fbpx

သီးနှံအာဟာရ ဖြေရှင်းနည်းများ

ငှက်ပျော

ငှက်ပျောတွင် မြေဆီလွှာနှင့်ရေလိုအပ်ချက်များ

အမြစ်၏အနက်သည် အမြစ်ဆင်းနိုင်သည်အထိ အစိုဓာတ်ရရှိပါက အမြစ်များဖြစ်ထွန်းကြီးထားနိုင်သည်။

အကောင်းဆုံးထုတ်လုပ်မှုများသည် အာဟာရဓာတ် နှင့် အစိုဓာတ်ပြည့်ဝပြီး ကောင်းမွန်စွာ ရေသွင်းရေထုတ်နိုင်သည့်နေရာနှင့် လေဝင်လေထွက်ကောင်းသောနေရာများမှ ရရှိသည်။ သို့ဖြစ်ပါ၍ ရွှံ့ဆန်လွးန်သောမြေနှင့် ယိုစိမ့်မှုအများဆုံးဖြစ်နိုင်သော သဲဆန်သည့်မြေများတွင် စိုက်ပျိုးခြင်းကိုရှောင်ရှားရမည်။ အမြစ်တည်ရှိသည့်နေရာသည် မြေဆီလွှာအခြေအနေနှင့် ရေမျက်နှာပြင်အမြင့်တို့အပေါ်တွင် မူတည်သည်။ ယေဘုယျအားဖြင့် သီးနှံများသည် ၅ မီတာမှ ၁၀မီတာအတွင်းတွင် အမြစ်ဖြစ်ပေါ်နိုင်သော်လည်းလက်တွေ့တွင် ကြီးထွားမှုကို အဟန့်အတားဖြစ်စေမည့် ရုပ်ပိုင်းဆိုင်ရာနှင့် ဓာတုပစ္စည်းတို့ကြောင့် မြေဆီလွှာအပေါ်ပိုင်း ၃၀စင်တီမီတာအတွင်းတွင် အမြစ်များ၏ ၈၅ရာခိုင်နှုန်း ဖြစ်ထွန်းလေ့ရှိသည်။

အမြစ်များသည် သာမန်အားဖြင့် ပင်စည်မှ ၁.၅မီတာခန့်အထိပျံ့နှံ့နိုင်သော်လည်းကောင်းမွန်သောအမြစ် အများစုသည် ပင်စည်မှ ၃၀စင်တီမီတာနှင့် ၆၀စင်တီမီတာကြားတွင်တည်ရှိသည်။ ဓာတ်မြေသြဇာများ စုပ်ယူမှုအများဆုံးဖြစ်စေရန်အတွက် အဆိုပါကျဉ်းမြောင်းသည့်ဇုံအတွင်းသို့ တိုက်ရိုက်ရောက်ရှိရန်လိုအပ်သည်။


ငှက်ပျောသည် ရေလိုအပ်ချက်များပြီးကြီးထွားမှုကောင်းမွန်စေရေးအတွက် ရက်သတ္တတစ်ပတ်အတွင်းတွင် အနည်းဆုံး၂၅ မီလီမီတာလိုအပ်သည်။ အပူပိုင်းဇုံများတွင် ရေလိုအပ်မှုသည် ရိတ်သိမ်းချိန်ရောက်ရှိရန် ၁၀လအတွင်းတွင် ၉၀၀မီလီမီတာမှ ၁၈၀၀မီလီမီတာခန့် ရှိသည်။

မြေချဉ်/ငံဓာတ်နှင့်အထွက်နှုန်း


ငှက်ပျော-Guinea မြေချဉ်/ငံဓာတ်(pH) အထွက်နှုန်း(တစ်ဟက်တာလျှင်တန်ချိန်ပေါင်း) ၄.၅-၅.၀ (၁၆.၉ )တန် ၅.ဝ-၅.၅ (၂၅.၇ )တန် ၅.၅-၆.၀ (၃၀.၇)တန်

ကိုးကားချက်-Oschatz– 1962

မြေချဉ်/ငံဓာတ်သတ်မှတ်ချက်အတိုင်းမဖြစ်နိုင်ပါက သွင်းရေသည် မရှိမဖြစ်လိုအပ်သည်။ စိုက်ပျိုးထုတ်လုပ်သူအနေဖြင့် အပူချိန်မြင့်မားသည့်အခြေအနေများတွင် ရေငွေ့ပျံမှုမြင့်မားနိုင်ကြောင်းကို ထည့်သွင်းစဉ်းစားထားရမည်။ အလားတူပင် အလွန်စိုစွတ်သောဒေသများအထူးသဖြင့် နှစ်စဉ်မိုးရွာသွန်းမှုသည် ၂၅၀၀ မီလီမီတာအထက်ရှိသောနေရာများတွင် ကောင်းမွန်စွာရေထုတ်နိုင်ရေးသည်လည်း အရေးကြီးသည်။ မြေဆီလွှာသည် ၂၄နာရီမှ ၄၈နာရီလုံးရေများဖြင့်ပြည့်နေပါက(အောက်ဆီဂျင်ပြတ်သောအနေအထား) အမြစ်များသေနိုင်သည့်အတွက် အထွက်နှုန်းကိုသိသာစွာကျဆင်းစေမည်ဖြစ်ပါသည်။

