fbpx

သီးနှံအာဟာရ ဖြေရှင်းနည်းများ

ကော်ဖီ

လယ်ယာသီးနှံစိုက်ပျိုးရေးဆိုင်ရာ အခြေခံသဘောတရားများ

ကော်ဖီသည် မိုးသစ်တောများတွင် အပင်ငယ်မျိုးအဖြစ် ဆင်းကဲပြောင်းလဲ ပေါ်ပေါက်လာခြင်းဖြစ်ရာ ပူလွန်း၊ အေးလွန်းသော အပူချိန်များတွင် စိုက်ပျိုးရန် မသင့်တော်ပေ။

အကောင်းဆုံးအခြေအနေမှာမှာ အပူချိန် ၁၅ ဒီဂရီစင်တီဂရိတ်နှင့် ၂၅ ဒီဂရီစင်တီဂရိတ်အကြားဖြစ်ပြီး တောင်ကုန်းမြေမြင့် အပူပိုင်းဒေသများတွင် ပေါက်ရောက်ရှင်သန်နိုင်ပါတယ်။


အပူချိန် ၂၅ ဒီဂရီစင်တီဂရိတ် အထက်တွင် အပင်၏ အစာချက်လုပ်ခြင်း လုပ်ငန်းစဉ် (Photosynthesis)ကို ကြန့်ကြာစေပြီး အပူချိန် ၃၀ ဒီဂရီစင်တီဂရိတ်အထက်တွင် အပင်များကို ထိခိုက်နိုင်ပါတယ်။ အပူချိန် ၇ ဒီဂရီစင်တီဂရိတ်အောက်တွင် ကြီးထွားမှုကို အဟန့်အတား ဖြစ်စေပြီး အပူချိန် ၃ ဒီဂရီစင်တီဂရိတ်အောက်တွင် အပင်များကို ပြန်လည် ပြုစုပျိုးထောင်၍ မရေနိုင် လောက်အောင် ပျက်စီးသွားစေတတ်ပါတယ်။ ဆောင်းရာသီနှင့် နွေဦးရာသီ၏ မပြင်းထန်သော အပူချိန်များသည် ကော်ဖီသီး ရင့်မှည့်စေပြီး တစ်ချိန်တည်းတွင် ခူးဆွတ်မှုကို လွယ်ကူစေပါတယ်။


ကော်ဖီပင်သည် ယေဘုယျအားဖြင့် ခြောက်သွေ့သော ဆောင်းရာသီနှင့် နွေဦးရာသီတို့ပြီး စိုစွတ်သော နွေရာသီရှိသည့် အနေအထားကို နှစ်သက်ပါသည်။ ကော်ဖီပင် အပွင့်ပွင့်စေရန် ခြောက်သွေ့ကာလ နှစ်လအပြီး မိုးရွာရန် လိုပါသည်။ ကော်ဖီသီးများ အစေ့တည်နေစဉ်ကာလအတွင်း အထွက်နှုန်းမြင့်မားစေရန်အတွက် အစိုဓာတ်တစ်သမတ်တည်း ရှိနေရန် လိုအပ်ပါတယ်။ နှစ်စဉ်း မိုးရေချိန် ၁၀၀၀ မီလီမီတာအထက် လိုအပ်ပြီး ထိုပမာဏထက် နှစ်ဆ သို့မဟုတ် သုံးဆ ဆိုပါကလည်း ပိုမိုကောင်းမွန်ပါတယ်။

တစ်ရာသီတွင် အခိုင်တစ်ခိုင်လျှင် ကော်ဖီသီး ၁၂လုံး၊ အကိုင်းတစ်ကိုင်းလျှင် အခိုင် ၈ ခု ရှိနေသည်ဆိုပါက မြင့်မားသည့် ကော်ဖီအထွက်နှုန်းကို ရရှိပါတယ်။

အရာဘီကာမျိုး (Arabica )

အရာဘီကာမျိုး (Arabica) ကို သင့်တော်သည့် ရာသီဥတု ဇုန်နှစ်ခုဖြစ်သော သမပိုင်းနှင့် အီကွေတာဒေသများတွင် စိုက်ပျိုးကြပါတယ်။ သမပိုင်းဒေသများတွင် အရာဘီကာမျိုး (Arabica) ကို လတ္တီကျူ ၁၆ ဒီဂရီနှင့် ၂၄ ဒီဂရီ အကြား၊ အမြင့် ၅၅၀ မီတာနှင့် ၁၁၀၀ မီတာအကြားတွင် အကြီးအကျယ်စိုက်ပျိုးကြပါတယ်။ ဤဧရိယာများတွင် တစ်ရာသီတွင် အပင်ကြီးထွားပြီး နောက်ရာသီတွင် အသီးများ ရင့်မှည့်စေသည့် မိုးရာသီနှင့် နွေရာသီဟူ၍ သီးသီးသန့်သန့်ရှိကြပါသည်။


