fbpx

သီးနှံအာဟာရ ဖြေရှင်းနည်းများ

ငှက်ပျော

ငှက်ပျောသီးအမျိုးအစားများ

ငှက်ပျောသီးအမျိုးအစားများ ၁၀၀၀ကျော်ခန့်ရှိရာ ၎င်းတို့ကို မျိုးကွဲအုပ်စု ၅၀ဖြင့် ထပ်မံခွဲခြားနိုင်ပါသည်။

အဆိုပါမျိုးကွဲများသည် အစေ့မပါသောမျိုးသာမက အစေ့ပါသောမျိုးများလည်းဖြစ်ပြီးအရွယ်အစား၊ ပုံစံနှင့်အရောင်အသွေးကွဲပြားခြားနားသည့်အသီးများပါဝင်ပါသည်။ အချို့သောငှက်ပျောမျိုးများသည် ဥပမာအားဖြင့်၅၀စင်တီမီတာ အရှည်ရှိငှက်ပျောသီးများကိုပင် ထုတ်လုပ်နိုင်သည်။

   


အစေ့ပါသောငှက်ပျောမျိုး


Musa acuminate နှင့် Musa balbisianaအမည်ရှိငှက်ပျောရိုင်းမျိုးများ ဖြင့် မျိုးစပ်ထားသောစီးပွားဖြစ်ထုတ်လုပ်သည့်ငှက်ပျောမျိုးများဖြစ်ကြသည်။ မူလမျိုးရိုးဗီဇများအပေါ်မူတည်၍ acuminata ငှက်ပျောမျိုးကွဲအမည်များကိုနောက်ဆက်တွဲ-အေနှင့်သော်လည်းကောင်း၊ balbisianaငှက်ပျောမျိုးကွဲအမည်များကိုနောက်ဆက်တွဲ-B ဖင့်လည်းကောင်းဖေါ်ပြထားသည်။ စီးပွားဖြစ်စိုက်ပျိုးထုတ်လုပ်သည့် လတ်ဆတ်သောငှက်ပျောသီးအမျိုးအစားအများစုသည် ဗီဇပြုပြင်ထားသောမျိုးများဖြစ်ပြီးမူလမျိုးသည် Musa acuminate ဖြစ်ပါသည်။ သို့ဖြစ်ပါ၍Gros Michel, Cavendish’s and Williams တို့သည် AAA အမျိုးအစားများဖြစ်ကြသည်။သို့သော်လည်းချက်ပြုတ်စားသုံးနိုင်သောငှက်ပျောမျိုးအများစုသည်Musa acuminata နှင့် Musa balbisianaတို့ကို မျိုးစပ်ထားသည့်အတွက် AAB သို့မဟုတ် ABB အမျိုးအစားများဖြစ်ကြသည်။

 

အများစုစိုက်ပျိုးသည့်မျိုးများ


AAA အုပ်စု

 

ငှက်ပျော


သီးမွှေးငှက်ပျောသည် အပူပိုင်းဒေသမှ ပြည်ပသို့တင်ပို့မှုနှင့် သမပိုင်းဒေသတွင် ပြည်တွင်းကုန်သွယ်မှုတို့တွင် အလွန်အရေးပါသောအုပ်စုခွဲတစ်ခုဖြစ်ပါသည်။ အဆိုပါမျိုးကွဲနှင့်တစ်ထပ်တည်းတူညီသည့် မျိုးကွဲများအားပင်စည်၏အရွယ်အစားဖြင့် ခွဲခြားထားသည်။ Dwarf Cavendish ၏အပင်အမြင့်သည် ၁.၂ မှ ၂.၁ မီတာခန့်ရှိပြီးကျယ်ပြန့်သောဧရိယာတွင်စိုက်ပျိုးကြကာအချို့သောအသီးများသည် အရွယ်အစားအလွန်သေးငယ်သည်။ Giant Cavendish အမျိုးအစားဥပမာ- Grand Nain, and Robusta အမျိုးအစားတို့၏ အပင်အမြင့်သည် ၃ မီတာမှ ၅မီတာအထိရှိကြသည်။ ၎င်းတွင် AAA မျိုးကွဲများပါဝင်သည်။

  • ပြည်ပတင်ပို့မှုအများဆုံးငှက်ပျောမျိုးဖြစ်သောGros Michel မျိုးသည် အရောင်အသွေးကောင်းမွန်ပြီးရှည်သွယ်၍ အရသာကောင်းမွန်သည်။ သို့သော်လည်းမနားမားရောဂါကျရောက်နိုင်သည့်အတွက် ရောဂါဒဏ်ခံနိုင်သည့်မျိုးဖြင့် အစားထိုးစိုက်ပျိုးလေ့ရှိသည်။
  • လက်ချောင်းပုံသဏ္ဠာ(Lady Finger) မျိုးအပင်၏ အမြင့်သည် ၆မီတာမှ ၇.၅မီတာ အထိရှိပြီး အအေးဒဏ်ခံနိုင်ရည်ရှိသည့် အရည်အသွေးအထူးကောင်းမွန်သောအသီးပါရှိပါသည်။
  • Valery သည် Robusta နှင့်ဆင်တူပြီး Cavendishနှင့် တစ်ထပ်တည်းတူညီသည်။
  • Williamsသည် Giant Cavendish၏ မျိုးတူဖြစ်ပြီးမူလမျိုးအား သြစတြေးလျတွင် တွေ့ရှိရသည်။


AAB နှင့် ABB အုပ်စု

 


ချက်ပြုတ်စားသောက်၍ရသောငှက်ပျောမျိုး


M.balbisianaဗီဇလက္ခဏာများဖြင့်လွှမ်းမိုးထားသည့် ဤအုပ်စု၏မျိုးများသည် သန်မာထွားကျိုင်းကြပြီးပူပြင်းခြောက်သွေ့မှု ဒဏ်ကိုခံနိုင်ရည်ရှိကြသည်။ အသီးသည် အစိမ်းရောင်ရှိပြီးငွေမှင်ရောင်ပြောင်ချောလျက်ရှိသည်။ ထင်ရှားမှုအရှိဆုံးမျိုးကွဲများမှာBluggoe and PisangAwakတို့ဖြစ်ပြီးလက်တင်အမေရိကန်နိုင်ငံများဖြစ်ကြသည့်Dominico, Harton and Currareတို့တွင် အများဆုံးစိုက်ပျိုးသည်။

မှန်ကန်သောအာဟာရစီမံခန့်ခွဲမှုက ငှက်ပျော သီးနှံများကို မည်သို့ အကျိုးသက်ရောက်နိုင်သလဲ


ယာရာမြန်မာကို ဆက်သွယ်ရန်

ယာရာမြန်မာ လီမိတက်

အမှတ် ၁၃-၁၉၊ ဆူးလေစကွဲ အဆောက်အအုံ၊ ဆူးလေဘုရားလမ်း၊
ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့၊ မြန်မာ။

ဖုန်းနံပါတ် - ၀၁ ၉၂၅ ၅၁၉၅