စားစပျစ် အထွက်တိုးစေခြင်း
အထွက်မြင့်မားစေခြင်းသည် အခိုင်အရေအတွက်နှင့် အသီးအရွယ်အစားကို ထိန်းချုပ်ခြင်းမှ ရရှိခြင်းပဲဖြစ်ပါတယ်။
ဧရိယာတစ်ခုတွင်း ထုတ်လုပ်မှုနှုန်း အမြင့်များဆုံးဖြစ်စေရန် စပျစ်သီးအရွယ်ရောက်ချိန် ညီညာမှုရှိစေရန် လိုအပ်ပါတယ်။ ရုပ်သတ္တိဆိုင်ရာ သို့မဟုတ် သီးနှံအာဟာရကို ကိုင်တွယ် စီမံခြင်းသည် စပျစ်အရွယ်အစား တူညီရန်နှင့် ဈေးကွက်လိုအပ်ချက်များနှင့် ကိုက်ညီစေရန် အရွယ်ရောက်ချိန် ကွဲပြားမှုမရှိခြင်းသည်လည်း အရေးကြီးပါတယ်။
သီးနှံအာဟာရနှင့် စားစပျစ်အထွက်နှုန်း
နိုင်ထရိုဂျင်နှင့် အထွက်နှုန်း
နိုက်ထရိုဂျင် သည် စားစပျစ်အထွက်နှုန်း ထိန်းချုပ်ရန်အတွက် အလွန်အရေးပါသော ဒြပ်စင်တစ်ခုဖြစ်ပါတယ်။ ၎င်းသည် အပင်သန်မာမှု၊ အရွက်ထွက်မြန်မှု၊ အခိုင်နှင့်အသီး အလေးချိန်စီးမှု စသည်တို့ကို ပေးစွမ်းနိုင်ပါတယ်။ သို့သော် နိုက်ထရိုဂျင် အများအပြား ထည့်သွင်းခြင်းဖြင့် ခူးဆွတ်ခါနီးအချိန်တွင် အရွယ်တက်မှု နှောင့်နှေးခြင်းနှင့် ရောဂါကျရောက်မှုနှုန်း မြင့်များသော အန္တရာယ်တွေကို ဖြစ်စေနိုင်ပါတယ်။
ပိုတက်ဆီယမ်နှင့် အထွက်နှုန်း
ပိုတက်ဆီယမ် သည် ပမာဏအများအပြားလိုအပ်ပြီး အထူးသဖြင့် အသီး ဖြည့်ချိန်၊ အချိုဓါတ်ပါဝင်မှုတူညီရန် ရာသီတစ်လျှောက်လုံးတွင် လိုအပ်ပါတယ်။ ချီလီနိုင်ငံ စမ်းသပ်ချက်အရ အလွန်မြင့်များသော ပိုတက်ဆီယမ် ပါဝင်မှုပမာဏ (တစ်ဟက်တာတွင် ပိုတက်ဓါတ်မြေသြဇာ ၆၀၀ ကီလိုဂရမ်) ဖျန်းထားသော စပျစ်ခင်းသည် မဖျန်းထားသော စပျစ်ခင်းထက် နှစ်ဆနီးပါး အထွက်နှုန်းတိုးစေခဲ့တာကို တွေ့ရှိခဲ့ရပါတယ်။
ကယ်လ်ဆီယမ် သည် သီးနှံဖွံ့ဖြိုးမှုစောခြင်းနှင့် ကျမ်းမာစွာ ကြီးထွားစေခြင်းအတွက် အရေးပါပြီး စပျစ်အထွက်မြင့်မားစေသည့်အထိ အရေးပါတယ်။
မဂ္ဂနီဆီယမ် သည် အလင်းမှီစု အစာချက်လုပ်ခြင်းကို ထိန်းသိမ်းရန်နှင့် အထွက်နှုန်းမြင့်မားရန်အတွက် အသားဓာတ်များ ပေါင်းစည်းရာ၌ လိုအပ်ပါတယ်။
အနည်းလိုအာဟာရဓာတ်များတွင် လက်ချားဓာတ်နှင့် ဇင့်ဓာတ်များသည် အသီးတင်ရန်နှင့်စပျစ်၏ နောက်ဆုံးအထွက်နှုန်း အတွက် အရေးကြီးဆုံးဖြစ်ပြီး အခြားသော အာဟာရဓာတ်များထက် ပိုများသော ပမာဏကို လိုအပ်ပါတယ်။
သံဓာတ်နှင့် ပမာဏအနည်းငယ်လျော့သည့် မန်ဂ္ဂးနစ်ဓာတ်တို့သည် အရွက်အထွက်စောစေပြီး အလင်းမှီစု အစာချက်လုပ်နိုင်ခြင်းဖြင့် အသီးဖွံ့ဖြိုးမှုနှင့် စပျစ်အထွက်နှုန်းကို ပိုမိုကောင်းမွန် တိုးတက်စေသည့်အတွက် အရေးကြီးကြပါတယ်။
စားစပျစ်အထွက်နှုန်း ထုတ်ပြန်ချက်တိုင်း၌ ယာရာမှအကြံပြုချက်များကို ရှာဖွေပါ။