မက္ကဆီကိုနိုင်ငံ၊ ဂျမေကာနိုင်ငံ၊ ဘရာဇီးနိုင်ငံရှိ ဆာအိုပေါ်လိုနှင့် မီးနက်စ် ဂါးရိတ်စ်ပြည်နယ်များ၊ ဂွာတီမာလာနိုင်ငံနှင့် ဇင်ဘာဘွေနိုင်ငံတို့သည် အကောင်းဆုံး ဥပမာများ ဖြစ်ကြပါတယ်။ အီကွေတာဒေသများတွင် အရာဘီကာမျိုး (Arabica) ကို လတ္တီကျူ ၁၀ ဒီဂရီအောက်နှင့် အမြင့် ၁၁၀၀ - ၂၀၀၀ မီတာအထက်တို့တွင် စိုက်ပျိုးကြသည်။ ထိုဒေသများတွင် မကြာခဏ မိုးရွာခြင်းသည် အဆက်မပြတ်ပန်းပွင့်စေပြီး တစ်နှစ်လျှင် နှစ်ကြိမ်ခူးဆွတ်ရပါတယ်။ ဟင်းလင်းပြင်ထက် ဖန်တီးပြုပြင် ထားသော အခြောက်ခံခြင်း လိုအပ်ပါတယ်။ အီကွေတာဒေသရှိ ကော်ဖီထွက်သော နိုင်ငံများတွင် ကိုလံဘီယာနိုင်ငံ၊ ကော်စတာရီကာနိုင်ငံ၊ ကင်ညာနိုင်ငံနှင့် အီသီယိုပီးယား နိုင်ငံတို့ ပါဝင်ကြသည်။

 

ရိုဘပ်စ်တာမျိုး (Robusta)


ရိုဘပ်စ်တာမျိုး (Robusta) ကို မြေနိမ့်ပိုင်းများတွင် စိုက်ပျိုးသည်။ အီကွေတာ၏ တစ်ဖက်တစ်ချက် လတ္တီကျု့ ၁၀ ဒီဂရီအတွင်းရှိ ပင်လယ်ရေမျက်နှာပြင်မှသည် ၉၀၀ မီတာရှိသောသည့် နေရာတွင် စိုက်ပျိုးနိုင်သည်။ ရိုဘပ်စ်တာမျိုး (Robusta) သည် အရာဘီကာမျိုး (Arabica) ထက် ပိုမိုပူပြင်းသော ရာသီဥတုများကို ခံနိုင်ရည်ရှိပါတယ်။

သင့်ရဲ့ ကော်ဖီသီးနှံမှာ အဟာရချို့တဲ့ခြင်း ရှိနေပါသလား

သင့်ရဲ့ သီးနှံမှာ အဟာရချို့တဲ့ခြင်း ရှိနေပါသလား။ အောက်ပါ ဇယားတွင် သီးနှံအဟာရချို့တဲ့ခြင်းများကို အလွယ်တကူ ရှာဖွေပါ။

N နိုက်ထရိုဂျင်
B ဘိုရွန်
Cu ကော့ပါး
Fe အိုင်ရွန်း (သံဓာတ်)
Mn မဂ္ဂနီး
Mo မော်လီဒီနမ်
Zn ဇင့်
P ဖော့စဖောရပ်
Mg မဂ္ဂနီစီယမ်
Ca ကယ်လစီယမ်
K ပိုတက်ဆီယမ်
S ဆာလဖာ

အားလုံးကို ကြည့်ရန်

မှန်ကန်သောအာဟာရစီမံခန့်ခွဲမှုက ကော်ဖီ သီးနှံများကို မည်သို့ အကျိုးသက်ရောက်နိုင်သလဲ

ကော်ဖီ သီးနှံအာဟာရဆောင်းပါး အားလုံးကို ကြည့်ရန်


ယာရာမြန်မာကို ဆက်သွယ်ရန်

ယာရာမြန်မာ လီမိတက်

အမှတ် ၁၃-၁၉၊ ဆူးလေစကွဲ အဆောက်အအုံ၊ ဆူးလေဘုရားလမ်း၊
ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့၊ မြန်မာ။

ဖုန်းနံပါတ် - ၀၁ ၉၂၅ ၅၁၉၅