အလူမီနီယမ်အဆိပ်အတောက်ကြောင့် ရေနှင့်အာဟာရစုပ်ယူမှုကို လျော့နည်းစေခြင်း

မြေချဉ်/ငံဓာတ်(pH)၏ အကောင်းဆုံးအခြေနေသည် ၆.၀ မှ ၆.၅ အတွင်းတွင်ရှိသော်လည်း သီးနှံများ၏ အထွက်နှုန်းတုံ့ပြန်မှုမတူညီမှုများနှင့်အတူချဉ်ငံဓာတ် ၄.၅နှင့် ၈ အကြားတွင်ရှိသော မြေဆီလွှာများပေါ်တွင် စိုက်ပျိုးကြသည်။ မြေဆီလွှာချဉ်/ငံဓာတ်သည် အာဟာရရရှိနိုင်မှုအပေါ်တွင် တိုက်ရိုက်ထိရောက်မှုရှိသည်။ အလူမီနီယမ်အဆိပ်အတောက်၏ လက္ခဏာများကိုချဉ်/ငံဓာတ် ၅ အောက်တွင်တွေ့ရှိနိုင်ပြီးချဉ်/ငံဓာတ် ၄.၅အောက်တွင် ပိုမိုဆိုးရွားလာနိုင်သည်။ မြေဆီလွှာတွင် အလူမီနီယမ်သည်လွတ်လပ်စွာပျော်ဝင်နေမှုသည် ရေနှင့်အာဟာရဓာတ်များ စုပ်ယူမှုကိုထိခိုက်နိုင်သည်။ စမ်းသပ်ကွက်များအရ အာဟာရဖျော်ရည်များတွင် အလူမီနီယမ်ပျော်ဝင်မှု ၂.၂ ပီပီအမ် ပါဝင်ပြီးရက်ပေါင်း ၄၀ ကြာပြီးနောက် ရေစုပ်ယူမှုသည် ၅၀ရာခိုင်နှုန်းသာရှိကြောင်း သိရှိရသည်။ တစ်ချိန်တည်းမှာပင် ကယ်လ်စီယမ်၊ မဂ္ဂနီစီယမ်၊ ပိုတက်စီယမ်၊ ဖော့စဖရပ်နှင့် နိုက်ထရိုဂျင်စုပ်ယူမှုသည် ၅၀ ရာခိုင်နှုန်းခန့်လျော့နည်းကြောင်းတွေ့ရှိရသည်။


အဆိပ်ဖြစ်ပေါ်မှုကိုလျော့နည်းစေပြီး အာဟာရဓာတ်ရရှိမှုကို တိုးမြင့်စေရေးအတွက် ထုံးဓာတ်ကိုအပင်မစိုက်ပျိုးမီနှင့် ရာသီတစ်ခုလုံးတွင် အပေါ်ယံမျက်နှာပြင်ပေါ်သို့ပုံမှန်ထည့်သွင်းပေးရန် လိုအပ်ပါသည်။

အကာအကွယ်ပေးသည့်သီးနှံနှင့် ငှက်ပျောပင်များအားရေသွင်းခြင်း


အာရှနိုင်ငံများရှိရေသွင်းသည့်လမ်းကြောင်းများ


ငှက်ပျောတွင် ထုံးထည့်သွင်းခြင်းပင်စည်ပတ်လည်တွင်ထုံးထည့်သွင်းခြင်း


ငှက်ပျောတွင်ထုတ်ခြင်းသည်အရေးကြီးပါသည်။

မှန်ကန်သောအာဟာရစီမံခန့်ခွဲမှုက ငှက်ပျော သီးနှံများကို မည်သို့ အကျိုးသက်ရောက်နိုင်သလဲ


ယာရာမြန်မာကို ဆက်သွယ်ရန်

ယာရာမြန်မာ လီမိတက်

အမှတ် ၁၃-၁၉၊ ဆူးလေစကွဲ အဆောက်အအုံ၊ ဆူးလေဘုရားလမ်း၊
ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့၊ မြန်မာ။

ဖုန်းနံပါတ် - ၀၁ ၉၂၅ ၅၁၉၅