုန်းနံပါတ် - ၀၁ ၉၂၅ ၅၁၉၅