fbpx

သီးနှံအာဟာရ ဖြေရှင်းနည်းများ

စပျစ်

မြေသြဇာကျွေးသည့် နည်းလမ်းများ

မြေသြဇာကျွေးသည့် နည်းလမ်းများတွင် အဓိကအားဖြင့် ကျွေးသည့်ပမာဏနှင့် ကျွေးသည့်အချိန် တို့ပါဝင်ပါတယ်။

မြေသြဇာများ၏ အမျိုးမျိုးသော နှုန်းထား နှင့် မြေသြဇာအမျိုးအစား များကို သီးနှံကြီးထွားသည့် အဆင့် (အချိန်) တွင် သီးနှံ၏လိုအပ်ချက်အရ အမျိုးမျိုးသော နည်းလမ်းများကို အသုံးပြု၍ ကျွေးပေးရမှာပဲ ဖြစ်ပါတယ်။

လက်ဖြင့် မြေသြဇာကျွေးခြင်း 

မြေသြဇာအခြောက် ကျဲပက်ခြင်း - သည် မြေသြဇာကို တစ်ကွင်းလုံးဖြန့်၍ ကျဲပက်ခြင်း သို့မဟုတ် စပျစ်ပင်၏ အောက်ခြေတွင် ကွက်၍ကျဲပက်ခြင်းဖြစ်ပါတယ်။ မြေသြဇာအခြောက် ကျဲပက်ရာတွင် မြေဆီလွှာအဟန့်အတားရှိ၍ လိုအပ်သည့် အာဟာရကို အသုံးချနိုင်မှု နည်းပါးသောကြောင့် ပိုမိုမြင့်မားသောအာဟာရနှုန်းများဖြင့်အသုံးပြုရလေ့ရှိပါတယ်။

ရေနှင့်မြေသြဇာပေါင်းကျွေးခြင်း (Fertigation) - သည် အာဟာရများကို ရေပေးသွင်းစနစ်ဖြင့် အမြင့်မားဆုံး လိုအပ်သည့် အာဟာရကို အမြစ်ဇုန်အတွင်းသို့ တိုက်ရိုက် ပို့ပေးခြင်းပဲဖြစ်ပါတယ်။

အမြစ်အတွင်း အာဟာရကို ရေနှင့်မြေသြဇာပေါင်းသွင်းခြင်း (Fertigation) နည်းဖြင့် အာဟာရ ထည့်ပေးခြင်းသည် စပျစ်တစ်ပင်တိုင်းအတွက် တူညီသော အာဟာရကိုပေးစွမ်းနိုင်ပြီး၊ လိုအပ်သော အချိန်တွင် လုံလောက်သော အာဟာရ ပို့ပေးခြင်းအားခြင့် အာဟာရ စားသုံးမှု၊ ကြီးထွားမှု၊ အထွက်နှုန်းနှင့် အရည်အသွေးကို အမြင့်မားဆုံး ပေးစွမ်းနိုင်ပါတယ်။

 

 
ရေနှင့် မြေသြဇာပေါင်းသွင်းသည့်စနစ် အပြည့်အစုံ   ရိုးရှင်းသော ရေနှင့်မြေသြဇာပေါင်းသွင်းခြင်းစနစ်

 

 

ရွက်ဖျန်းအားဆေး - ကို တိကျသောအာဟာရပေးစွမ်းနိုင်မှုကို ကန့်သတ်ထားသော မြေများတွင် အာဟာရလိုအပ်ချက်ကို ချက်ချင်းပေးစွမ်းနိုင်ရန်အတွက် အသုံးပြုပါတယ်။ အနည်းလို အာဟာရဓာတ်များကို ယေဘုယျအားဖြင့် ဒီနည်းအတိုင်း ပက်ဖျန်းလေ့ရှိပါတယ်။ 

အသီးဖျန်းဆေး - ပိုတက်ဆီယမ်၊ ကယ်လ်ဆီယမ် နှင့် အနည်းလိုအာဟာရများကို အသီးစတင် ပြည့်သည့်အဆင့်မှ မဆွတ်ခူးမီ နှစ်ပတ် သုံးပတ်အလျှင်အထိအသီးဖွံ့ဖြိုးချိန်အတွင်း အသီးအရည်အသွေး အကောင်းဆုံးဖြစ်ရန်အတွက် အသီးပေါ်သို့ပက်ဖျန်းခြင်းပဲ ဖြစ်ပါတယ်။ ဥပမာ ကယ်လ်ဆီယမ်ကို အခိုင်ပေါ်သို့ပက်ဖျန်းသောအချိန်တွင် အသီးအားလုံးအပေါ် အပြည့်အဝ အကျိုးသက်ရောက်မှု ရှိစေရန် အရေးကြီးပါတယ်။ အခိုင်များကို အပင်၌ရှိစဉ် အာဟာရပျော်ရည်အတွင်းသို့ နှစ်သွင်းနိုင်ပါတယ်။

အောက်ဖော်ပြပါ ကြီးထွားမှု အဆင့်များသည် မြေသြဇာပက်ဖျန်းရန်အတွက် အရေးပါပါတယ်။ သီးကိုင်းကွဲချိန် (ထိတ်ဖျားတွင် အရွက်များ သီးခြား ဖြစ်သွားချိန်၊ သာမန်အားဖြင့် ကြီးထွားမှု စတင်ဖြစ်ပေါ်ချိန်) ၊ အပွင့်စောပွင့်ချိန် (ပထမဆုံး အပွင့်များပွင့်ချိန်) ၊ အသီးတင်ချိန် (အသီးများစတင်၍ ကြီးထွားချိန်၊ ကျည်ဆံလုံးလေးများအရွယ်) ၊ အသီးပြည့်ချိန် (အသီးအရွယ်စားကြီးချိန်) ၊ စတင်မှည့်ချိန် (မှည့်တော့မည့်အတွက် အသီးများ ပျော့သွားပြီး အရောင်ပြောင်းသွားချိန်) နှင့် အချိန်လွန်ဆွတ်ခူးချိန်တို့ဖြစ်သည်။

သင့်ရဲ့ စပျစ်သီးနှံမှာ အဟာရချို့တဲ့ခြင်း ရှိနေပါသလား

သင့်ရဲ့ သီးနှံမှာ အဟာရချို့တဲ့ခြင်း ရှိနေပါသလား။ အောက်ပါ ဇယားတွင် သီးနှံအဟာရချို့တဲ့ခြင်းများကို အလွယ်တကူ ရှာဖွေပါ။

B ဘိုရွန်
Ca ကယ်လစီယမ်
Fe အိုင်ရွန်း (သံဓာတ်)
Mg မဂ္ဂနီစီယမ်
Mn မဂ္ဂနီး
N နိုက်ထရိုဂျင်
P ဖော့စဖောရပ်
K ပိုတက်ဆီယမ်
Zn ဇင့်

အားလုံးကို ကြည့်ရန်

မှန်ကန်သောအာဟာရစီမံခန့်ခွဲမှုက စပျစ် သီးနှံများကို မည်သို့ အကျိုးသက်ရောက်နိုင်သလဲ


ယာရာမြန်မာကို ဆက်သွယ်ရန်

ယာရာမြန်မာ လီမိတက်

အမှတ် ၁၃-၁၉၊ ဆူးလေစကွဲ အဆောက်အအုံ၊ ဆူးလေဘုရားလမ်း၊
ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့၊ မြန်မာ။

ဖုန်းနံပါတ် - ၀၁ ၉၂၅ ၅၁၉၅